Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Startup နဲ့ SME နဲ့ကွာခြားချက်

Startup နဲ့ SME နဲ့ကွာခြားချက်
လေးခုကတော့
၁။ Growth တိုးတက်မှု
၂။ Innovation တီထွင်ဆန်းသစ်မှု
၃။ Scalability ချဲ့ထွင်နိုင်စွမ်း
၄။ Risk ဆုံးရှုံးနိုင်ခြေ။

ဆိုင်တစ်ဆိုင်ဖွင့်ရင်၊ လုပ်ငန်းတစ်ခုလုပ်ရင်
SME တွေအတွက် စျေးကွက်ထဲမှာ
ကုန်သွင်းသူ (supplier)၊ စျေးကွက် (market) နဲ့
လည်ပတ်ပုံ supply chain က
ရှိနေပြီးသား ဖြစ်တယ်။

Startup တစ်ခုမှာကျတော့
လူတွေ ကြုံတွေ့နေရတဲ့ ပြဿနာကို
မတူညီကွဲပြားတဲ့ တီထွင်ဆန်းသစ်မှုနဲ့ဖြေရှင်းပြီး
လူအများကြီးဆီရောက်အောင် စဥ်းစားတဲ့ပုံစံ။

ဥပမာ

စာသင်ကျောင်းတစ်ကျောင်းဖွင့်ရင်
သင်တန်းဆရာ၊ ကျောင်းသားနဲ့
ဝန်ထမ်းခန့်ပြီးသွားလို့ရတယ်။
နေရာအရ၊ ဆရာအရ အကန့်အသတ်ရှိနိုင်တယ်။

ဒါကို မတူညီကွဲပြားတဲ့ ကမ္ဘာတစ်ဝန်းက
ဆရာတွေ ကြိုက်တဲ့သူ၊ ကြိုက်တဲ့သင်တန်းကို
သင်ခန်းစာတွေဖန်တီးတင်ထားပြီး
ကမ္ဘာတစ်ဝန်းက ကျောင်းသားတွေ
ကြိုက်တဲ့အချိန် ကြည့်လို့ရတဲ့ ပလက်ဖောင်းဆိုပါတော့။
ဒါဆိုရင် Eren Bali and Oktay Caglar က
တူရကီက စခဲ့တဲ့ Udemy.

အရင် Lynda Learning (အခု Linkedin Learning)
တုန်းကဆိုရင် သူ့ studio က သွားရတယ်။
ရိုက်ရတယ်။
နောက်တော့ Linkedin က ဝယ်သွားတယ်။

ဒီလို မတူညီတဲ့ business model တွေနဲ့သွားတယ်။
Innovation တီထွင်ဆန်းသစ်မှုဆိုတဲ့အပိုင်းမှာ
နည်းပညာတီထွင်ဆန်းသစ်မှုနဲ့
စီးပွားရေးလုပ်တဲ့ Business Model တီထွင်ဆန်းသစ်မှု
ဆိုပြီးရှိတယ်။

တရုတ်မှာကျတော့ အနောက်တိုင်းမှာ
အလုပ်ဖြစ်ပြီးသားနည်းပညာကို
Business Model Innovation နဲ့ပြိုင်တယ်။

နောက်ပိုင်းမှသာ
problem-market fit အနာနဲ့ဆေးကွက်တိဖြစ်ဖို့
product-market fit ကုန်ပစ္စည်းနဲ့ဆေးကွက်တိဖြစ်ဖို့
platform-market fit ပလက်ဖောင်းနဲ့ဆေးကွက်တိဖြစ်ဖို့ကနေ
Ecosystem တည်ဆောက်သွားကြတာ။

Risk များတဲ့အတွက် ဒီလိုလုပ်ငန်းတွေက
အစပိုင်းမှာ founder တွေက
ကိုယ့်ငွေကိုယ်စိုက်ပြီး bootstrapping လုပ်ချင်လုပ်မယ်။
Angel (တရုတ်လိုဆို 天使) တွေဆီကသွားမယ်။
ဒီကမှတစ်ဆင့် growth တိုးတက်မှုပေါ်မူတည်ပြီး
တဆင့်ချင်းကြီးသွားကြတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့
Wework ပေါ့။
Co-working space လုပ်ပြီး
အိမ်ခြံမြေ real estate ကုမ္ပဏီကို
lifestyle နဲ့ tech နဲ့ပေါင်းပြပြီး လုပ်သွားတယ်။
ဒါပေမယ့် Economy of Scale ကို
တခြား digital product တွေလိုမရတာရယ်၊
နောက် Covid-19 ရယ်ကြားမှာ
တိုင်ပတ်ကုန်တယ်။

တချို့ နည်းပညာတွေက digital franchise တွေလို
ချဲ့လို့ထွင်လို့လွယ်တယ်။
ဥပမာ Facebook တို့လို social media

တချို့နည်းပညာကုန်ပစ္စည်းတွေက
regulation ဥပဒေရေးရာတွေနဲ့ ရှုပ်ထွေးတယ်။
ဥပမာ ပို့ဆောင်ရေး Uber နဲ့ Grab တို့လိုမျိုး၊
ငွေကြေးနဲ့ဆိုင်တဲ့ Fintech တို့လိုမျိုး၊
ကျန်းမာရေးနဲ့ဆိုင်တဲ့ Telehealth လိုမျိုး။

Growth ကြီးထွားမှုအတွက်သွားတဲ့
Startup marketing လုပ်တဲ့ပုံနဲ့
SME marketing လုပ်တဲ့ပုံအများကြီးကွာတယ်။

Startup Marketing အတွက်ကျတော့
စုံစမ်းမေးမြန်းမှု၊ activation လုပ်တာ၊
အမြဲသုံးတာ၊ တခြားသူကို refer လုပ်တဲ့စနစ်ကို
ခပ်ကြမ်းကြမ်းလုပ်ဆောင်ရလို့
growth-hacking တို့၊ growth-hacker marketing
တို့ဆိုပြီးသုံးကြတယ်။
Paypal တို့၊ Dropbox တို့လုပ်ခဲ့တာတို့၊
နောက် Airbnb က craigslist ကိုသုံးပြီး
growth-hack လုပ်သွားတာတို့လိုမျိုး။

မားကတ်တင်းလုပ်တဲ့ပုံက
လုပ်ငန်းနယ်ပယ်မတူရင်
လုပ်တဲ့ပုံမတူဘူး။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​