Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Business Plan တစ်ခုကို ဘယ်လိုရေးရမလည်း?

1. Vision
2. Mission
3. Company
4. Customers
5. Channel
6. Competitors
7. Positioning map
8. External Business Environment Analysis
9. Internal Business Analysis
10. Strategy Formulation
11. Organizational Structure
12. Strategic implementation
13. Financial Projections
14. Action Plan
15. Contingency plan

=============
1. Vision အမြင်
=============
ကိုယ့်စီးပွားရေး လုပ်ငန်းဟာ နောက် ငါးနှစ်နေရင် သို. ဆယ်နှစ်နေရင် ရောက်မည့် အမြင်ကို စစဉ်းစားရပါမယ်။ ဥပမာ Microsoft ကို စတင်တည်ထောင်ခါစက Bill Gate ရဲ. Vision ဟာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။ ကွန်ပြူတာတိုင်းမှာ Microsoft Windows ရှိရမယ်။ အခုဆိုရင် Microsoft Vision အတိုင်း ဖြစ်လာတာ ကျွန်တော်တို.တွေ မငြင်းနိုင်ပါဘူး။
Vision တစ်ခုရေးတဲ.အခါ

✍️အနာဂတ် ငါးနှစ်နဲ. ဆယ်နှစ်ကြားကို အာရုံထားရမယ်။

✍️️ကြီးကြီးတွေးပါ။ အောင်မြင်မှုကို အာရုံစိုက်ထားပါ။

✍️️ပစ္စုပ္ဗန်မှာ ဖြစ်နေသကဲ.သို.ရေးပါ။ လိမ်.မယ်ဆိုတာမျိုးမရေးပါနဲ.။ ဥပမာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။

✍️️ရှင်းရှင်းလင်းလင်းဖြစ်အောင်ရေးပါ။

✍️️စိတ်ခံစားမှုပါ ဖြစ်နိုင်ရင်ထည်.ရေးပါ။

✍️️ဦးနှောက်တွင်ပုံဖော်ကြည်.ပါ။

✍️️ကိုယ်.ဝန်ထမ်းတွေကို ပြောပါ။

✍️️ကျွန်တော်တို. Vision ကို အကောင်ထည်ဖော်ဖို. လိုအပ်တဲ. resources တွေစုဆောင်းပါ။

===========
2. Mission
===========

စီးပွားရေးအများစုဟာ ကိုယ်.အတွက်ကိုယ်ကို အရင်ကြည်.ကြပါတယ်။ ဒါပေမယ်. လူအများစုဟာ တစ်ကိုယ်ကောင်းဆန်တဲ. စီးပွားရေးလုပ်ငန်းတွေ၊ တစ်ကိုယ်ကောင်းဆန်တဲ.သူတွေနဲ. မဆက်ဆံချင်ကြပါဘူး။ စီးပွားရေးလုပ်ငန်းရဲ. အဓိက ရည်ရွယ်ချက်က အမြတ်ဆိုတာမှန်ပေမယ်. ဖောက်သည်တွေကို အရင်မစဉ်းစားပေးရင် ရေရှည်အောင်မြင်ဖို.မလွယ်ပါဘူး။
Mission ဆိုတာကတော. သမိုင်းပေးတာဝန်ပါ။ Mission ကတော. ကိုယ်.အတွက်မဟုတ်ဘူး။ သူတပါးအတွက်ပါ။ ဥပမာ တစ်ခုပေးရရင် Google ရဲ. Mission က ကမ္ဘာပေါ်မှာ ရှိတဲ. သတင်းအချက်အလက်တွေစုစည်းပြီး လူတွေကို အခမဲ.ပေးချင်တာပါ။ နောက်ဥပမာ တစ်ခုက Alibaba ကို တည်ထောင်တဲ. Jack Ma ရဲ. Mission ကတော. စီးပွားရေး လုပ်ငန်းငယ်လေးတွေကို ကူညီပေးချင်တာပါ။
စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ရတာ မလွယ်ပါဘူး။ တခါတလေ မြတ်မယ်။ တခါတလေ ရှုံးမယ်။ ဒီလောကဓာတ်တွေကို ခံရတဲ.အခါ ငါ.ဖို.ဘဲ ကြည်.တာထက် ကိုယ်ဘာကြောင်.စီးပွားရေး လုပ်နေတယ်ဆိုတဲ. Mission လေးကို သိထားရင် အောင်မြင်ဖို. ပိုကျိန်သေပါတယ်။
Mission တစ်ခုကို ဘာတွေထည်.ရေးရမလည်း?

