Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Sales System ချဖို့ အချက် (၇) ချက်

ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်တဲ့နေရာမှာ ကိုယ့်လုပ်ငန်းရဲ့ ဌာနတိုင်းကို စနစ်ချဖို့လိုပါတယ်။

ဒီထဲမှာမှ အရောင်းဌာနကို စနစ်ချဖို့အတွက် အဓိကကျတဲ့ အချက် (၇) ချက်ကို မျှဝေပေးလိုက်ပါတယ်။

၁။ Sales Process တည်ဆောက်ပါ။

ကိုယ့်လုပ်ငန်းကို စုံစမ်းမေးမြန်းမှု စလာတာကနေ ဝယ်ယူသွားတဲ့အချိန်ထိ ကြားထဲမှာ ဖြတ်သန်းရတဲ့ အဆင့်ဆင့်ကို Sales Process လို့ခေါ်ပါတယ်။

အကြမ်းအားဖြင့် Sales Process အဆင့် (၇) ဆင့် အနေနဲ့

qualifying > preparation > approach > presentation > handling objections > sales closing > follow up ဆိုပြီး ရှိပါတယ်။

လုပ်ငန်းတစ်ခုအနေနဲ့ ကိုယ့်ရဲ့ sales process ကို သေချာတည်ဆောက်ထားဖို့ လိုပါတယ်။

၂။ SOP ရေးပါ။ (Standard Operating Procedures)

SOP ဆိုတာ လုပ်ငန်းအနေနဲ့ sales တစ်ခုလုပ်တဲ့အခါမှာ ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေကို အတိအကျချရေးထားတာပါ။

SOP ရှိတဲ့အခါ ကိုယ့်ရဲ့ sales team အနေနဲ့ ဘယ်လိုအချိန်မှာ ဘာတွေလုပ်ဆောင်ရမယ်ဆိုတာကို အမြဲညွှန်ကြားနေဖို့မလိုဘဲ SOP အတိုင်း လုပ်ဆောင်နိုင်မှာပါ။

၃။ Sales Script တည်ဆောက်ပါ။

Sales Script ဟာ အရောင်းဝန်ထမ်းတွေရဲ့ အသက်လို့ ပြောလို့ရပါတယ်။

အရောင်းဖြစ်ဖို့ customer နဲ့ တွေ့တဲ့အခါ ဘယ်လို ပြောရမလဲ၊ ဘာတွေ ပြောရမလဲဆိုတဲ့အချက်တွေကို အရောင်းဝန်ထမ်းတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

၄။ ကိုယ့်ရဲ့ဝန်ထမ်းတွေကို Sales Training လုပ်ပေးပါ။

Sales Process တွေ၊ SOP တွေ၊ Sales Script တွေတည်ဆောက်ပြီးတဲ့အခါ ဒါတွေကို ကိုယ့်ရဲ့ အရောင်းဝန်ထမ်းတွေကို ပုံမှန် training ပေးဖို့ လိုပါတယ်။

၅။ ကိုယ့်ရဲ့ Sales Process ကို test လုပ်ပါ။

လုပ်ငန်းတစ်ခုနဲ့တစ်ခု Sales Process အတိအကျတူမှာ မဟုတ်ပေမယ့် ကိုယ်တည်ဆောက်ထားတဲ့ sales process ဟာ တကယ်အလုပ်ဖြစ်ရဲ့လား၊ အရောင်းဖြစ်ရဲ့လားဆိုတာ သိဖို့ မကြာခဏ test လုပ်ပါ။

၆။ Customer တွေရဲ့ မေးမြန်းမှု
Objections Handling ကို သေချာလုပ်ဆောင်ပါ။

Sales Process ထဲက တစ်ခုဖြစ်တဲ့ customer တွေရဲ့ စိုးရိမ်မှုတွေကို လျှော့ချပေးခြင်းဆိုတဲ့ objections handling က အရေးကြီးပါတယ်။

customer တွေ ကိုယ့် product ကို ဝယ်ဖို့ အတားအဆီးဖြစ်နေတဲ့အရာတွေက ဘာတွေလဲ ? အရည်အသွေးပိုင်းလား ? စျေးနှုန်းလား ? အာမခံလား ? delivery လား ?

ဒါတွေကို သိပြီး ဒီစိုးရိမ်ပူပန်မှုတွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ customer တွေကို ပြောပြပေးဖို့ လိုပါတယ်။

၇။ FAQ လုပ်ပါ။ (Frequently Asked Questions)

ကိုယ့်ရဲ့ product နဲ့ ပက်သက်ပြီး customer တွေ အမေးအများဆုံး မေးခွန်းတွေက ဘာတွေလဲ ?

ဒါတွေကို စုစည်းပြီး အမေးအများဆုံး မေးခွန်းများ (FAQ) ဆိုပြီး ချရေးထားပါ။ လုပ်ငန်းရဲ့ Facebook Page ရှိရင် FAQ ကို content အနေနဲ့ တင်ထားပါ။


AkyanPay.com
ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay

Share Your Idea!​