ကိုယ်နေချင်တဲ့ ဘဝနေထိုင်မှုပုံစံကို
ပုံဖော်ဖို့ ကိုယ်တိုင်လုပ်ငန်းလုပ်တယ်။
အမှန်တော့ မနက် ၉ ရုံးတက်
ည ၅ ရုံးဆင်း အဲ့လိုမလုပ်ချင်ကြဘူး။
Boss မျက်နှာကြည့်ပြီး စိတ်မညစ်ချင်ဘူး။
ဘောင်တွေကြားထဲမှာ မနေချင်ဘူး။
ကိုယ်ဝါသနာပါတဲ့လုပ်ငန်းကို လုပ်မယ်။
နေ့စဉ်ဖြတ်သန်းချင်တဲ့ ပုံစံအတိုင်း
နေချင်တဲ့နေရာမှာ နေလို့ရတဲ့ဘဝကို
တည်ဆောက်ချင်ကြတယ်။
ဒီအတွက် ကိုယ်ပိုင်လုပ်ငန်းတွေစတင်ကြတယ်။
ဒါကို lifestyle entrepreneur လို့ခေါ်တယ်။
ဒီလို lifestyle business တွေထဲမှာ
ကိုယ်ကျွမ်းကျင်တဲ့ပညာရပ်ကို
ပြန်လည်မျှဝေပေးတဲ့ expert business တွေပါတယ်။
Training, Coaching, Consultation တွေပါတယ်။
နောက်တစ်ခုက digital product ဖန်တီးတာတွေပါတယ်။
နောက်တစ်ခုက advisory role ယူပြီး
day-to-day activities ထဲမှာ ဝင်မပါတဲ့အလုပ်မျိုးပါတယ်။
နောက်တစ်ခုက ကိုယ့်ပြဿနာကိုဖြေရှင်းရင်း
ဖြစ်ပေါ်လာတဲ့ app တွေ၊ website တွေပါတယ်။
ဘယ်နေရာနေနေ အလုပ်လုပ်လို့ရတဲ့
location-independent business တွေပါတယ်။
ဒီ Lifestyle business တွေက
ဘဝကို တကယ်အနှစ်သာရရှိစေဖို့
ကူညီပေးတယ်။
Phyo Paing @ Derek