Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

experiment တွေကနေ
motivation တွေရလာတယ်။

ကိုယ့်ကို motivation ပေးတဲ့
စကားလုံးက ဘာများဖြစ်မလဲ။

၂၀၁၆ တုန်းက YouTube မှာ
video တစ်ခုတက်လာတယ်။
Landmark forum က Tedtalk မှာ
ပြောထားတဲ့ နာမည်သိပ်မကြီးတဲ့
video တစ်ခု။

အဲ့ဒီထဲမှာ သူကမေးခွန်းတစ်ခုမေးတယ်။
ခင်ဗျာငယ်ငယ်က ထမင်းမေ့ဟင်းမေ့နဲ့
အလုပ်ထဲ စျာန်ဝင်တဲ့အချိန်တစ်ခုက
ဘာများဖြစ်မလဲတဲ့။
ဒီကနေ dream source ကိုရှာလို့ရတယ်တဲ့။

ကိုယ်လဲ ကိုယ့်ကိုကိုယ်ပြန်မေးတော့
၇ တန်းမှာ စက်ဘီးမှာ ဒိုင်နမိုတပ်ပြီး
မီးသီးတွေကို spoke တိုင်မှာလှည်အောင်
စမ်းသပ်ပြီး ၇ ရက်တိတိ
အိမ်တွင်းအောင်းခဲ့တာ သတိရတယ်။
အဲ့တုန်းက အင်တာနက်ဆိုတာမရှိ
မေးရမည့်သူမရှိတော့ တော်တော်
ခေါင်းစားခဲ့ရတယ်။

အဲ့ကနေ ကိုယ့်ရဲ့ “dream source” ကို
ရှာတဲ့အခါ ”စမ်းသပ်မှု” ဆိုတဲ့
စကားလုံးကို သွားတွေ့တယ်။

ဒီ experiment လုပ်တယ်ဆိုတဲ့
စကားလုံးနဲ့ motivation ယူပြီး
အလုပ်တွေအကုန်လုပ်သွားတယ်။
ဥပမာ အလုပ်ထွက်ပြီး ကိုယ်တိုင်လုပ်ငန်း
စမ်းသပ်မှုလေးကို လုပ်မယ်။
လူရှေ့သူရှေ့မှာ စကားထွက်ပြောတဲ့
Experiment ကိုလုပ်မယ်။
ကိုယ့်ရဲ့ personal branding စလို့ရတဲ့
experiment တစ်ခုကိုလုပ်ကြည့်မယ်။

ဒီ experiment တွေကနေ
motivation တွေရလာတယ်။

မိတ်ဆွေရဲ့ dream source ကကော
ဘာများဖြစ်မလဲ။

Phyo Paing @ Derek

Share Your Idea!​