ဒါကြောင့် စိတ်ခံစားမှု၊ ယုံကြည်မှုနဲ့
ဆုံးဖြတ်ချက်ချ လုပ်ဆောင်တတ်ကြတယ်။
ဒီ ပုံလေး share လို့ငွေဝင်မယ်ဆို
ယုံကြည်မှုပေါ့ဆိုတဲ့ စိတ်နဲ့ share တဲ့
လူ့အဖွဲ့အစည်းက တက်လာဖို့
အများကြီး ကြိုးစားကြရအုံးမယ်။
စဥ်းစားဆုံးဖြတ်ချက်ချတဲ့အခါ
ခွဲခြမ်းစိတ်ဖြာ စဥ်းစားတတ်ခြင်းက
စိတ်ခံစားမှု အခြေခံစဥ်းစားခြင်းထက်
တာသွားတယ်။
ဒီလို Analytical thinking ကို
convergent thinking လို့လဲခေါ်တယ်။
ပြဿနာတစ်ခုကို အစိတ်အပိုင်းတွေခွဲချပြီး
တစ်ခုခြင်းသုံးသပ် ယူဆချက်တွေထုတ်
အချက်အလက်တွေရယူပြီး
ဖြေရှင်းချက်တွေထုတ်တာကို
Analytical thinking လို့ခေါ်တယ်။
PHFAS ဆိုတဲ့ cycle ရှိတယ်။
Problem-> Hypothesis -> Fact -> Analysis -> Solution
တကယ်လို့ကိုယ်က အကြံပေးတစ်ယောက်ဆိုရင်
client ရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့
ပြဿနာကို တစ်စချင်းဆွဲထုတ်ဖို့လိုလာပြီ။
တခါတလေ ပြဿနာမဟုတ်တာကို
ပြဿနာ မထင်မိဖို့လိုတယ်။
ဒါကြောင့် ယူဆချက် hypothesis တွေကို
မှန်မမှန်ပြန်သုံးသပ် validate လုပ်ဖို့လိုတယ်။
ပြီးမှရှိထားတဲ့ အချက်လက်တွေနဲ့
သုံးသပ်မှုဖြစ်စဥ်ပြုလုပ်ပြီး အဖြေရှာတယ်။
နောက်စဥ်းစားနည်းတစ်ခုက
Creative thinking တီထွင်ဆန်းသစ်တဲ့
စဥ်းစားနည်းစနစ်ဖြစ်ပြီး
Analytical thinking နဲ့ ပြောင်းပြင်။
သူ့ကို ဖြန့်ကားစဥ်းစားတဲ့ စနစ်
divergent thinking နဲ့ သွားတယ်။
စိတ်ကူးယဥ်တာ၊ နည်းလမ်းအသစ်တွေရှာတာ၊
ဖြစ်နိုင်ခြေတွေစဥ်းစားတာ။
ဒီလို စဥ်းစားနိုင်ဖို့အတွက်
Direct Attention Thinking Tools (DATT) ဆိုပြီးရှိတယ်။
Edward DeBono တီထွင်ထားတာ။
နောက်တစ်နည်းကတော့ Synthetic Thinking
လို့ခေါ်တယ်။
သူကတော့ Analytical thinking က
တစ်စစီဖြုတ်ပြီး စဥ်းစားထားတာကို
ပြန်ပြီးချိပ်ဆက်ပြီး တစ်ခုနဲ့တစ်ခု
ချိပ်ဆက်ဘယ်လို အလုပ်လုပ်လဲ
ပြန်လည်စဥ်းစားနားလည်အောင်လုပ်တဲ့
ဖြစ်စဥ်ဖြစ်တယ်။
နောက်တစ်ခုကတော့ critical thinking
ဖြစ်ပြီး သူကတော့ opinion-based
အထင်အမြင်ပေါ်မူတည်ပြီးစဥ်းစားတယ်။
Socrates ကစလို့၊ Aristotle,
Immanuel Kant နဲ့ ဒီနေ့ခေတ်
Critical thinking ဆရာကြီးတွေဖြစ်တဲ့
Paul-Elder Critical Thinking Model ကို
တီထွင်ခဲ့တဲ့
Richard Paul and Linda Elder တို့ထိပဲ။
ဒီနေ့ခေတ် စာတမ်းပြုစုတဲ့အခါ
critical thinking ကိုအသုံးပြုသလို၊
ဆေးပညာမှာ အသုံးပြုတဲ့
evidence-based medicine တို့၊
နယူတန်ခေါင်းပေါ် ပန်းသီးကျတဲ့အခါ
ကမ္ဘာ့ဆွဲအားကို စဥ်းစားမိတာတို့ကို
အင်္ဂလိပ်လူမျိုး Francis Bacon က
အများကြီးလွမ်းမိုးမှုရှိတယ်။
Analytical thinking က
step-by-step တစ်ဆင့်ခြင်းသွားတယ်။
Analytical thinking မှာ
ယုတ္တိကျကျစဥ်းစားတဲ့စနစ်နဲ့
critical thinking အသုံးပြုတယ်။
Critical thinking ကတော့ judgement
ကောက်ချက်ချဖို့ စဥ်းစားတဲ့ စနစ်ဖြစ်တယ်။
ကိုယ်က မြန်မာပြည်ကနေ
ထိုင်းမှာ အခြေချဖို့စဥ်းစားတယ်ဆိုပါတော့။
ချသင့်မချသင့်စဥ်းစားတဲ့အခါ
Critical thinking စနစ်ထဲက
René Descartes တီထွင်ထားတဲ့
Cartesian Method ကိုအသုံးပြုလို့ရတယ်။
