Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

သမရိုးကျအတွေးအခေါ်နဲ့
အလုပ်မဖြစ်တဲ့ ရှေးရိုးစွဲသင်ကြားမှု

လောကမှာ ဒေါသအထွက်ဆုံးအချက်က
အဓိပ္ပာယ်မရှိ အလုပ်မဖြစ်တဲ့
အတွေးအခေါ်တွေကို လက်ဆင့်ကမ်းတာပဲ။

စာကိုနှေးနှေးဖတ်မှ မှတ်မိမယ်။
ဖြေးဖြေးနှေးနှေးဖတ်။
မြန်မြန်မဖတ်နဲ့။
ဒါမှ မှတ်မိမှာ။

မြန်မာလိုတွေး အင်္ဂလိပ်လိုရေး။​

ဒီပညာရပ်နဲ့ဘွဲ့ရထားတာ
ဒါနဲ့ အသက်မွေးဝမ်းကြောင်းမပြုရင်
နှမြောစရာကြီး။
အလကားဖြစ်သွားမယ်။​

တော်သေးလို့ စာများများဖတ်၊
ခရီးများများသွား၊
လူများများနဲ့တွေ့မိလို့။
ငါတို့ ပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့
အယူအဆတွေက စောက်တလွဲဆိုတာသိတာ။

စာနှေးနှေးဖတ်တိုင်း
နားလည်တဲ့နှုန်း၊ မှတ်မိတဲ့နှုန်းနဲ့ မဆိုင်ပါဘူး။
ကိုယ့်ဦးနှောက်က စာကို process ဖတ်နိုင်စွမ်း
နှေးနေတာပါ။
စာကိုတစ်လုံး၊ တစ်လုံးက တစ်ကြောင်း၊
တစ်ကြောင်းက တစ်ပိုက်၊
တစ်ပိုက်က တစ်မျက်နှာ
ဦးနှောက်ရဲ့ သတင်းအချက်ရယူနိုင်စွမ်း
မတူပါဘူး။
ဒါကိုလေ့ကျင့်ရပါတယ်။

ဒီလိုလေ့ကျင့်ဖို့ subvocalization လို့ခေါ်တဲ့
စာလုံးတိုင်းကို စိတ်ထဲက အသံလိုက်ထွက်တာကို
ရှောင်ဖို့ လေ့ကျင့်ရပါတယ်။
ဘာကြောင့်လဲဆိုတော့ ငယ်ငယ်က
“ညအခါ လသာသာ၊ ကစားမလား နားမလား”
ဒီလိုစာကြောင်းတွေကို လိုက်ဆိုပြီး
စိတ်ထဲက အသံထွက်ဖတ်တာအကျင့်ဖြစ်လာလို့ပါ။

နောက်တစ်ခုက
မြန်မာလိုတွေး၊ အင်္ဂလိပ်လိုရေး။
တရုတ်လိုပြောချင်ရင် တရုတ်လိုတွေးရပါတယ်။​
မြန်မာလိုပြောချင်ရင် မြန်မာလိုတွေးရပါတယ်။
အင်္ဂလိပ်ပြောချင်ရင် အင်္ဂလိပ်လိုတွေးရတယ်။

တွေးတဲ့ ဘာသာစကားမတူရင်တောင်
ကိုယ်ရည်ကိုယ်သွေးမတူပါဘူး။
Cognitive scientist သိပ္ပံပညာရှင်ဖြစ်တဲ့
Lera Boroditsky ရဲ့ သုတေသနအရ
မတူညီတဲ့ဘာသာစကားက
အတွေးကိုလွမ်းမိုးတယ်။
အတွေးက ကိုယ်ရည်ကိုယ်သွေးကိုလွမ်းမိုးတယ်။

ဒါကို international school မှာ
English စာကို ပထမ ဘာသာစကားအနေနဲ့
သင်တဲ့ကလေးနဲ့၊
တရုတ်စာကိုအဓိကသင်တဲ့ကလေးနဲ့
မြန်မာစကားကို ပထမဘာသာစကားအနေနဲ့
သင်တဲ့ကလေးတွေကို ကြည့်ရင်သိနိုင်တယ်။

နောက်တစ်ခုက ပညာရပ်တစ်ခုနဲ့
ဘွဲ့ရပြီး အသုံးမချတဲ့အတွက်
အလကားမဖြစ်သွားပါဘူး။
ဘာကြောင့်လဲဆိုတော့
ကိုယ်သင်တဲ့ပညာနဲ့ လုပ်စားတဲ့သူက
ရာခိုင်နှုန်းတစ်ခုပဲရှိလို့ပဲ။

ကမ္ဘာကျော်နည်းပညာရင်းနှီးမြုပ်နှံသူနဲ့
အတွေးအခေါ်ပိုင်းမှာ လွမ်းမိုးမှုရှိတဲ့
Facebook ရဲ့ early investor ဖြစ်တဲ့
Peter Thiel ဆိုလဲ ဥပဒေနဲ့ဘွဲ့ရတယ်။
နောက်ပိုင်း နည်းပညာလောကကို
ရောက်လာတဲ့အခါ သူများနဲ့မတူတဲ့
အမြင်တွေနဲ့ ထိပ်ဆုံးရောက်လာတယ်။

လူတွေက ရခဲ့တဲ့ဘွဲ့အတိုင်း
တစ်သက်လုံးအသက်မွေးဝမ်းကြောင်း
ပြုရမယ်လို့ထင်တတ်ကြတယ်။
သင်ခဲ့တဲ့ ပညာရပ်ကပေးလိုက်တဲ့
စဥှးစားပုံနဲ့ mental model
ပြဿနာဖြေရှင်းပုံတွေက
ဘဝဖြတ်သန်းတဲ့အခါ အများကြီး
အထောက်အကူပြုတယ်။
ကိုယ်သာပညာကို တကယ်လေ့လာခဲ့မယ်
ဆိုရင်ပေါ့။

ဒါကြောင့်မို့ သမရိုးကျအတွေးအခေါ်နဲ့
အလုပ်မဖြစ်တဲ့ ရှေးရိုးစွဲသင်ကြားမှုတွေကို
တိုက်ဖျက်ဖို့ အဲ့လိုလုပ်ငန်းတွေမှာပဲ
အချိန်နဲ့ စွမ်းအင်တွေပေးထားတယ်။

Phyo Paing @ Derek

Share Your Idea!​