ဒီနေ့ခေတ်လို ရွေးချယ်စရာတွေများတဲ့ခေတ်မှာ
ကိုယ့်ကို ကိုယ့်လုပ်ငန်း၊ ကုန်ပစ္စည်း၊
အမှတ်တံဆိပ်ကို လူတွေမှတ်မိခံစားနိုင်ဖို့
ကွဲထွက်နေဖို့လိုတယ်။
ကိုယ်က post တွေတက်လိုက်တယ်။
လူတွေမြင်အောင် boost လိုက်တယ်။
မြင်တော့မြင်တယ် မတွေ့သွားဘူး။
လူတွေထင်တာ မြင်တိုင်းတွေ့တယ်လို့ထင်တာ။
မဟုတ်ပါဘူး။
ဒါကြောင့် မားကတ်တင်းမှာ
See-Think-Do ဆိုတဲ့ framework လေးရှိတယ်။
မြင်ပြီးတွေ့ဖို့ ကိုယ်တင်လိုက်တဲ့
စာ၊ ဓာတ်ပုံ၊ ဗီဒီယို content တစ်ခုက
လူတွေကို ခဏရပ် စဉ်းစားသွားစေဖို့လိုတယ်။
မြင်ကားမြင်၏ မတွေ့
ဒီလိုမဖြစ်အောင် စနစ်လိုတယ်။
Phyo Paing @ Derek
Guerrilla Marketing Coach
Low cost, high impact
စရိတ်နည်းပါးထိရောက်မှုဆပွါး
#gmc
#sapwar