Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မဟာဗျူဟာတစ်ခုချဖို့ဆိုတာ

၁။ အချိန်အခါကို ကြည့်ရတယ်။

၂။ ရှိထားတဲ့ အရင်းအမြစ်တွေကိုကြည့်ရသလို

၃။ ကစားပွဲရဲ့အခင်းအကျင်း
အခြေအနေတွေကိုကြည့်ရတယ်။

၄။ အခင်းအကျင်းထဲက
ကစားသူ player တွေနဲ့
သူတို့လိုချင်တာတွေကိုကြည့်ရတယ်။

၅။ ရွေ့လို့ရတဲ့ အကွက်တွေကို တွက်ချက်ရတယ်။

၆။ ကိုယ့်ရဲ့အားသာချက်နဲ့ အောင်မြင်နေကျ ကစားကွက်တွေနဲ့ ပြန်ချိန်ကြည့်ရတယ်။

၇။ ကိုယ်လိုချင်တဲ့ ရလဒ်ကို ပြန်ကြည့်ရတယ်။

၈။ ဘယ်အချိန်မှာ ဘာလုပ်ရမလဲ စိတ်ရှည်ရှည်နဲ့ တွက်ချက်ချိန်ဆရတယ်။

၉။ ပေးထားချက် ကစားပွဲအခင်းအကျင်းပြောင်းလိုက်တာနဲ့ တခြား player တွေ နှေးနေချိန် ဂိုးသွင်းပေတော့။ Survival of the fittest ပဲ။

တူညီတဲ့အပြေးလမ်းမှာ
မင်းနဲ့ငါ ဘယ်သူပိုမြန်အောင်ပြေးနိုင်လဲဆိုတာ
မဟာဗျူဟာ မဟုတ်ဘူး။
လည်ပတ်မှုထိရောက်မှုပြိုင်ဆိုင်ခြင်း
Operation effectiveness လို့ခေါ်တယ်။

၁၉၈၀ နှောင်းပိုင်းမှာ ဂျပန်တွေက
အရေအသွေးကောင်းအောင်လုပ်ပြီး
အီလက်ထရောနစ်နဲ့ ကားမှာနေရာရပြီး
ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွါးရေးဖြစ်
အမေရိကန်ကို စိန်ခေါ်တယ်။

အမေရိကားက စစ်တပ်မှာအသုံးပြုခဲ့တဲ့
Internet နဲ့ တစ်ကွက်ပြလိုက်တယ်။
Microsoft, AOL, Yahoo က စလို့
Google, Facebook, Apple, Amazon, PayPal
Consumer tech နဲ့ economy ကြီးတစ်ခု
ဖြစ်ပေါ်လာတယ်။

မတူညီတဲ့လမ်းနဲ့ ပြိုင်တာ
Choosing to run the different race ကို
မဟာဗျူဟာလို့ခေါ်တယ်။

စီးပွါးရေးလုပ်တဲ့အခါ ကိုယ့်မှာ
ပြိုင်ဖက်တွေရှိကို ရှိမှာပဲ။
ကိုယ့်ပြိုင်ဖက်တွေ မလိုက်နိုင်အောင်
ချန်ခဲ့ဖို့ မတူညီတဲ့လမ်းကြောင်းနဲ့ပြိုင်ပါ။

Phyo Paing @ Derek

Share Your Idea!​