Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

စိတ်ဘယ်နားမှာရှိလဲ။

စိတ်ဘယ်နားမှာရှိလဲ။

ခန္ဓာကိုယ်မှာ ဦးနှောက် (brain) က ဟတ်ဝဲ (hardware)၊
စိတ် (Mind) က ဆော့ဝဲ (software) လို့စဥ်းစားကြည့်။

ဦးနှောက်မှာ ဦးနှောက်ဆဲလ် (neuron) တွေရှိပြီး
တစ်ယောက်နဲ့ တစ်ယောက်စကားပြော
ဆက်သွယ်နေကြတယ်။
ဒီလိုဆက်သွယ်တဲ့မက်ဆေ့တွေကို
neurotransmitter လို့ခေါ်တယ်။
ပျော်တဲ့အခါ ပို့တဲ့ မက်ဆေ့နဲ့၊
ရင်ခုန်တဲ့အခါ၊ ကြောက်တဲ့အခါ၊
တက်ကြွတဲ့အခါ၊ နွေးထွေးတဲ့အခါ
ပို့တဲ့ မက်ဆေ့တွေမတူညီကြဘူး။
ဒီမက်ဆေ့တွေပေါ်မူတည်ပြီး
ခံစားချက်တွေဖြစ်ပေါ်လာတယ်။

နောက်တစ်ခုကတော့
စိတ် (Mind) ဆိုတဲ့ အရာကြီးက
တရစပ် မရပ်မနားအလုပ်လုပ်နေတယ်။
သိစိတ် (conscious mind) နဲ့
မသိစိတ် (unconscious mind) က
နိုးနေတဲ့အချိန်သာမက
အိပ်စက်နေတဲ့အချိန်မှာလဲ
အလုပ်လုပ်နေကြတယ်။
စိတ်ဆိုတဲ့အရာကို လာခြယ်လည်တဲ့
အရောင်ဆိုးတဲ့ စေတသိက် (mental factors) တွေမှာ
အထင်အမြင်၊ ခံစားချက်၊ ဖြစ်ချင်တဲ့စိတ်ဆန္ဒတွေ
ဒါတွေပါဝင်တယ်။

ဒီလို စိတ်အလုပ်လုပ်တာကို
mental activity လို့ခေါ်ပြီး
စဥ်းစားတာ၊ တွေးခေါ်၊ သင်ယူတာတွေပါဝင်တယ်။

ဒီလိုဖြစ်နေပျက်နေတာကို
သေချာသိရှိဖို့
ရှင်းရှင်းလင်းလင်းကြည့်ရှုလေ့လာတာကို
ဝိပဿနာ (Vipassana) လို့ခေါ်ပြီး
ဝိပဿနာရှုနည်းကို (Vipassana meditation or
Insight meditation) လို့ခေါ်တယ်။

သူ့မှာ စျာန် Jhāna or Dhyana အဆင့်
ကိုးဆင့်ရှိတယ်လို့ဆိုပြီး
စျာန်ဆိုတာ မိုးပေါ်ပျံတာကိုပြောတာမဟုတ်ပဲ
ကိုယ့်ရဲ့ခန္ဓာကိုယ်တွင်းကဖြစ်ပျက်နေတဲ့
မြင်တာ၊ ကြားတာ၊ သိတာ၊ ခံစားရတာပေါ်
မူတည်ပြီး တုန့်ပြန်မှုတွေကို လေ့လာတဲ့အခါ
ဖြစ်ပေါ်တဲ့ ဥာဏ်လို့ဆိုနိုင်တယ်။

ကိုယ့်ရဲ့အကောင်းဆုံးပုံစံကို
တည်ဆောက်နေသူတွေအနေနဲ့
ကိုယ့်ကိုယ်ကို လေ့လာဖို့
ကိုယ့်ရဲ့နေ့စဥ်ဖြစ်ပျက်တာတွေကို
ပြန်လည်လေ့လာတဲ့ဖြစ်စဥ် journaling ကို
လုပ်ကြတယ်။
နေ့စဥ်မဟုတ်ပဲ အချိန်နဲ့အမျှဖြစ်ပျက်နေတာကို
လေ့လာဖို့အတွက် ဝိပဿနာရှုနည်းက
လောကုတ္တရာသွားမှ မဟုတ်ဘူး
လောကီမှာလဲ နေ့စဥ်ဘဝမှာ
ကျင့်လို့ရတယ်လို့ ယူဆပါတယ်။

ဒီလိုလုပ်ဆောင်ဖို့အတွက်
ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးဖြစ်တဲ့
မှန်သော အယူအမြင်
မှန်သော အကြံ
မှန်သော စကား
မှန်သော အမှုအလုပ်
မှန်သော အသက်မွေးဝမ်းကျောင်းမှု
မှန်သော အားထုတ်မှု
မှန်သော အောက်မေ့ နှလုံးသွင်းမှု
မှန်သော တည်ကြည် စူးစိုက်မှု
ဒီမှန် ၈ မှန်ကို အခြေခံအုပ်မြစ်တည်ဆောက်ဖို့
ဟောကြားအကြံပေးခဲ့ပါတယ်။

တခါတလေ စကားလုံးကြီးကြားလိုက်တာနဲ့
ကိုယ်နဲ့အရမ်းဝေးတယ်ထင်နေတတ်ကြတယ်။
အမှန်တော့ နေ့စဥ်ဘဝမှာ
ထည့်သွင်းကျင့်သွားလို့ရတဲ့
အလေ့အကျင့်တစ်ခုဖြစ်တယ်လို့ယူဆပါတယ်။

Where is the mind located?

Consider the brain in the body as hardware, and the mind as software. The brain contains neurons that communicate with each other. These messages are called neurotransmitters. Different messages are sent when we are happy, excited, scared, or warm. Our feelings arise based on these messages.

Another thing is that the mind is always active. Both the conscious and unconscious mind work not only when we are awake but also when we are asleep. Mental factors like perceptions, feelings, and desires affect the mind.

This mental activity includes thinking, reflecting, and learning. To understand these ongoing activities clearly, we study Vipassana, also known as Vipassana meditation or Insight meditation.

It is said that there are nine stages of Jhāna or Dhyana in Vipassana. Jhāna doesn’t mean flying in the sky but studying the reactions based on what we see, hear, know, and feel. This study can lead to wisdom.

To build our best selves, we study ourselves and our daily experiences through journaling. Vipassana meditation is not only for isolated retreats; it can be practiced in daily life.

For this, Buddha advised the Eightfold Path: right view, right intention, right speech, right action, right livelihood, right effort, right mindfulness, and right concentration. These eight rights are the foundation for development.

Sometimes, these words seem very distant from us. In reality, they can be a daily practice that we integrate into our lives.

Phyo Paing @ Derek

Share Your Idea!​