Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အပေါ်ယံ

Fitness အရင်တုံးက အပေါ်ယံကြည့်ပြီး
ဒီကောင်တွေ တော်တော်အားတယ်ကွာ
အလေးတုန်းကြီးတွေကို အချိန်ကုန်ခံပြီး
မနေရတယ်လို့။
six packs တို့ဘာတို့ ဘာလုပ်မလဲ။
အချိန်ကုန်လို့ဆိုတဲ့ အတွေးရှိခဲ့ဖူးတယ်။

တကယ်လေ့လာလေလေ သိလာလေလေက
fitness ဆိုတာ လှဖို့ aesthetics နဲ့ physique
အတွက်ပဲ လုပ်တာမဟုတ်ဘူး။
ရွေ့လျားနိုင်မှု၊ ပျော့ပြောင်းမှု၊ ခွန်အား၊
ဗလ၊ ကြံံ့ခိုင်မှု၊ သွက်လက်မှု ဒါတွေပါတယ်။

တစ်နေ့ YouTube ကြည့်နေရင်း
Chris Heria ရဲ့ video တစ်ခုတွေ့တယ်။
လွန်ခဲ့တဲ့ ကိုးလလောက်က။
ဒါနဲ့ fitness ကို စိတ်ဝင်စားပြီး
လေ့လာကြည့်တယ်။
Cross-fit တို့ functional fitness တို့၊
HIT တို့၊ traditional resistance training တို့၊
Calisthenics တို့ မျိုးစုံတွေ့တယ်။
ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတယ်။

ဒါနဲ့ Diet အကြောင်းတွေ လိုက်ဖတ်ကြည့်တော့
Atkins diet ကစလို့ low crab
Keto, high protein ဒီထဲမှာ အကွဲတွေ
အများကြီးရှိသေးသလို
intermittent fasting နဲ့တွဲလုပ်လို့ရတာတွေ
အများကြီး ပြန်တွေ့လာတယ်။

Productivity နဲ့ positive psychology
ပိုင်းမှာလဲ အလားတူပဲ။
အပေါ်ယံကြည့်တဲ့ သူတစ်ယောက်က
comfort zone ကထွက်၊
NLP ဆိုတာ pseudo-science တို့၊
Stoic philosophy က ဘာမှ
သိပ်ထူးခြားတာ မဟုတ်ပါဘူးတို့၊
Reiki ဆိုတာ အာပလာတို့
မော်တီဗေးဂျင်းတို့ ဘာတို့လာမယ်။
သေချာတယ် ဒီလိုလူတွေက
Maslow’s Hiearchy of Needs လောက်ပဲ
သိတဲ့သူတွေ။
motivation နဲ့ ပတ်သက်လာရင်။

ပြောချင်တာ ပညာရပ်တစ်ခုဆိုတာ
သေချာလေ့လာလေ ပိုသိလေလေ။
နင်တို့ Management က လေဘာညာ
ပြောနေပြီဆို သူ Management နဲ့ ပတ်သက်တဲ့
စာအုပ် ငါးအုပ်လောက်ကို
မဖတ်ဖူးတာ သေချာပြီ။
ဖတ်ဖူးရင်တောင် သေချာနားမလည်လောက်ဘူး။

ဘယ်ပညာရပ်မဆို အပေါ်ယံကြည့်လိုက်ရင်လွယ်တယ်။
ဒီ logo လေးဆွဲတာများ
နှစ်ခြစ်လောက် ခြစ်လိုက်ရတာများ
ဘာကြောင့် $1000 ပေးရတာလဲ။
ဒါလို အပေါ်ယံ လူတိုင်း design အကြောင်း
မသိခင်က စဉ်းစားဖူးကြလိမ့်မယ်။
သေချာလေ့လာကြည့်ရင် ဒါဖြစ်ဖို့
designer တွေ စဉ်းစားရတဲ့ process တွေက
မသေးလှဘူး။

ဘယ်ပညာရပ်မဆို
အပေါ်ယံကြည့်လိုက်ရင်လွယ်တယ်။
အပေါ်ယံကြည့်ပြီး ဝေဖန်လေကန်မှုလုပ်ရင်
နားလည်တဲ့သူတွေက ပြုံးပဲပြုံးမိနေလိမ့်မယ်။
ကိုယ်ပိန်းတာ လူသိလို့။

ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။
စဉ်းစားမိတာပါ။

Phyo Paing @ Derek

Share Your Idea!​