Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ဘဝမှာလဲ အဲ့လိုပါပဲ။

ကျွန်တော့် page ကို
မှတ်စုရေးထားတဲ့နေရာလိုပဲ
စဥ်းစားတယ်။
တွေးမိတာတွေ ရေးထားတယ်။
တခြားသူတွေလဲ ကိုယ်နဲ့အတွေးတူတဲ့သူတွေရှိရင်
ကြည့်လို့ရအောင်
ကိုယ့်ဘဝ ဖြတ်သန်းမှုခရီးစဥ်ကို
အဓိကရေးတယ်။
လူတွေကြည့်လို့ရတဲ့ မှတ်စုလို့ပြောရင်ရမယ်။

အမှားတွေလဲပါနိုင်မယ်။
အယူအဆပြောင်းလဲသွားတာတွေလဲဖြစ်နိုင်တယ်။
ကိုယ်နဲ့ ကိုက်ညီတာတွေ့နိုင်သလဲ၊
ကွဲလွဲတာတွေလဲ တွေ့နိုင်တယ်။

ကိုက်ညီရင်ယူ၊
မကိုက်ညီရင် ကျော်သွား
ဘဝမှာလဲ အဲ့လိုပါပဲ။

ကိုယ်လဲ စင်းလုံးချောသူတော်ကောင်းကြီးမဟုတ်ဘူး။
နေ့တိုင်းတော့ ပိုကောင်းအောင်
ကိုယ့်အချိန်နဲ့ စွမ်းအင် ကို
အကောင်းဆုံးအသုံးပြုပြီး
ကိုယ့်အတွက်၊ ကိုယ်နဲ့နီးစပ်တဲ့ မိသားစုအတွက်၊
ကိုယ့်အတွင်းလူအပေါင်းအသင်းတွေအတွက်၊
ကိုယ့် client တွေအတွက်၊
ကိုယ်နဲ့သိသူတွေအတွက်၊
ကိုယ့်ကိုသိသူတွေအတွက်၊
ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်အတွက်
ကိုယ်ကျွမ်းကျင်ရာ၊ လိမ္မာရာက
အနည်းနဲ့အများ နေ့တိုင်းကူညီပေးနိုင်အောင်
လုပ်ဆောင်နေတာ နေ့တိုင်းဂုဏ်ယူစေတဲ့အချက်ပဲ။

I consider my Facebook page as a place to jot down notes, just like a notebook. I write down the thoughts that come to me. If there are others who think like me, I want it to be visible so they can see the journey of my life experiences. It’s like a public notebook, if you will.

There might be mistakes. My beliefs and opinions might change. You might find things that resonate with you or differ from your views.

Take what matches, and skip what doesn’t. That’s how life is too.

I’m not a perfect person. Every day, I try to use my time and energy to the best of my ability for myself, my family, my team, my clients, those who I know, those who know me, and for the environment around me. What I’m skilled and passionate about, I try to contribute, big or small, every day. And that’s something I take pride in.

Phyo Paing @ Derek

Share Your Idea!​