ကမ္ဘာမှာ မြန်မာကအလှဆုံးဆိုပြီး ငယ်ငယ်ကဆရာမပြောတော့၊ တရုတ်ကျောင်းဆရာမက တရုတ်လို့ပြောတယ်ပြောလို့ အဆဲခံရဖူးတယ်။ နောက်ပိုင်းတခြားနိုင်ငံတွေရောက်ဖူးတော့မှ အမှန်အမှားသိလာတယ်။ ပညာရေးစနစ်က စူးစမ်းလေ့လာမှုကို ချိုးနှိမ်ထားတော့ မေးခွန်းမမေးရဲကြဘူး။ ဒါလုပ်နေကျ မင်းကဘာသိလို့လဲနဲ့ ပြီးသွားကြတယ်။ ဒါကြောင့် အခြေအနေကြည့်ပြီး တချို့မေးခွန်းတွေ ကိုယ့် ဒိုင်ယာရီထဲမှာပဲရေးထားလိုက်တယ်။
I နောက်မှာ am ပဲလိုက်တယ်လို့ ဆရာသင်တာကို အသေမှတ်ထားပြီး လူတွေနဲ့ လိုက်ငြင်းနေသူတစ်ယောက်လိုပေါ့။ စာမဖတ်တဲ့သူက I အနောက်မှာ were လိုက်လို့ရတဲ့အချိိန်တွေရှိတာသူမသိခဲ့ဘူး။ ဒါကြောင့် ဒီနောက်ပိုင်း လူတွေနဲ့ ပြိုင်မငြင်းဖြစ်တော့ဘူး။
ဟင်းတစ်မျိုးပဲစားဖူးသူအတွက် ဒီဟင်းက “သူ့အတွက်” အကောင်းဆုံးဖြစ်နိုင်တယ်။ တချို့အမှန်တရားတွေကလဲ အတူတူပဲ။ သူသိမြင်ထားတဲ့ “အသိဥာဏ်” အရ ဒါအကောင်းဆုံးဆိုတာဖြစ်နိုင်တယ်။ လူတိုင်းဟာ သူ့အသိဥာဏ်အလိုက် သူအကောင်းဆုံးထင်တာကို လုပ်သွားကြတာပဲ။ ဒီအယူအဆလေး ခေါင်းထဲထည့်ထားတော့ လူလိမ်၊ သူခိုး၊ လူသတ်ကောင်တွေအပေါ် ဘာကြောင့် ဒီလောက်မိုက်မဲတာလုပ်တာလဲ ဆိုတဲ့ ဒေါသနည်းလာခဲ့တယ်။
အလားတူပဲ ကျွန်တော်တို့ ဒီနေ့ ဆိုးလှပြီထင်တဲ့အခြေအနေက အဆိုးဆုံးဟုတ်ချင်မှလဲ ဟုတ်မှာပါ။ ဒီထက်ပိုဆိုးတာမျိုး မဖြစ်နိုင်ဘူးလို့ မဆိုလိုနိုင်ဘူး။ ဥပမာ တရုတ်၊ အိန္ဒိယ၊ ပါက္ကစတန်က နူးကလိယ ဓာတ်ပေါင်းဖိုတွေပေါက်ပြီး လူတွေအဆိပ်သင့်၊ ရေတွေအဆိပ်သင့်ပြီး ကိုယ့်ကိုတခြားနိုင်ငံတွေ လက်မခံတာမျိုးလဲဖြစ်နိုင်သေးတယ်။
အဲ့လို scanerio တွေအများကြီးလဲရှိနေနိုင်သေးတယ်။ ဘယ်သူမှ အတိအကျသိမှာမဟုတ်ဘူး။ အခြေအနေကြီးကို ဆိုးတယ်လို့ထင်ရင် ဒီထက်ပိုဆိုးတာတွေရှိနိုင်သေးတယ်လို့သာ မှတ်ထားလိုက်ပါ။ ဥပမာ နူစေတတ်တယ်ဆိုတဲ့ အနာကြီးရောဂါက လေနဲ့ ပြန်ပြန့်နေတာမျိုးလဲ ဖြစ်နိုင်တယ်။ စိတ်မညစ်ပါနဲ့။ ဒီထက်ပိုဆိုးတာတွေ လာနိုင်ပါသေးတယ်။ ဒါက အဆိုးဆုံးအခြေအနေမဟုတ်ပါဘူး။
2020 March က ကမ္ဘာကြီးပျက်မယ်လို့ထင်ခဲ့တယ်။ 2021 Feb ဟာပိုဆိုးတယ်လို့ သိခဲ့တယ်။ 2021 July ကတော့ နှစ်ခုပေါင်း ဆိုးလှပြီလို့ ထင်ပြီးစိတ်မညစ်လိုက်ပါနဲ့။ ပိုဆိုးတာတွေ လာနိုင်ပါသေးတယ်။ လေပြေတွေမတိုင်ခင် မုန်တိုင်းလာတာပေါ့။ အတိတ်ရဲ့ အကောင်းဆုံးအချိန်တွေနဲ့ နှိုင်းယှဥ်ပြီး ပစ္စုပ္ပန်ကို စိတ်မညစ်လိုက်ပါနဲ့။ လက်ရှိအချိန်အတွက် အကောင်းဆုံး ရွေးချယ်မှုသာပြုလုပ်လိုက်ပါ။
Phyo Paing @ Derek