Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

US မှာ နည်းပညာကုမ္ပဏီတစ်ခုလုပ်ရင်
တစ်ခုကို အာရုံစိုက်လုပ်ကြတယ်။

ဥပမာ Meta ဆို social media
Apple ဆို consumer tech
Amazon ဆို e-commerce.

တရုတ်မှာ နည်းပညာကုမ္ပဏီတစ်ခုက
အကုန်လုပ်တယ်။
Alibaba, Tencent, Baidu, Xiaomi
အကုန်ကြည့်ကြည့်။

တရုတ်သွားတဲ့ပုစံက
Ecosystem Development
ပုံစံနဲ့ သွားတယ်။
Phase တွေခွဲထားတယ်။
Tencent ဆို QQ နဲ့ စတယ်။
နောက် WeChat နဲ့ Gaming အပြင်
Payment အကုန်သွားပြီး
Super-app model သွားတယ်။

နောက်ပိုင်း အာရှနည်းပညာ
ကုမ္ပဏီအများစုကလဲ
ဒီ Super App ပုံစံကို ကူးတယ်။
Grab တို့၊ Indonesia မှာဆို
Gojek တို့။
Gojek ကတော့ massage ကစလို့
ဆရာဝန် appointment ပါ သွားလို့ရတယ်။

အာရှမှာတော့ unicorn အများဆုံး
ထွက်နိုင်တာ Indonesia ပဲ။
လူဦးရေ အရ GDP အရ။
ASEAN ဆိုတာ နာမည်သာခံထားတာ
language မတူတဲ့အတွက်
တရုတ်တို့လို ဖြစ်မှာမဟုတ်ဘူး။
India တောင် တရုတ်လို
လူ ၁.၄ billion အသုံးပြုနေတဲ့
standardized language မရှိဘူး။
ဒါကြောင့်လဲ demographic တွေကို
ငြိယူဖို့ မလွယ်ကူတာ။
Flipkart ကတော့ Walmart က ဝယ်သွားပြီ။

Shopify တို့လို Canada ဖက်က
tech နည်းပညာအများစုက
B2B ကို အသားပိုပေးတယ်။
နောက် Israel ဖက်က ကုမ္ပဏီအများစုက
နည်းပညာ ကုမ္ပဏီကြီးတွေကို
ပြန်ရောင်းဖို့ဖက်ကို သွားတာများတယ်။
ဥပမာ Viber, Siri
နောက် Wix, Elementor တို့လို
Business ပိုင်းကို သွားတဲ့
ကုမ္ပဏီတွေ။

Australia က စတဲ့ Canva တို့၊
Sweden က စခဲ့တဲ့ Sportify တို့
ဒါတွေကလဲ စိတ်ဝင်စားစရာပဲ။

စလုံးကတော့ အာရှမှာ
ဘာထွက်ထွက် ကောက်စားဖို့
အဆင်သင့်ပဲ။
ထိုင်ဝမ်ကတော့ အစိုးရရဲ့
မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တဲ့
TSMC ကလွဲလို့ တခြားပိုင်းမှာ
အများကြီးကျန်ခဲ့ပြီ။
တရုတ်ကလဲ ကောက်စားဖို့
ပြင်ဆင်ထားပြီးသားပဲ။
လူဦးရေ ၂၃ သန်းကျော်နဲ့
တရုတ်ပြည်မမရှိရင်
သူလဲ မလွယ်ဘူး။

စိတ်ဝင်စားဖို့ကောင်းတယ်။
ဒီမှာတော့ မီးပျက်နေဆဲပဲ။

Phyo Paing @ Derek

Share Your Idea!​