ငယ်ငယ် မိခင်ဝမ်းဗိုက်ထဲမှာ
ကိုးလလောက်နေခဲ့ရပြီး
လောကကြီးထဲ ကန်ထုတ်ခံရတဲ့အခါ
အော်ငိုပြီး လောကကြီးထဲရောက်လာတယ်။
လူတွေ ကိုယ့်ကိုဆက်ဆံတဲ့ပုံကြည့်ပြီး
ဘယ်သူက အဖေ၊
ဘယ်သူက အမေ။
လူတွေကို သုံးသပ်ကြည့်ပြီး
လူတွေနဲ့အဆင်ပြေအောင်
ခံစားမှုတွေ၊ တန်ဖိုးထားမှုတွေ၊
ယုံကြည်မှုတွေ၊ အမူအရာတွေဖြစ်လာတယ်။
လူတိုင်းက မိခင်ဝမ်းဗိုက်ထဲက
ထွက်လာပြီးတဲ့နောက် သူ့ရဲ့အရင်းနှီးဆုံးလူရှိတယ်။
အဲ့ဒီသူဆီကနေ emotional home ကိုရှာတယ်။
ဒီ emotional home နဲ့ ဆက်သွယ်ဖို့
မဟာဗျူဟာလိုတယ်။
ဒီမဟာဗျူဟာကို love strategy
အချစ်ဗျူဟာလို့ခေါ်တယ်။
တချို့က အဖေကို ပိုချစ်တယ်။
တချို့က အမေကို ပိုချစ်တယ်။
တချို့က အဖိုး၊ အဖွား။
သူတို့ရဲ့အချစ်ကို ရဖို့ ကြိုးစားအားထုတ်မှုတွေ
ပြုလုပ်ရတယ်။
တချို့က အမေစကားနားထောင်ရတယ်။
တချို့က အမေ့အပေါ်နွဲ့ဆိုးဆိုးမှ
အမေ့ရဲ့ အာရုံစိုက်မှုရတယ်။
တချို့က ဆိုးသွမ်းပေတေမှ။
တချို့ က မိဘပြောတဲ့ တလွဲလုပ်မှ။
ဒီပေါ်မူတည်ပြီးတချို့က သမီးလိမ္မာ၊
သားလိမ္မာဖြစ်သွားတယ်။
တချို့သူတွေက လူမိုက်ဆိုတဲ့
ခေါင်းစဥ်နဲ့ ရှင်သန်တယ်။
သမီးရည်းစားထားတဲ့အခါလဲအလားတူပဲ
ကိုယ်အချစ်ဆုံး အဖေ၊ အမေနဲ့
ပုံစံတူတဲ့ emotional home ပေးနိုင်တဲ့
သူများကို အဓိကရှာတယ်။
တချို့က ကိုယ့်ကိုဘာဖြစ်ဖြစ်ချစ်တဲ့သူ။
တချို့က ကိုယ့်ကို စိန်ခေါ်တဲ့သူ။
တချို့က ကိုယ့်က ပြုစုပေးတဲ့သူ။
တချို့က ကိုယ့်ကို လှုံခြုံမှုပေးတဲ့သူ။
တချို့က ကိုယ်လုပ်ချင်ပြီး မလုပ်ရဲတဲ့
ပေါက်တတ်ကရ လုပ် လွတ်လပ်မှုကိုပေးတဲ့သူ။
တချို့က လူဆိုးလူလိမ်ကိုပဲကြိုက်တယ်။
သူ့ကို ပြုပြင်ပေးချင်တာ။
တချို့က လူလိမ်မာ။
တချို့က ဆိုးမှ။
ဟုတ်တယ်မလား အားတီ၊ အားမေတို့။
Phyo Paing @ Derek