1. Mission ဆိုတာ Why ပါ။ ကိုယ်ဘာကြောင်.စီးပွားရေးလုပ်လည်းဆိုတဲ. ရည်ရွယ်ချက်။
2. ကိုယ်.ဖို.မဟုတ်။ ကိုယ်. customer သို. ပတ်ဝန်းကျင်အတွက်ပါ။
3. Company ရဲ. ရည်မှန်းချက်ပန်းတိုင်နဲ. မဟာဗျူဟာများဟာ Mission ကလာပါတယ်။
Vision Vs Mission
-Vision က ကိုယ်သွားချင်တဲ. လမ်းကြောင်းပါ။ ဥပမာ Y.E.C Learning Center သည် မြန်မာနိုင်ငံမှာ သင်ယူမှု နဲ.ပတ်သက်လာရင် တီထွင်ဆန်းသစ်မှု အရှိဆုံး သင်တန်းကြောင်းတစ်ခုဖြစ်ရမည်။ Mission က သူများအတွက်ပါ။ Transforming LIves Everyday. လူသားတွေရဲ.ဘဝကို တီထွင်ဆန်းသစ်တဲ. သင်ကြားမှုတွေနဲ. နေ.စဉ်ပြောင်းလည်းပေးသွားမှာဖြစ်ပါတယ်။

====================
3. Company (Core Values)
====================

Vision နဲ. Mission ပြီးသွားရင် Core Values လို.ခေါ်တဲ. Company အတွက် အရေးအကြီးဆုံး တန်ဖိုးထားမှုတွေကို သတ်မှတ်ပေးရပါတယ်။ ဥပမာ Buddhism မှာ ငါးပါးသီလ ဟာ အရေးကြီးဆုံးဖြစ်သလို Company တစ်ခု မှာ စောင့်ထိန်းရမည်. ကျင်.ဝတ်တွေ ကို သတ်မှတ်ရပါတယ်။ Japan တွေကတော့ Core Value အစား Credo လို့ခေါ်ပါတယ်။ ဥပမာ Customer Service မှာ စံထားကြတဲ. Zappos ရဲ.အောင်မြင်မှုဟာ Core Values ကြောင့်ဖြစ်တယ်လို့ပြောကြပါတယ်။ မြန်မာပြည်ဖွား အမေရိကားမှာ President Obama ပေးခဲ့တဲ့ စွန်.ဦးတီထွင်ဆုရခဲ့တဲ့ ကို Philip Maung ကလည်း သူ. Company ကို အောင်မြင်စေတဲ့ထဲမှာ Core Values ဟာ အရေးကြီးဆုံးထဲပါဝင်တယ်လို့ဆိုပါတယ်။ ကို Philip Maung ဟာ $13 မှ ဒေါ်လာ သန်း 50 ကျော် Business တစ်ခုဖြစ်တဲ. Hisso Sushi ကိုတည်ထောင်နိုင်ခဲ့ပါတယ်။

အောက်ပါ အချက်များကတော့ Core Values နဲ့ ပတ်သက်လို. ဦး Philip Maung ရဲ. Talk မှ ကောက်နှုတ်ထားတာဖြစ်ပါတယ်။

