အဆင့်မြင့်တဲ့ ဖျော်ဖြေရေးထဲမှာ
“အတွေးအခေါ် ဖျော်ဖြေရေး”ပါတယ်။
အတွေးအခေါ်တွေက
အလင်းတွေ ပေးတယ်။
အတွေးအခေါ်တွေက
မတူညီတဲ့ လမ်းတွေကိုပြပေးတယ်။
အတွေးအခေါ်တွေက
မတူညီတဲ့ အမြင့်တွေကနေ
မတူညီတဲ့ အမြင်တွေကို ပြပေးတယ်။
အတွေးအခေါ်တွေက
လူတွေ high စေတယ်။
အတွေးအခေါ်တွေက
ဘဝနေထိုင်မှုကို
မတူညီတဲ့ရှုထောင့်ကကြည့်ပြီး
မိုက်စေတယ်။
အတွေးအခေါ်ပညာက
ကျောင်းတုန်းကလို အမှတ်ပေးစည်းမျဥ်းမရှိဘူး။
အမှားနဲ့ အမှန်က
ကြည့်တဲ့သူရဲ့ ရှုထောင့်ပေါ်မူတည်တယ်။
နယူတန်က ပန်းသီးကျတာကြည့်
အတွေးအခေါ်စမ်းသပ်မှုလုပ်ရင်း
ကမ္ဘာ့ဆွဲအားကို သိလာတယ်။
အိုင်စတိုင်းက ရထားပေါ်က
အတွေးအခေါ်စမ်းသပ်မှုလုပ်ရင်း
သီအိုရီအသစ်တွေ တွေ့လာတယ်။
ဒီမိုကရေစီဆိုတာ နိုင်ငံရေးစနစ်။
နောက်တစ်ခုက ဒီမိုကရေစီဆိုတာ
အိုင်ဒီယာတစ်ခု။
ကိုယ့်ဘဝမှာ အိုင်ဒီယာအသစ်တွေ၊
အတွေးအခေါ်စမ်းသပ်မှုတွေကို
တခြားသူတွေ ဘယ်လောက်တားတား
လုပ်ရဲဖို့လိုတယ်။
တချို့လူတွေ လူမှုကွန်ယက်ကနေ
ဝေဖန်ကြလိမ့်မယ်။
ပျက်ရယ်ပြုကြလိမ့်မယ်။
အရူးတစ်ယောက်လို ဟာသလုပ်လိမ့်မယ်။
ဒီကြားထဲက အတွေးအခေါ်စမ်းသပ်မှုပြုလုပ်ပြီး
ချပြနိုင်တာက
အတွေးအခေါ် တော်လှန်ရေးပဲ။
ဒီအတွေးအခေါ်တော်လှန်ရေးကြောင့်
အတွေးသစ်လှုပ်ရှားမှု
New Thought Movement တွေဖြစ်လာတယ်။
အတွေးအခေါ် တော်လှန်ရေးကြောင့်
လမ်းအသစ်တွေ တွေ့လာတယ်။
လူတွေနဲ့ တိရစ္ဆာန်တွေကို ကွာခြားစေတဲ့
အချက်တွေအများကြီးထဲက တစ်ခုက
အသိဥာဏ်ပဲ။
အသိဥာဏ်ကို နှိုးဆွဖို့၊
ဘဝကို မေးခွန်းထုတ်ဖို့လိုတယ်။
မဟုတ်ရင် မနက် ကိုးနာရီရုံးတတ်၊
ငါးနာရီပြန်၊
လကုန်လစာထုတ်၊
အိမ်လခပေး၊
ပိုက်ဆံစု၊
ဖျားတော့ အကုန်ကုန်သွား။
ဘဝမှာ အတွေးအခေါ်စမ်းသပ်မှုလိုတယ်။
ဒီကမှ အတွေးအခေါ်တော်လှန်ရေးဖြစ်လာတယ်။
ဒီကမှ ဘဝ ၂.၀ ဖြစ်လာတယ်။
Phyo Paing @ Derek