ငယ်ငယ်ရွှေနှင်းဆီပုဆိုး ၃၈၀
ခေတ်ကတည်းက စျေးထဲမှာကြီးတယ်။
မြင်းခေါင်းစွပ်ကျယ်ခေတ်ပေါ့။
စျေးထဲလူလာရင် “ဘာရှာသလဲ” ဆိုပြီး
ဘေးက ဆိုင်တွေနဲ့ လုခေါ်ရတယ်။
အမေက ကျောင်းဆရာမအလုပ်ထွက်
ဆိုင်စဖွင့် ကိုယ်ကလဲသားအကြီးဆုံးဆိုတော့
လေးတန်းကတည်းက စျေးထဲကြီးတယ်။
ဆိုင်ကယ်တွေ ကချင်ပြည်နယ်က
ဝင်တဲ့ခေတ်ဆိုတော့ အဲ့အချိန်
ဆိုင်ကယ်ကယ်ရီ ဂျယ်ခေါင်နဲ့
မန်းလေးဆင်းရင်ကို တစ်ရက်
တစ်သောင်းလောက်ရတဲ့ခေတ်ဆိုတော့
စျေးအရမ်းရောင်းကောင်းတဲ့
ဇော်ပိုင်ရဲ့ မင်းနဲ့မှ ချစ်တတ်ပြီပေါ့ခေတ်။
၆ တန်း၊ ၇ တန်းလောက်မှာ
စျေးထဲကြီးတော့ ပိုက်ဆံလေးရှာတတ်တော့
တရုတ်ကျောင်းတက်တဲ့အချိန်
ကျောင်းမသွားတော့ပဲ ကျောင်းဘေးမှာ
သူငယ်ချင်းနဲ့ အတူ ကြက်တိုက်လိုက်
ဖဲရိုက်လိုက်နဲ့ တော်တာ် ကျောင်းပြေးတတ်လာတယ်။
၈ တန်းမှာ အဒေါ်အိမ်ရောက်သွားတယ်။
၉ တန်း အဆောင်ရောက်သွားတယ်။
၁၀ တန်းပြီးထွက်လာတော့ စိတ်ဓာတ်က
နေ့တိုင်းကျနေတာ။
ငြိမ်းချမ်းမှုကို လိုက်ရှာဖို့
နည်းလမ်းမျိုးစုံလိုက်ရှာတယ်။
စာအုပ်တွေလဲ ဖတ်တယ်။
တော်တော် တိုင်ပတ်တယ်။
အဲ့အချိန်ရန်ကုန်ရောက်တော့
ဘတ်စကားခတွေ စျေးစတတ်တဲ့အချိန်။
အဲ့အချိန်မှာ New Thought Movement
အတွေးအခေါ်တစ်ခုနဲ့ ထိတွေ့ခွင့်ရတယ်။
မြန်မာလို ဘာသာပြန်ထားတဲ့ စာအုပ်
Creative Visualization တဲ့။
အဲ့မှာ စပြီး New Thought Movement နဲ့
Positive Pscychology အကြောင်း
စိတ်ဝင်စားပြီး explore လုပ်ဖြစ်တယ်။
ဆေးကျောင်းပထမနှစ်မှာ Zoology သင်တော့
Classical conditioning တို့၊
Operant conditioning တို့နဲ့ထိတွေ့ခွင့်ရှိလာပြီး
Self-help နယ်ပယ်ကို စလေ့လာမိတယ်။
ဒီနေ့ခေတ်မှာတော့ self-help ကို
တက်ကျမ်းလို့ခေါ်ပြီး ဟာသကြီးကိုဖြစ်လို့။
ဖြစ်လဲဖြစ်ချင်စရာပဲ။
ဒီနယ်ပယ်က ပြောနေကျဟာတွေကို
တင်ဆက်ပုံပြောင်းပြီး ပြန်ရေးထားသလို
ဖြစ်နေတတ်တယ်။