” ကုမ္ပဏီ နှစ်မျိုးရှိပါတယ်… ကောင်းတဲ့ကုမ္ပဏီနဲ့ ကြီးကျယ်မြင့်မြတ်သော ကုမ္ပဏီပေါ့…။ ကောင်းတာက ၀င်ငွေတိုးတက်မှုရှိနေပြီး အမြတ်အစွန်းများများရနေတဲ့ ကုမ္ပဏီပေါ့”
” နောက်တစ်ခုက ကြီးကျယ်မြင့်မြတ်သောကုမ္ပဏီ သူကျတော့ ငွေကြေးတစ်ခုတည်းတင် မကတော့ပါဘူး.. ၀န်ထမ်းတွေရဲ့ဘဝနဲ့ ကုမ္ပဏီယဉ်ကျေးမှုတွေပါ ပါ၀င်လာပါတယ် “
ဟုဆိုသည်။�•••

#ကုမ္ပဏီရဲ့_CoreValue
ထိုအချိန်ကစပြီး သူ့ကုမ္ပဏီတွင် ကုမ္ပဏီယဉ်ကျေးမှုဖြစ်သော Core Value သတ်မှတ်ရန် စတင်ခဲ့သည်။ ထိုသို့ သတ်မှတ်ရန်အတွက် သူ့၀န်ထမ်းအားလုံးထံမှ ကုမ္ပဏီကို မည်သည့်ပုံစံ ဖြစ်ချင်သလဲ ဟုမေးခဲ့သည်။ ၀န်ထမ်းအားလုံးမှ အဆိုပြုသော အချက်ပေါင်း ၁၀၀ ကျော်ရရှိပြီး ထိုထဲမှ အားလုံးလုပ်ချင်သည့် ၁၁ ချက်ကို ကုမ္ပဏီ၏ Core Value အဖြစ်သတ်မှတ်ခဲ့သည်။
” Value ကို ဘယ်လိုတည်ဆောက်မလဲ Core Value တွေသတ်မှတ်တဲ့အခါမှာ All Inclusive ပါ၀င်ရမယ် ဆုံးဖြတ်တဲ့အခါမှာတော့ တစ်ယောက် နှစ်ယောက်ကပဲ ဆုံးဖြတ်ရတယ် ဆိုတာတော့ တော်တော်အသုံး၀င်တယ်”
ဟု ကိုဖိလစ်မောင်ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ မြန်မာရှေ့ဆောင်ဘဏ် မှ ဒုတိယ အုပ်ချုပ်မူ့ဒါရိုက်တာ ဦးကျော်စိုးမင်းကဆိုသည်။
သတ်မှတ်ခဲ့သော အချက် ၁၁ ချက်ကို သူအပါအ၀င် အားလုံးက လိုက်နာကျင့်သုံးရန် သတ်မှတ်ခဲ့ကြသည်။ သူ့ကုမ္ပဏီအတွက် သတ်မှတ်ထားသော Core Value နံပတ် ၁ မှာ Service High-Speed and High-Teach ဖြစ်သည်။

နံပါတ် ၁ Core Value နှင့်ပတ်သက်၍ အခုလိုရှင်းပြခဲ့သည်။

” စားသုံးသူတွေကို အဓိကထား ၀န်ဆောင်မူ့ပေးတယ်။ တစ်ခါက စားသုံးသူတစ်ယောက် ဆူရှီစားပြီး ၀မ်းသွားတယ်ပြောတယ်။ ဒါပေမယ့် သူအဲ့နေ့က အစားစုံတယ်ပြောတယ်။ ကျွန်တော်တို့ ဘာမှမမေးဘူး ချက်ချင်း ဆေးခန်းပြပေးတယ်၊ ကျွန်တော်တို့က ဆေးပို့ပေးတယ် နောက်ဆုံး အိမ်သာသုံးစက္ကူတောင် ပို့ပေးတယ်။ ပြီးတော့ ဒေါ်လာ 100 တန်ဘောင်ချာတောင် ပို့ပေးတယ်။ စျေးတွက်တွက်ရင်တော့ မကိုက်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ customers ကို အလေးထားတာ သိစေချင်တယ်”
ဟု ဦးဖိလစ်မောင်ကရှင်းပြခဲ့သည်။

