လုပ်ငန်းငယ်လေးဟာ
သူ့လက်ရှိအရွယ်အစားထက်
အဆ ၁၀၀၀၀ ကြီးနိုင်တယ်။
ကိုယ့်ရဲ့ ကြက်ကြော်ဆိုင်လေးကို
ဆိုင်ပေါင်း ၁၀၀၀၀ ကျော်ဖွင့်နိုင်တဲ့အထိ
စဥ်းစားကြည့်ကြည့်ပါ။
ဥပမာ ဖိလစ်ပိုင်မှာစပြီး
အနောက်တိုင်းနဲ့တစ်ကမ္ဘာလုံးမှာပါ
အစွမ်းပြခဲ့တဲ့ အင်္ဂျင်နီယာတည်ဆောက်တဲ့
ရေခဲမုန့်ကစခဲ့ပြီး ကြက်ကြော်ပါရောင်းနေတဲ့
Jollybee.
ဒီလို အစ ၁၀၀၀၀ ကြီးဖို့
ကိုယ့်လုပ်ငန်းဘာကြောင့်စခဲ့လဲ
အဲ့ အိုင်ဒီယာ အကြံဥာဏ်ကို
မပျောက်စေနဲ့။
ဒါက အုတ်မြစ်တစ်ခုပဲ။
ကိုယ့်လုပ်ငန်းက ဖောက်သည်တွေရဲ့
ဘယ်ပြဿနာကိုဖြေရှင်းဖို့စတင်ခဲ့သလဲ။
စီးပွားရေးတစ်ခုကို စီမံတဲ့စဥ်းစားတဲ့ပုံစံဟာ
အပြင်မှ အတွင်းလာတယ်။
ဖောက်သည်၊ ပြိုင်ဖက်၊ သတင်းနဲ့
ကုန်ပစ္စည်းပို့ဆောင်ရေးစနစ်၊
ဒီကမှ ကုမ္ပဏီအတွင်းပိုင်းဖြစ်တဲ့
ဝန်ထမ်း၊ လုပ်ငန်းဆောင်တာဆောင်ရွက်ပုံလာတယ်။
လုပ်ငန်းတစ်ခုဆိုတာ မတူညီတဲ့
အစိတ်အပိုင်းပေါင်းများစွာစုစည်းထားတဲ့
စနစ်ကြီးတစ်ခုဖြစ်တယ်။
လုပ်ငန်းတစ်ခုဟာ စီးပွားရေးကောင်းကောင်း
မကောင်းကောင်းလည်ပတ်အမြတ်ငွေရဖို့လိုတယ်။
ဒါကြောင့် ရွေးချယ်တဲ့အခါ
ဒူပေဒါပေခံပြီး စီးပွားရေးမကောင်း၊
နိုင်ငံရေးမကောင်းလို့ ပြုတ်သွားတဲ့လုပ်ငန်း
မဟုတ်အောင် စနစ်တကျရွေးချယ်ဖို့လိုတယ်။
အစားအသောက်၊ ပညာရေး၊ လူမှုရေး၊
စီးပွားရေး ဘယ်အပိုင်းတွေ ကူညီနေသလဲ။
ဒီလိုရပ်တည်နိုင်ဖို့
၁။ သေချာရွေးချယ်
၂။ အမြဲတမ်းတိုးတက်အောင်နည်းလမ်းရှာဖွေ
၃။ ဖောက်သည်တွေအသံနားထောင်
၄။ ကိုယ်မြင်၊ ကြား၊ ခံစားရတဲ့စျေးကွက်ကိုတုန့်ပြန်
၅။ အမြင့်ဆုံးစံနှုန်းတစ်ခုထား
၆။ ကိုယ့်လုပ်ငန်းရဲ့ရင်ခုန်စရာကောင်းတဲ့ပုံပြင်ကိုရေးထား
၇။ ဒီပုံပြင်အတိုင်းနေဖို့အရေးကြီးတယ်။
လုပ်ငန်းသေးလေးတွေဟာ
ဝန်ထမ်းတွေ အတွက်သင်တန်းကျောင်းပဲ။
သူတို့ကို မသင်ရင် တိုးတက်စရာ
အကြောင်းသိပ်မရှိဘူး။
ဒီလိုသင်ပေးတဲ့အခါ မေးခွန်းကောင်း
မေးဖို့လိုတယ်။
ကိုယ့်ရဲ့စိတ်ကူးအိမ်မက်ထဲက
လုပ်ငန်းဖြစ်လာဖို့
လုပ်ငန်းအတွက် မျှော်မှန်းချက်တွေကို
ဖြည့်ဆည်းနိုင်ဖို့
ဝန်ထမ်းတွေကို ဘာသင်တန်းတွေပေးရမလဲ။
ကိုယ်လိုချင်တာတွေဖြစ်လာဖို့
manifestations လုပ် ဖို့လိုတယ်။
Manifestations လုပ်တယ်ဆိုတာ
ကိုယ်ဖြစ်ချင်တာတွေကို စိတ်ကူးပုံဖော်ပြီး
တကယ်ဖြစ်အောင်လုပ်တာ။
ဒါကို လုပ်ငန်းရှင်ကော၊ ဝန်ထမ်းတွေပါ
လုပ်တဲ့အခါ လုပ်ငန်းနောက်တစ်ဆင့်တက်ဖို့
တွန်းအားအများကြီးဖြစ်သွားပါမယ်။
စိတ်ကူးပုံဖော်ဖို့ ကိုယ့်လုပ်ငန်းရဲ့
ဖြစ်ချင်တဲ့ အိမ်မက်တွေကို
စိတ်ကူးကြည့်ပါ၊ ရှာဖွေပါ။
ခံစားကြည့်၊ မြင်ယောင်ကြည့်ပါ။
