“ကိုင်ထားတဲ့” ဆိုတဲ့အဓိပ္ပာယ်က
ငွေကြေးတန််ဖိုးတွေ free fall
ကျဆင်းတာတွေကြားမှာ
ကိုယ့်ရဲ့ပိုင်ဆိုင်မှု တန်ဖိုးတွေ
မကျသွားအောင် ကိုင်ထားတာ။
ငွေဆိုတာ “medium for exchange”
လှဲလှယ်မှုပြုလုပ်တဲ့ ကြားခံတစ်ခုပဲ။
သူက တန်ဖိုးတွေအကုန်လုံးကို
ဖလှယ်လို့ရတယ်။
အရင်ခေတ်က ကုန်ပစ္စည်းချင်း
လှဲလှယ်ကြတယ်။
ဒါကို barter စနစ်လို့ခေါ်တယ်။
ဒါက နှစ်ထောင်ပေါင်းများစွာက
စတင်ခဲ့တဲ့ ငွေကြေးရဲ့အစပဲ။
နောက်ပိုင်း ရွှေ၊ ငွေ၊ ပုလဲအပြင်
ဆား အစရှိတဲ့ တန်ဖိုးရှိတဲ့အရာတွေနဲ့
ကုန်ပစ္စည်းဖလှယ်လာကြတယ်။
ဒါကို commodity money လို့ခေါ်ခဲ့ကြတယ်။
နောက်ပိုင်း စနစ်တစ်ခုချဖို့
ကြွေပြား coin money တွေထုတ်ပြီး
လှဲလှယ်ခဲ့ကြတယ်။
ဒီလို ကြွေပြားတွေက သယ်ရခက်တဲ့အတွက်
၇ ရာစုမှာ တရုတ်မှာစတင်ပြီး
စာရွက်ငွေ paper money ကို စတင်စမ်းသပ်တယ်။
အစပိုင်းမှာ ကုန်သည်တွေက
ကတိကဝတ်ငွေကြေး အနေနဲ့သုံးတယ်။
ဥပမာ ရွှေတစ်ကျပ်သားပေးထား။
သူ့တန်ဖိုးနဲ့ညီတဲ့ ကတိကဝတ်ငွေကြေးရတယ်။
နောက် အစိုးရကပါ ဒီစနစ်ကိုအသုံးပြုတယ်။
အောင်မြင်တယ်။
တစ်ကမ္ဘာလုံးသုံးလာတယ်။
ဒီကမှ တဆင့် US dollar နဲ့ ရွှေနဲ့ ချိပ်ဆက်တာကို
ဖြုတ်ပြီးတဲ့နောက်ပိုင်း
ငွေက တစ်ကမ္ဘာလုံးအသုံးပြုတဲ့ ငွေကြေး
currency ဖြစ်လာတယ်။
Fiat currency ဆိုတာ ရွှေနဲ့ချိပ်ဆက်မှု
မပြုလုပ်ထားပဲ
ဒါတန်ဖိုးရှိတယ်လို့
အစိုးရကသတ်မှတ်ထုတ်ပြန်ထားတဲ့ငွေကြေး။
၁၉၄၈ ကနေ ၁၉၆၄ ထိ
လွတ်လပ်ရေးရပြီးကာလမှာ
မြန်မာ့ကျပ်ငွေက ပြား ၁၀၀ တစ်ကျပ်
ဆိုတဲ့ စနစ်နဲ့သွားခဲ့တယ်။
ခိုင်မာတဲ့ စနစ်တစ်ခုအနေနဲ့ရှိခဲ့တဲ့အချိန်။
အဲ့တုန်းက ငါးမူးတို့၊ တစ်ကျပ်တဲ့
အကြွေစေ့လေးတွေ မြင်ဖူးတဲ့သူတွေရှိလိမ့်မယ်။
၁၉၆၄ မှာ ဦးနေဝင်းက
Burmese Way of Socialism မူဝါဒနဲ့
သွားတဲ့အခါ ငွေကြေးအသစ်ကို
ပြန်လည်ထုတ်ဝေတယ်။
ငွေကြေးအသစ်ကို ၁၉၆၄ မှာ
စတင်ထုတ်ဝေတယ်။
တခြားနိုင်ငံရဲ့ ငွေကြေးစနစ်တွေနဲ့
မတူတာက ဗေဒင်နဲ့ ဂဏန်းတွေယုံကြည်မှုကြောင့်
၄၅ ကျပ်တန်နဲ့ ၉၀ တန်တွေကို ထုတ်တယ်။
ဒီ ဆိုရှယ်လစ်လမ်းစဥ် အကောင်ထည်ဖော်တဲ့အချိန်
၁၉၆၄ ကနေ ၁၉၇၅ မှာ
ငွေကြေးတည်ငြိမ်အောင်
ရွှေနဲ့ ချိပ်ဆက်တဲ့စနစ်ကို လုပ်တယ်။
ရွှေအလုံအလောက်မရှိတာရယ်၊
ပို့ကုန်၊ သွင်းကုန်မညီမျှတာရယ်၊
ငွေကြေးဆိုင်ရာမူဝါဒအမှားတွေကြောင့်ရယ်၊
စီမံခန့်ခွဲမှုအလွဲတွေကြောင့်
ငွေကြေးပေါ် ယုံကြည်မှုကျဆင်းခဲ့တာကြောင့်
