စနစ်တစ်ခုလို့ဆိုတဲ့အခါ
သူ့မှာ ရည်ရွည်ချက် purpose ရှိတယ်။
သူ့မှာ Interconnectedness ချိပ်ဆက်နေတဲ့
အပိုင်းတွေရှိတယ်။
သူ့မှာ Feedback loop တွေရှိတယ်။
ကျွန်တော့်ရဲ့ ဖြစ်တည်မှုအတွက်
အရေးအကြီးဆုံးက ပျော်ရွင်မှုပဲ။
ကိုယ့်ရဲ့ အကောင်းဆုံး version ကို
တည်ဆောက်နေနိုင်ရင် ပျော်တယ်။
လူသားတွေရဲ့ဘဝကို
ပညာရေးနဲ့ နည်းပညာနဲ့
ဖြည့်ဆည်းပေးနိုင်ရင် ပျော်တယ်။
စမ်းသပ်မှုတွေ ပြုလုပ်နေရရင်ပျော်တယ်။
လေ့လာသင်ယူမှုတွေ ပြုလုပ်နေရရင်ပျော်တယ်။
ဒါက Derek ဆိုတဲ့ စနစ်ဖြစ်တည်ရတဲ့
ရည်ရွယ်ချက်ပဲဖြစ်တယ်။
သူ့မှာ ချိပ်ဆက်နေတဲ့ interconnectedness
တွေထပ်ရှိတယ်။
စနစ်လို့ဆိုလိုက်တဲ့အခါ
ကျန်းမာရေး၊ အလုပ်အကိုင်၊ ငွေရေးကြေးရေး၊
အချစ်နဲ့ မိသားစုအရေး၊ ပေါင်းသင်းဆက်ဆံရေး
ဒါတွေအကုန် ချိပ်ဆက်နေတယ်။
တစ်ပိုင်းမှာ အဆင်မပြေရင်
ကျန်အပိုင်းတွေမှာလဲ ထိခိုက်မှုရှိတယ်။
ဒါကြောင့် subsystems တွေအကုန်လုံးကို
အလုပ်ဖြစ် လည်ပတ်နေအောင်
ဒီဇိုင်းလုပ်ထားဖို့ လိုတယ်။
နောက်တစ်ခုက Feedback loop ဖြစ်ပြီး
အလုပ်ဖြစ်တယ်၊ မဖြစ်ဘူးပေါ်မူတည်ပြီး
Systems ကိုအသိပေး သင်ယူစေတယ်။
ဥပမာ ကိုယ်က အလေးချိန်ထိန်းတဲ့သူဆို
ဘယ်အချိန်မှာ၊ ဘယ်လိုအစားအစာကို၊
ဘယ်လောက်များများ စားရင်
အလေးချိန်ဘယ်လောက် ဖြစ်သွားတယ်။
ဒီလိုစားဖို့ ဘယ်ပတ်ဝန်းကျင်အခြေအနေ၊
ဘယ်လို အကြောင်းအရာတွေကတွန်းအားပေးတယ်။
အရင်ဒါကို ဘယ်လို handle လုပ်ခဲ့သလဲ။
အစရှိတဲ့ သင်ယူမှုဖြစ်စဉ်ကတစ်ဆင့်
ကိုယ့်ရဲ့ စနစ်ကို update လုပ်သွားလို့ရတယ်။
ဒါကို Marshall Goldsmith က
Feedforward ဆိုတဲ့စကားနဲ့သုံးတယ်။
ဒီအချက်သုံးချက်ဟာ
ဘဝကို စနစ်တစ်ခုအနေနဲ့မြင်ပြီး
တည်ဆောက်ရေးဖြစ်စဉ်အတွက်
အလွန်အသုံးဝင်တယ်။
ကျွန်တော်ကတော့ နေ့တိုင်း
ကိုယ့်စနစ်ကို update လုပ်ဖို့
Journaling လုပ်တယ်။
ကိုယ့်ရဲ့ အတွေးကို ပြန်လည်သုံးသပ်တယ်။
မနေ့ကထက် ဒီနေ့
ပိုကောင်း၊ ပိုမြန်၊ ပိုအလုပ်ဖြစ်၊ ပိုပျော်၊
ပိုကျန်းမာ၊ ပိုတော်အောင်
ဘာတွေရှောင်ရမယ်၊ ဘာတွေဆောင်ရမယ်၊
ဘာတွေရပ်ရမယ်၊ ဘာတွေစရမယ်
သတ်မှတ်ချက်တွေ ပြန်လုပ်တယ်။
ဒါကတော့ ဘဝကို မြင်တဲ့
ကျွန်တော့်ရဲ့ Systems Thinking ပဲဖြစ်တယ်။
Phyo Paing @ Derek