ငါထိုင်းမှာ အခြေချခဲ့ရင်
ဘာတွေရလာမလဲ။
ငါထိုင်းမှာ အခြေမချခဲ့ရင်
ဘာတွေရလာမလဲ။
ငါထိုင်းမှာ အခြေချခဲ့ရင်
ဘာတွေ မရတော့ဘူးလဲ။
ငါထိုင်းမှာ အခြေမချခဲ့ရင်
ဘာတွေမရတော့ဘူးလဲ။
ဒီလို လေးဆင့်နဲ့ စဥ်းစားတဲ့
Cartesian logics ကို NLP မှာလဲ
ယူသုံးတာတွေ့ရတယ်။
စဥ်းစားတဲ့ နည်းစနစ်တွေတော့
အများကြီးရှိတယ်။
စွန့်ဦးတီထွင်တွေအတွက်ဆို
Design Thinking တို့လို
product မထုတ်ခင် တစ်ဆင့်ခြင်း
စဥ်းစားတဲ့ စနစ်တွေရှိတယ်။
empathize – ကိုယ်ချင်းစာပြီးဖောက်သည်နေရာကစဥ်းစား
define – ဖောက်သည်ပြဿနာကို သေချာထူးဖော်သတ်မှတ်
ideate – ပြဿနာကိုဖြေရှင်းလို့ရတဲ့ လမ်းကြောင်းတွေကိုစဥ်းစား
prototype – ရှေ့ပြေးကနဦး ကုန်ပစ္စည်း၊ ဝန်ဆောင်မှုဖန်တီး startup မှာဆို MVP (Minimal Viable Product) လို့ခေါ်တယ်။ လျှစ်စစ်မီးလုံးမလုပ်နိုင်ခင်၊ မီးအိမ်၊ မီးအိမ်မလုပ်နိိုင်ခင် ဖယောင်းတိုင်ဖန်တီးတာမျိုး။ အဓိက ဖြေရှင်းချင်တာ အလင်းရောင်ရဖို့။
test – ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို စျေးကွက်က လက်ခံ၊ လက်မခံ စမ်းသပ်မှုလုပ်။ Traction ရ အားပေးရင် ရှေ့ဆက်၊ မရရင် ပြန်စဥ်းစား။ လိုအပ်ရင် pivot လုပ် လမ်းကြောင်းပြောင်း။
နောက်တစ်နည်းက Systems Thinking
လို့ခေါ်ပြီး စနစ်တစ်ခုလိုစဥ်းစားတာ။
ဆရာဝန်တစ်ယောက်က
ဗိုက်နာတယ်ဆိုလို့ ချက်ချင်း
ဗိုက်နာပျောက်ဆေးသွား ပေးလို့မရဘူး။
ဘယ်နားနာတာလဲ မေးပြီး စနစ်တစ်ခုနဲ့
တစ်ခု ချိပ်ဆက်မှုကို ကြည့်ရတယ်။
ဗိုက်နာတာဟာ အစားမှားလို့ဖြစ်နိုင်သလို၊
ဒဏ်ရာတစ်ခု ကြောင့်လဲဖြစ်နိုင်တယ်။
နောက် အူအတတ်ပေါက်လို့လဲဖြစ်နိုင်တယ်။
ဒီလို ခန္ဓာကိုယ်မှာရှိတဲ့ မတူညီတဲ့
စနစ်တွေရဲ့ ဆက်စပ်မှုတွေကိုစဥ်းစားပြီး
ဆုံးဖြတ်ချက်ချတာကို Systems Thinking လို့ခေါ်တယ်။
ဒီလို စနစ်တွေနဲ့ စဥ်းစားတတ်ဖို့
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက
Aristotle က genus နဲ့ species ဆိုပြီး
component အကန့်တွေ့ခွဲတဲ့
စဥ်းစားနည်းကို တီထွင်ခဲ့တယ်။
Car တစ်စီးဆိုပါတော့ ဒါက Genus
သူကတော့ ဘယ်လိုကားလဲ
ဓာတ်ဆီ၊ ဒီဇယ်၊ လျှပ်စစ်။
ဒီစနစ်ကြောင့် သတ္တဝါတွေ၊
တိရစ္ဆာန်တွေကို ခွဲခြားတဲ့
သိပ္ပံဗေဒက အများကြီးအကျိုးရှိခဲ့တယ်။
ဥပမာ လူသားဆို Homo
ကျွန်တော်တို့လက်ရှိလူတွေက Sapiens
အရင်က ကျွန်တော်တို့လို
လူသားတွေရှိခဲ့တယ်။
H. Sapiens မတိုင်ခင်က
H. neanderthalensis
H. heidelbergensis
H. erectus တို့ရှိခဲ့တယ်။
နောက်အရမ်းဖွင့်ဖြိုးလာရင်
ကျွန်တော်တို့ မျိုးရိုးလဲမျိုးတုန်းပြီး
Homo Deus တွေဖြစ်လာမယ်လို့
အစ္စရေးက ကမ္ဘာကျော် စာရေးဆရာ
ပါမောက္ခ Yuval Noah Harari ကဆိုတယ်။
ခေါင်းထဲကို implement တွေသွင်းပြီး
AI ခေတ်မှာ ဒါတွေက ဖြစ်မလာဘူး
ပြောလို့မရဘူး။
စဥ်းစားနည်းဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်။
နိစ္စဓူဝမှာ အသုံးပြုနေရတယ်။
မှန်ကန်တဲ့ ဆုံးဖြတ်မှုတွေချနိုင်ဖို့
ဘဝပိုပြီး ကောင်းလာဖို့
စဥ်းစားနည်းစနစ်ကို သေချာလေ့လာသင့်တယ်
အားတီ၊ အားမေတို့။
Phyo Paing @ Derek