Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဒီနေ့ခေတ် မားကတ်တင်းလုပ်ရင်

ဒီနေ့ခေတ် မားကတ်တင်းလုပ်ရင်
ကိုယ့် brand က အခုမှ စတင်မည့်
challenger brand ဆို
ဒေါသထွက်ဖို့လိုတယ်ဗျ။
Angry brand ဖြစ်ဖို့လိုတယ်။

ဒီလိုဖြစ်ဖို့ ခင်ဗျာမှာ ရန်သူလိုတယ်။
ဒီလို ရန်သူရှိဖို့ Pick a fight လို့ခေါ်တဲ့
ရန်သူတော်ကို သတ်မှတ်ဖို့လိုတယ်။

ခင်ဗျာမှတ်မိအုံးမလားတော့မသိဘူး။
Steve Jobs ရှိတုန်းက
Android ကို သူခိုးဖုန်းလို့ခေါ်ခဲ့တာ။

IPad ပထမ version စထွက်တဲ့
2010 တုန်းက တီထွင်သူနဲ့
နောက်လိုက်ကို ကွဲပြားစေတာ
တီထွင်ဆန်းသစ်ဖို့ innovation ဆိုပြီး
မထွက်လာသေးတဲ့ Samsung ကို
ကြိုတင်တိုက်ခိုက်ခဲ့တာ။

Steve Jobs ငယ်ငယ်က သူ့ Mac နဲ့
ရန်သူတော်ဖြစ်တဲ့ IBM ရုံးသွားပြီး
လက်ခလယ်ထောင်ပြခဲ့တာ မှတ်မိလား။
အဲ့ဒါ Pick a fight strategy ပဲ။
နောက် သူ့ရန်သူက Bill Gates ရဲ့
Microsoft.

ဒီနောက်ပိုင်းထွက်လာတဲ့
Under Armour က ဘာပြောလဲ။
ခင်ဗျာအဘိုးလက်ထက်က Adidas ဝတ်တယ်ဗျာ။
ခင်ဗျာအဖေ လက်ထက်က Nike ပေါ့။
ဒီနေ့ခေတ်က Under Armour ခေတ်။
Cotton တွေကို မုန်းတယ်ဗျ။
Anti-cotton brand ဖြစ်သွားတယ်။

ခင်ဗျာက ဆိုင်လေးဖွင့်ထားပြီး
ဒီအတိုင်းရုန်းကန်နေရုံနဲ့တော့ဗျာ
အဆင်ပြေလာဖို့ မလွယ်ဘူး။
ဝန်ထမ်းစာရိတ်ပေးလိုက်၊
ဆိုင်ခန်းခပေးလိုက်၊
ဆီဖိုး၊ တက်လာတဲ့ကုန်စျေးနှုန်းဖိုး၊
exchange rate တွေနဲ့
လုံးပါးပါးရင်း ပါးရင်း
နောက်ဆုံး နိုင်ငံခြားပဲ ဒိုးရမလား
စဉ်းစားကောင်းစဉ်းစားနေလိမ့်မယ်။

ဒီကာလမှာ ဆိုင် ဆယ်ဆိုင်ရှိရင်
ကိုးဆိုင်က အောင်မြင်ဖို့မလွယ်ဘူး။
ဒါပေမယ့် ရှင်ကျန်ကြီးထွားတဲ့
တစ်ဆိုင်ဖြစ်ဖို့က ခင်ဗျာမှာ
တာဝန်ရှိတယ်။

ဒါကြောင့် ကိုယ့်လုပ်ငန်းကြီးထွား
ရှင်ကျန်ဖို့ နည်းလမ်းရှာရမယ်။
စိတ်ဝင်စားစရာကောင်းနေရမယ်။
Noise တွေကြားထဲမှာ voice ဖြစ်ရမယ်။

ကိုယ်ပေးချင်တဲ့ message တွေက
boost လုပ်စရာမလိုပဲ
ပြန့်နေဖို့က ခင်ဗျာမှာ တာဝန်ရှိတယ်။
ဒါကြောင့် ဒီကာလက မားကတ်တင်း
လေ့လာရမည့် အချိန်ပဲ။
ကျွန်တော်ကတော့ ပျင်းနေတာနဲ့
သင်တန်းမသင်တာကြာပြီ။
တခြားနေရာမှာ YouTube မှာ
Google Primer မှာ Udemy မှာ
လေ့လာကြရမည့် အချိန်ပဲ။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​