မအောင်မြင်ခဲ့ဘူး။
၁၉၈၀ နောက်ပိုင်းမှာ
ငွေကြေးဖောင်းပွကြီးဖြစ်တဲ့အချိန်
hyperinflation ကြောင့် ပြည်တွင်းမငြိမ်သက်မှု
ဖြစ်လာခဲ့တဲ့ ကာလ။
အခုနောက်ပိုင်း Digital Currency
ဒစ်ဂျစ်တယ် ပိုက်ဆံတွေထွက်လာပြီ။
အစိုးရရဲ့ထိန်းချုပ်မှုကို အံတုဖို့
Cryptocurrency တို့လို ငွေကြေးတွေ
decentralized ငွေကြေးကို
ထိန်းချုပ်တဲ့အဖွဲ့အစည်းမရှိပဲ၊
Blockchain နည်းပညာကိုအသုံးပြုပြီး
ပေါ်လာတယ်။
တရုတ်ကတော့ သူ့အစိုးရကိုအာခံနိုင်တဲ့အတွက်
၂၀၁၇ မှာ Initial Coin Offerings (ICO) ကို
ပိတ်ခဲ့တယ်။
ကမ္ဘာပေါ်မှာ ဒီဘဝကောင်းတာလုပ်
နောက်ဘဝ နတ်ပြည်ရောက်လိမ့်မယ်ဆိုတဲ့
ပုံပြင်ကို ယုံကြည်တာ လူတွေပဲဖြစ်လိမ့်မယ်တဲ့။
ဒါက Homo Sapiens စာအုပ်ရေးတဲ့
အစ္စရေးက ကမ္ဘာကျော် သမိုင်းပညာရှင်
Yuval Noah Harari ပြောတာ။
လူတွေက ပုံပြင်တွေကို ယုံကြည်ကြတယ်။
အဲ့ဒီယုံကြည်တဲ့ ပုံပြင်တွေထဲမှာ
အောင်မြင်တဲ့ ပုံပြင်တစ်ခုကတော့
ငွေကြေးနဲ့ ပတ်သက်တဲ့ ပုံပြင်ပဲတဲ့။
“Money is the probably the most successful story ever told.”
Economics ဆိုတာ
ဝယ်လိုအားနဲ့ ရောင်းလိုအားကိုလေ့လာတဲ့ပညာ။
ဒီဝယ်လိုအားနဲ့ ရောင်းလိုအားက
ရှားပါးမှုကြောင့်ဖြစ်လာတယ်။
ဘာတွေရှားပါးမလဲ။
ဘာတွေပေါလာမလဲ။
နိုင်ငံတစ်နိုင်ငံက ဘာနဲ့ငွေရှာမလဲ။
ဒီငွေရှာတဲ့အရာကို နိုင်ငံသားတွေ
ဘယ်လောက်အာရုံပြု လုပ်ဆောင်နေလဲ။
စိတ်ဝင်စားဖို့ကောင်းတယ်။
၂၀၁၇ တုန်းက ထိုင်ဝမ်က
တက္ကသိုလ်တစ်ခုမှာ
အရင် ထိုင်ဝမ်သမ္မတ
Ma Ying-jeou မာရင်းကျိုကို
အကြံပေးတဲ့ စီးပွားရေးပါမောက္ခ
Economic professor နဲ့တွေ့တယ်။
အရှေ့တောင်အာရှနိုင်ငံတွေကို
နှိုင်းယှဥ်ပြတယ်။
နောက် ထိုင်ဝမ်မှာ ကွန်ပြူတာ
ဘယ်နှစ်လုံးထုတ်ပြီး၊
စိုက်ပျိုးရေး ဘယ်လောက်လုပ်မယ်
ဆုံးဖြတ်ရတဲ့အပိုင်းတွေ။
ဒီပညာရပ်က တော်တော်အရေးကြီးကြောင်း
စိတ်ဝင်စားစရာကောင်းကြောင်း
ဒါသေချာ မလုပ်ရင်
လူတွေဘဝ ဒုက္ခတွေများတယ်။
ဖျားရင် ဆရာဝန်ဆီသွားမယ်။
စိတ်အေးချမ်းမှုရှာဖွေရင်
ဆရာတော်ဘုရားဆီသွားမယ်။
မိုးလေဝသသိချင်ရင်
မိုးလေဝသ ပညာရှင်ကိုမေးမယ်။
ဗေဒင်ဆရာပဲ မေးလို့ရချင်မှရမယ်။
အတွေးလေးပေါ်လာတာနဲ့
ချရေးကြည့်တာ။
One-size-fit-all solution
အဖြေတစ်ခုတည်းနဲ့
ပြဿနာတိုင်းကို ဖြေရှင်းလို့မရဘူးလို့
သာကော ဘဝ သင်ခန်းစာတွေက
သင်ပေးခဲ့ပြီးပြီ အားတီ၊ အားမေတို့။
Phyo Paing @ Derek