ပြီးရင်တကယ်လုပ်ဆောင်ပါ။
ကိုယ့်လုပ်ငန်းဟာ ကိုယ်တွေးခေါ်နိုင်သလောက်ပဲ
ကြီးတယ်။
ကိုယ့်ရဲ့ စိတ်နေသဘောထားရဲ့အသီးအပွင့်ပဲ။
လူတွေက မဖြစ်နိုင်ဘူးဆိုတဲ့
အတွေးအခေါ်နဲ့ပိတ်နေတယ်။
တစ်ခုခုဆို မဖြစ်နိုင်ဘူး၊
မလုပ်ဖူးဘူး၊ လုပ်လို့မရဘူး
အတွေးတိမ်တိမ်နဲ့စဥ်းစားရင်
လုပ်ငန်းကြီးထွားရေးဖြစ်စဥ်ကို
ပိတ်စေတယ်။
လုပ်ငန်းတစ်ခုမှာလဲ သူ့ဘဝနဲ့သူရှိတယ်။
မတူညီတဲ့ဆိုင်တွေဝင်တဲ့အခါ
မတူညီတဲ့ အတွေ့အကြုံတွေရတယ်။
J Donut ကိုဝင်တာနဲ့၊
Reason ကို ဝင်တာနဲ့
ထိတွေ့ခံစားရတာ တူမှာမဟုတ်ဘူး။
စီးပွားရေးလုပ်တယ်ဆိုတာ
ကုသိုလျယူတာပဲ။
နေ့တိုင်းဖောက်သည်တွေရဲ့
ပြဿနာကို အကောင်းဆုံးဖြေရှင်းပေးတာ
ကုသိုလ်ရတဲ့အလုပ်ပဲ။
မဂ္ဂင်ရှစ်ပါးမှာဆို မှန်ကန်တဲ့အသက်မွေးဝမ်းကြောင်း
ပြုခြင်းလဲဖြစ်တယ်။
နိဗ္ဗာန်ရောက်ကြောင်းအတွက်
ဒီ မှန်ကန်တဲ့ အသက်မွေးဝမ်းကြောင်းလဲ
အရေးကြီးတယ်။
စီးပွားရေးလုပ်တာ ကုသိုလ်အလုပ်လို့
ကျွန်တော်ကတော့ ယုံကြည်တယ်။
နောက်ပြီး စီးပွားရေးလုပ်တယ်ဆိုတာ
ရပ်ရေး၊ ရွာရေး၊ နိုင်ငံရေးကို အကျိုးပြုတာပဲ။
ဘာကြောင့်လဲ?
အလုပ်အကိုင်တွေ ဖန်တီးပေးတယ်။
လူမှုဘဝ လွယ်ကူအောင် ကူညီပေးတယ်။
ဒါကြောင့် လုပ်ငန်းဆိုတာ ကိုယ့်တစ်ဖို့စာ
သာမက လူတွေအတွက်လဲအကျိုးပြုတယ်ဆိုတဲ့
စိတ်ထားတာ မမှားဘူး။
လူဦးရေ သန်း ၅၀ ကြုံတွေ့နေရတဲ့
နိစ္စဓူဝပြဿနာကဘာလဲ။
လူဦးရေ သန်း ၆၀၀ ကြုံတွေ့နေရတဲ့
ပြဿနာက ဘာလဲ။
ကိုယ်က သူတို့ပြဿနာကို လက်ရှိရှိနေတဲ့
အဖြေထက် ၅ ဆ ကျော်ပိုကောင်းတဲ့
အဖြေဖြစ်တဲ့ ဘယ်လိုကုန်ပစ္စည်း၊
ဝန်ဆောင်မှုနဲ့ ပံ့ပိုးဖြေရှင်းပေးမလဲ။
ကိုယ့်ရဲ့ ၁၀၀၀၀ စတိုးဆိုင်အဖြေကဘာလဲ။
တကယ်လို့ ကိုယ့်မှာ အိမ်မက်တွေရှိရင်
ပြန်စဥ်းစားကြည့်ကြည့်။
နောက်ဆုံးအချက်ကတော့
လုပ်ငန်းတိုင်းမှာ စံနှုန်းတွေရှိရမယ်။
အမြင်နဲ့ ပတ်သက်တဲ့ စံနှုန်း။
ဒါကို visual standard လို့ခေါ်တယ်။
logo အထားအသို၊
ကြော်ငြာလုပ်ပုံ။
စိတ်ခံစားမှု စံနှုန်း
Emotional standard
ဖောက်သည်တွေကို ဘယ်လိုခံစားမှုတွေပေးသလဲ။
လုပ်ငန်းလည်ပတ်မှု စံနှုန်း
The functional standard
ငွေကြေး စံနှုန်း
The financial standard
နောက် ကျင့်ဝတ်ဆိုင်ရာ စံနှုန်း
ethical standard
နောက် လုပ်ငန်းကို ဘယ်လိုအတွေးအခေါ်နဲ့
လည်ပတ်လဲ philosophical standard
အရေးကြီးပါတယ်။
ဒါကတော့ MICHAEL E. GERBER ရဲ့
The Most Successful Business
in the world ကို ဖတ်ရင်း
လုပ်ငန်းရှင် အားတီ၊ အားမေတို့အတွက်
note 🗒️ ထုတ်ထားတာပါ။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay