ကျွန်တော် အကြိုက်ဆုံး ကုမ္ပဏီထဲပါတာ
Xiaomi ပဲ။
သူ့ရဲ့ Management Team မှာ
CEO Lei Jun အစ ကျန်တဲ့သူတွေက
Microsoft, Google နဲ့ ကုမ္ပဏီကြီးတွေမှာ
အလုပ်လုပ်ခဲ့ဖူးတဲ့ သူတွေပဲ။
နောက်ပြီး သူ့ရဲ့ Business Model
တည်ဆောက်ပုံနဲ့ Ecosystem Development
လုပ်ပုံကလဲ တော်တော်လေးအကွက်ကျတယ်။
သူ့ရဲ့ ပထမဖုန်းမထွက်ခင် MIUI ဆိုပြီး
ဘယ်ဖုန်းမှာမဆိုတင်လို့ရတဲ့
ROM ထုတ်ပေးတယ်။
သောကြာနေ့တိုင်း လိုချင်တဲ့ feature ပြော
update လုပ်ပေးတယ်။
သူ့ရဲ့ slogan က အဲ့အချိန်က
Redefining Android တဲ့။
နောက်ပိုင်းသူ့ Go-To-Market
မဟာဗျူဟာက Online ကနေ
Batch Production လုပ်ပြီး
အချိန်ကိုက် Scarcity Marketing လုပ်
ရောင်းသွားတာ။
စျေးနှုန်းပိုင်းကို နည်းပြီး
Xiaomi ကိုယ်တိုင်ထုတ် software တွေကို
pre-install လုပ် customer acquisition cost ကို
လျော့ပြီး စျေးကွက်ဝေစုသဲ့ယူသွားတယ်။
နောက်ပိုင်း Store ဆိုင်တွေဖွင့်သလို
Mi Jia ဆိုတဲ့ startup တွေနဲ့
collaborate လုပ်တဲ့ ecosystem တည်ဆောက်တယ်။
ဒီကြားထဲ ပြဿနာတွေတော့ အများကြီး
Israel က နေထွင်တဲ့ wireless Bluetooth Click
$13 လောက်တန်ကို တရုတ်ငွေ 2 Yuan နဲ့ထုတ်တော့
တော်တော် လေးဝေဖန်ခံခဲ့ရတယ်။
သူ့ရဲ့ marketing မဟာဗျူဟာက
Apple နဲ့ နှိုင်းယှဉ်တာ၊
အဓိက ပစ်မှတ်ထားတဲ့ demographic အများစုက
Apple မသုံးနိုင်တဲ့ကျောင်းသား၊ လူငယ်၊
Working Professional ဒါပေမယ့် innovate လုပ်ချင်တယ်။
ဒီတော့ သူ့ slogan က innovation for everyone.
သူ့ကို အများစုက ဖုန်းကုမ္ပဏီလို့ထင်တယ်။
2013 ကတော့ MI ဆိုတာ Mobile Internet Company
လို့ Lei Jun ကပြောတယ်။
တချို့က အင်္ကျီ တွေ၊ plug ခေါင်းတွေထုတ်တဲ့
Lifestyle ကုမ္ပဏီလို့ထင်တယ်။
တကယ်တော့သူအဓိကစုနေတာ data
ကိုယ့်ရဲ့ ဝိတ်သူသိတယ်၊ လှုပ်ရှားမှုနှုန်း၊
aircon အသုံးပြုမှုနှုန်း၊ ကိုယ့်အိမ်က အပူချိန်၊
လေဓုဓာတ်ကအဆုံး သူသိနေတော့
ကိုယ်အသုံးပြုတိုင်း သူက data စုမိ
အနာဂတ် ဝင်ငွေတိုးတက်နေတယ်။
Tesla တို့လိုပေါ့ ကားမောင်းတိုင်း
သူ data စုမိတော့ တခြားသာမာန်
ကားကုမ္ပဏီထက် valuation ကောင်းတယ်။
ဆရာဦးကိုကိုအောင် ပြောသလို
အနာဂတ်ကို အနားဂတ်မှ လုပ်လို့မရဘူး။
Phyo Paing @ Derek