မေးခွန်းငါးခု
လုပ်ငန်းတစ်ခုဟာ ရံဖန်ရံခါ နောက်တစ်ဆင့်ကိုတက်ဖို့ နည်းလမ်းရှာတဲ့အခါ အခက်အခဲတွေ့ရတတ်ပါတယ်။ လုပ်ငန်းတစ်ခုမှာ အရေးအကြီးဆုံးက နောက်ဘာဖြစ်မလဲ၊ ဘာဆက်လုပ်မလဲဆိုတာကို ကြိုတင်မျှော်မှန်း anticipate လုပ်နိုင်ဖို့လိုပါတယ်။
ဒီနေ့မှာတော့ လုပ်ငန်းရှင်တိုင်း ကိုယ့်ကိုကိုယ် ပြန်မေးသင့်တဲ့ မေးခွန်းငါးခုကို ဖော်ပြလိုက်ပါတယ်။ ဒီမေးခွန်းငါးခုကတော့ Tony Robbins’ ရဲ့ Business Mastery မှာ လုပ်ငန်းရှင်တွေအတွက် ဖန်တီးပေးထားတဲ့ မေးခွန်းငါးခုဖြစ်ပါတယ်။
ပထမမေးခွန်းနှစ်ခုကတော့ စီးပွားရေးစီမံခန့်ခွဲမှု ဂုရုကြီးဖြစ်တဲ့ Peter Drucker ရဲ့ ကမ္ဘာကျော်တဲ့ မေးခွန်းနှစ်ခု ဖြစ်ပါတယ်။
၁။ သင်ဘယ်လုပ်ငန်းထဲမှာရှိနေတာလဲ။
What business are you in?
သင်တကယ် ဘယ်လုပ်ငန်းထဲမှာရှိနေသလဲ? What business are you really in?
ဥပမာ ကိုယ်က အဝေးပြေး express လုပ်ငန်းလုပ်တယ်ဆိုပါတော့။ ကိုယ်က car business ထဲမှာရှိတယ်လို့ ထင်နေနိုင်တယ်။ ကိုယ်တကယ်ရှိနေတာ သယ်ယူပို့ဆောင်ရေး transportation business ထဲမှာရှိနေတာဖြစ်ပါတယ်။ ဒီမေးခွန်းက သင့်လုပ်ငန်းအတွက် အဓိကနဲ့ သာမညကို ခွဲခြားသိဖို့ ကူညီပေးပါတယ်။
၂။ ဘာကြောင့် ဒီလုပ်ငန်းကို လုပ်ကိုင်နေတာလဲ? Why are you in the business?
သင့်ကို ဒီလုပ်ငန်းထဲမှာ ရေရှည်ရှိနေစေတဲ့အရာက ဘာများဖြစ်မလဲ? သင့်လုပ်ငန်းရဲ့ exit strategy က ဘာလဲ? What’s going to carry you through?
What’s your exit strategy? (Exit strategy ဆိုတာ ကိုယ့်လုပ်ငန်းရဲ့ share တစ်ချို့ သို့ အကုန်လုံးကိုရောင်းပြီး အနိုင်ပိုင်းတာလို့ အကြမ်းဖျင်းမှတ်လို့ရပါတယ်။ ဥပမာ Jack Ma, Mark Zuckerberg, Bill Gate တို့လို stock market မှာ list လုပ်ပြီး exit သွားကြသလို Mark Cuban တို့လို audionet ကို Yahoo ကို ရောင်းပြီး exit လုပ်သွားတာမျိုးဖြစ်ပါတယ်။ ပြည်တွင်းမှာဆိုရင်တော့ ILBC နောက် Grand Royal နဲ့ Good Morning ပါမုန့် တို့ကို ဥပမာ ပြရမယ်ထင်တယ်။)
၃။ သင်ကလုပ်ငန်းထဲမှာ ဘယ်နေရာမှာ ရှိနေသလဲ? Who are you in the business?
သင်ကလုပ်ငန်းရှင်လား ဒါမှမလုပ် လုပ်ငန်းထဲမှာ အကြိုးစားဆုံးဝန်ထမ်းတစ်ဦးလား? ကိုယ့်နေရာကိုယ်သိရဲ့လား? Are you the business owner, or the business’s hardest working employee?
လုပ်ငန်းရှင်ဆိုရင် လုပ်ငန်းရှင်လုပ်သင့်တာတွေကို လုပ်ရပါမယ်။ လုပ်ငန်းမှာ ဝန်ထမ်းတိုင်း သူတို့ရဲ့အကောင်းဆုံးအရည်အချင်းတွေ ထွက်ပေါ်လာဖို့ ကူညီပေးနိုင်ရပါမယ်။ စနစ်သေချာချတာ၊ risk တွေကို manage လုပ်တာ၊ plan သေချာချတာ၊ report တွေကို သေချာဖတ်ပြီး စီမံခန့်ခွဲတဲ့အပိုင်းကို အဓိက လုပ်ဆောင်ဖို့လိုပါတယ်။
၄။ သင့်လက်ရှိ ဖောက်သည်တွေကဘယ်သူတွေလဲ? Who’s the current clients?
သင့်ဖောက်သည်တွေက သင့်ကိုလိုအပ်ရဲ့လား? Does your clients need you?
တခါတလေ သင့်လုပ်တဲ့လုပ်ငန်းမှာ အပြောင်းအလဲတွေဖြစ်နိုင်ပါတယ်။ သင့်ဖောက်သည်တွေက သင့်ရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို မလိုအပ်တော့တာမျိုးဖြစ်နိုင်သလို၊ ကိုယ်က ဖောက်သည်အသစ်တွေကို ဝန်ဆောင်မှုပေးချင်တာ၊ ပေးသင့်တဲ့အချိန်ရောက်တာမျိုးလဲဖြစ်နိုင်ပါတယ်။
၅။ သင့်လုပ်ငန်းဟာ လည်ပတ်မှုရဲ့ သက်တန်း ဘယ်နေရာမှာရှိသလဲ? Where are you in the life cycle of the business? လုပ်ငန်းတိုင်း၊ industry တိုင်းဟာ lifecycle ဆိုတာရှိပါတယ်။ အတက်၊ ထိပ်၊ ရပ်၊ ပြန်ကျ အစရှိတဲ့ cycle တွေကို ဖြတ်သန်းရပါတယ်။
ဒီတော့ ကျွန်တော်တို့ဟာ မှန်ကန်တဲ့အရာတွေကိုပဲ ထိုင်လုပ်နေလို့မရပါဘူး။ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့အရာကို လုပ်မိဖို့လိုပါတယ်။ အောင်မြင်သူတိုင်းဟာ right time မှာ right thing လုပ်သွားကြတာပါ။
It’s not enough to do the right thing – you got to do it in the right time.
ဒီမေးခွန်းငါးခုကို မေးပြီး မိတ်ဆွေ idea ကောင်းတွေ ထွက်လာမယ်လို့ ယုံကြည်ပါတယ်။
#Akyanpay