Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Frame လိုတယ်

လုပ်ငန်းတစ်ခုမှာ meeting လုပ်ရင်
အရေးမပါတာတွေကြားမှာ
အရေးပေးနေမိပြီး ဝေ့နေတတ်တယ်။

ဒီလို မဖြစ်ဖို့ meeting လုပ်တဲ့ frame လိုတယ်။

၁။ ဒီနေ့ ငါတို့ ဘာအကြောင်းဆွေးနွေးမှာလဲ။
၂။ ဒါနဲ့ ပတ်သတ်တဲ့ အချက်တွေကဘာတွေလဲ။
ဘာသတင်းအချက်အလက်တွေရှိထားပြီလဲ။
အသေးစိတ် တစ်ခုချင်းမသွားခင်
တစ်ချက်ချင်းအရင်ချရေးထား။
၃။ ဒါနဲ့ ပတ်သက်လို့ ငါတို့ဘာတွေသိထားပြီလဲ။
ငါတို့ အရင်က ဒါနဲ့ပတ်သက်လို့
ဘယ်လို လုပ်ဆောင်မှုတွေလုပ်ခဲ့လဲ။
၄။ အခု ဒီ meeting က ငါတို့ရဲ့
တစ်နှစ်စာ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့
ဘာတွေ ကူညီပေးနိုင်မလဲ။
၅။ ဟုတ်ပြီ။ လုပ်စရာတွေကို
ဘယ်သူက ဘာကို ဘယ်အချိန်မှာ
ဘယ်လိုပြီးအောင်လုပ်ပြီး
ပြီးမပြီးကို ဘယ်သူက ပြန်လည်ကြီးကြပ်မှာလဲ။
၆။ နောက် meeting ကို ဘယ်နေ့၊
ဘယ်အချိန်မှာ၊ ဘယ်သူတွေနဲ့၊
ဘယ်လို လုပ်ကြမလဲ။

မဝေ့နေအောင် frame လိုတယ်
အားတီ၊ အားမေတို့။

Phyo Paing @ Derek

Share Your Idea!​