နံပါတ် ၂ Core Value မှာ Inspire and Be Inspire ဖြစ်သည်။ အထက်အောက် ယုံကြည်မှုကို အလေးထား တည်ဆောက်ပေးထားခြင်း ဖြစ်သည်။
” အောက်ကို လုပ်ပိုင်ခွင့်ပေးထားတယ်။ မှားချင်မှားပလေ့စေ။ ပြတ်သားတိကျဖို့လိုတယ်။ ခေါင်းဆောင်က တုန့်နှေးနေရင် အလုပ်မဖြစ်ဘူးလေ။ ယုံကြည်မှုရဖို့ဆိုတာက ခေါင်းဆောင်တွေကလည်း ငယ်သားတွေနဲ့အတူတူ အလုပ်လုပ်ပြီး ယုံကြည်မှုကို ယူမှရမှာ”
ဟု ဦးဖိလစ်မောင်ကရှင်းပြခဲ့သည်။

နံပါတ် ၃ Core Value မှာ Open and Honest Communication ဖြစ်သည်။
“အစပိုင်း ၁၀ နှစ်လောက်က ကျွန်တော်ကရုံးခန်းထဲမှာပဲ ထိုင်နေခဲ့တာ။ ဘယ်သူမှ တံခါးလာမခေါက်ရဲဘူး။ ဒီတော့ သူတို့ဆီက အတွေးအမြင်အသစ်တွေ မရလာဘူး။ နောက် ကျွန်တော်ရုံးခန်းကို အပြင်ထုတ်လိုက်တယ်။ သူတို့နဲ့အတူတူလုပ်တယ်။ အစပိုင်းက အဆင်မပြေဖြစ်ပေမယ့် နောက်ပိုင်းရင်းနှီးလာတာနဲ့ အမျှအဆင်ပြေလာတယ်။ သူတို့ဆီက အကြံဉာဏ်တွေ ရလာတယ်။ ဒါလည်းကောင်းတဲ့အချက်ပဲ”
အခြားသောအချက်များမှာ ကိုယ်လာတဲ့ ပတ်၀န်းကျင်ကို မမေ့ရန်၊ ၀န်ထမ်းတွေကို အလုပ်လုပ်ရင်း ပရဟိတမျှဝေဖို့ပါ သင်ပေးခြင်း၊ ပြသာတစ်ခုခုဖြစ်လာပါက လွဲမချပဲ အားလုံးတိုင်ပင်ပြီး ဖြေရှင်းခြင်း နှင့် အလုပ်လုပ်ရင် Team work ကို အလေးထားစေခြင်း တို့ဖြစ်သည်။
“၀န်ထမ်းတွေကို မန်နေဂျာပုံစံမျိုး မဟုတ်ပဲနဲ့Leader ( ခေါင်းဆောင် ) ပုံစံအုပ်ချုပ်တာ ခိုင်းလို့လုပ်တာ မဟုတ်ဘူး ကိုယ်ကိုတိုင်က လုပ်ချင်လို့လုပ်တာမျိုးဖြစ်အောင် အုပ်ချုပ်တာ”
ဟု ဦးဖိလစ်မောင်၏ ဆွေးနွေးပွဲအား တက်ရောက်နားထောင်ခဲ့သူ မယမင်းခင် က သုံးသပ်သည်။

Company (Identity)

Core Values အပြင်စဉ်းစားရမည်.အရာနောက်တစ်ခုက ကိုယ့် Company က ဘာလုပ်ငန်းလုပ်ကိုင်မှာလည်း ဆိုတာ ဖြစ်ပါတယ်။ Identity အင်မတန်အရေးကြီးပါတယ်။ Apple လို.ပြောလိုက်တာနဲ. Consumer Electronics တွေ ထုတ်လုပ်တယ်ဆိုတာ သိပါတယ်။ Tony Robbins လို့ပြောလိုက်တာနဲ. Motivational Speaker ဆိုတာ သိပါတယ်။ အောင်သမာဓိလို.ပြောလိုက်တာနဲ. ရွှေနှင့်လက်ဝတ်ရတနာ ရောင်းဝယ်ရေးဆိုတာသိပါတယ်။ ဒါကြောင့် လုပ်ငန်းတစ်ခု စလုပ်တဲ.အခါ ကိုယ်. Company နဲ. လုပ်ငန်းနဲ. တွဲမှတ်မိဖို.အဓိက ကျပါတယ်။ Company အောင်မြင်မှ နောက်လုပ်ငန်းချဲ.ပါ။ ဥပမာ KBZ ဆိုရင် လူအားလုံးတွဲမြင်တာ Bank ပါ။ နောက်မှ အာမခံလုပ်ငန်း၊ ဘိလပ်မြေ၊ လေကြောင်းလိုင်းချဲ.တာပါ။ ကိုယ့်ရဲ. Company ရဲ. Identity ကို သေချာသတ်မှတ်ဖို.အရေးကြီးပါတယ်။

===========
4. Customers
===========

မေးခွန်းသုံးခု နဲ. မေးနိုင်ပါတယ်။
တခါတလေ မေးခွန်းတွေက အဖြေဖြစ်တတ်ပါတယ်။ မေးခွန်းကောင်းတွေကနေ အဖြေကောင်းတွေရတတ်ပါတယ်။ ဒါတွေကတော. ကျွန်တော်မေးလေ့ရှိသော မေးခွန်းသုံးခုဖြစ်ပါတယ်။
-Who are your customers?
သင့် Customer တွေကဘယ်သူတွေလည်း?

လွယ်ပါတယ်။ ဒါပေမယ့် ပြောသလောက်မလွယ်ပါဘူး။ Coca Cola လိုမျိုး နှစ်ပေါင်းတစ်ရာကျော်ပြီး Company အတွက် Who are your customers? ဆိုရာမှာ လူကြီးကလေး လူတိုင်းဖြစ်နိုင်ပေမယ့် စျေးကွက်စဝင်မည်. Company တွေအတွက် Target ကို အများကြီးဖြန့်လို့မရပါဘူး။ စျေးကွက်စရာမှာ စစ်မျက်နှာပြင်တွေ အများကြီးဖွင့်ရင် ဟစ်တလာလိုဖြစ်တတ်ပါတယ်။ဥပမာ Y.E.C Learning Center ရဲ. Customers (Students) တွေရဲ. 90% ဟာ Working Professionals တွေဖြစ်ပါတယ်။ဒီတစ်ဆင်. (Target Market) အာင်မြင်မှ နောက်တစ်ဆင်. ဖြစ်တဲ. SAM (Served Available Market) နဲ့ TAM (Total Market) ကိုသွားသင့်ပါတယ်။
-ဘာကြောင့် ဒီ Product ကို ဝယ်ဖို့လိုတာလည်း ?

စီးပွားရေးလုပ်ငန်းမှာ Do or Die မဟုတ်ပါဘူး။ Differentiate or Die ပါ။ စီးပွားရေးလုပ်ငန်းတွေ ကျရှုံးရတဲ. နံပတ်တစ်တရားခံဟာ Me Too Products တွေကြောင့်ပါ။ ဒါကြောင်. နောက်တစ်ဆင့်ကတော့ဘာကြောင့် တခြား Business တွေဆီမှာ မဝယ်ဘဲ ကိုယ့်ဆီမှာ ဝယ်ရတာလည်းဆိုတဲ. မေးခွန်းကို မေးဖို.လိုပါတယ်။

Phyo Paing @ Derek

Share Your Idea!​