ဒါပေမယ့် ဒီ self-help နယ်ပယ်ကနေ
အတွေးအခေါ်ပညာရပ်တစ်ခုကို
သွားလေ့လာမိတယ်။
ဒီအတွေးအခေါ်က ကျွန်တော့်ဘဝ
တစ်ခုလုံးကို ပြောင်းလဲသွားစေတယ်။
ဒီအတွေးအခေါ်က လွန်ခဲ့တဲ့
နှစ်ပေါင်း ၂၀၀၀ လောက်ကဖြစ်တယ်။
Stoic Philosophy လို့ခေါ်တယ်။
Stoic Philosophy ဟာ တခြား
အတွေးအခေါ်ပညာနဲ့မတူတာက
ကိုယ်တိုင်ကျင့်သုံးလို့ရပြီး
Stoic Thinker ပေါင်းများစွာ
ရေးထားတဲ့ text တွေဖြစ်တယ်။
Stoic Philosophy က အရမ်းရှင်းတယ်။
လူတစ်ယောက်ရဲ့ဘဝမှာ အရေးအကြီးဆုံးက
ကိုယ့်ရဲ့ အကောင်းဆုံး Best Version
တည်ဆောက်ဖို့။
ဒီလိုတည်ဆောက်ရေးဖြစ်စဥ်မှာ
ဘာကိုထိန်းချုပ်လို့ရတယ်။
ဘာကိုထိန်းချုပ်လို့မရဘူးသိဖို့။
ထိန်းချုပ်လို့ရတာကိုပဲ အာရုံစိုက်ဖို့
သင်ကြားပေးတယ်။
သူ့မှာ တန်ဖိုးထားမှု 4 Cardinal Virtue ရှိတယ်။
ဥာဏ်ပညာ၊ တရားမျှတမှု၊
သဟဇာတဖြစ်ဖြစ် အလွန်းအကျူး
အစွန်းမရောက်ပဲနေတတ်ဖို့နဲ့
သတ္တိရှိဖို့ဖြစ်တယ်။
အဲ့ဒီမှာ planned suffering ဆိုတာပါတယ်။
ကိုယ်က ပြဿနာမကြုံခင် နေ့စဥ်
ကိုယ့်ကိုကိုယ် comfortable မဖြစ်တဲ့
အရာတွေ လုပ်ပြီး train လုပ်တာမျိုး။
ဥပမာ လူရှေ့သူရှေ့စကားမပြောရဲတာကို
ထွက်ပြောကြည့်တာမျိုး။
ကိုယ်ရုပ်ဆိုးတဲ့မျက်နှာကြီးနဲ့
video content ဖန်တီးပြီးတင်တာမျိုး (စတာဘာ)
နောက် ကိုယ့်ဘဝမှာ ဖြစ်နိုင်ခြေရှိတဲ့
အဆိုးဆုံးတွေကို စဥ်းစားပြီး
စိတ်ဓာတ်ရေးရာကြိုတင်ပြင်ဆင်ထားတာမျိုး။
ဒီ Stoic Philosophy ဟာ
လူအများစုကြိုက်လောက်မယ့်
Motivation ပိုင်း၊ Positive Thinking ပိုင်းမဟုတ်ဘူး။
သူက ဘဝကို ဓမ္မဓိဋ္ဌာန်ကျကျ
ပျော်ရင်လဲ လွတ်ပြီးအရမ်းမပျော်၊
စိတ်ညစ်ရင်လဲ ဘုံးဘုံးလဲ စိတ်မညစ်ပဲ
ဘဝကို ဘယ်လိုအခြေနေမဆို
အထာကျကျ ဖြတ်သန်းဖို့ ကူညီပေးတဲ့
အတွေးအခေါ်ပဲ။
ဘဝမှာ အရေးအကြီးဆုံးက
ကိုယ့်ရဲ့ best version တည်ဆောက်ဖို့ဖြစ်တယ်။
Phyo Paing @ Derek