လူငယ်တွေအနေနဲ့ ဒီနေ့လို အခြေနေမျိုးမှာ ဘယ်လိုခံစားနေရမလဲ နားလည်ပါတယ်။
အတိတ်အခြေအနေ
၁။ Covid-19 နဲ့ Coup ကြောင့် ပညာရေးရပ်တံ့ခဲ့ရတဲ့အချိန်တွေ
၂။ အစိုးရကျောင်းတွေ တက်မရ၊ မတက်ချင်တော့တာကြောင့် ကျောင်းပြောင်းရ၊ ရွေ့ရကြောင့်
ပညာရေး ကွင်းဆက်ပြတ်မှုတွေ
၃။ အလုပ်အကိုင်အခွင့်အလမ်းမသေချာမှုတွေကြောင့်
အနာဂတ်က မသေချာမရေရာဖြစ်နေရတာ နားလည်ပါတယ်။
ဘယ်လို ခံစားရမလဲဆိုတာလဲ ကောင်းကောင်းကြီးနားလည်တယ်။
လက်ရှိအခြေအနေ
တချို့တွေကျတော့လဲ ထိုင်းဖက်ကိုပြောင်းလာဖို့စဥ်းစားနေကြတယ်။
တချို့ကလဲ အရင်ကတည်းက ဂျပန်မှာကျောင်းသွားတက်ဖို့ပြင်ဆင်နေကြတယ်။
တချို့ကလဲ ဒူဘိုင်းသွားရင်ကောင်းမလား၊ တခြားနိုင်ငံကိုလဲ migrate လုပ်ချင်တယ်။
လုပ်ဖို့ရန်အဆင်ပြေတဲ့သူတွေရှိသလို၊
ငွေကြေးကြောင့် အခက်အခဲဖြစ်နေတဲ့သူတွေလဲ အများကြီးရှိတယ်။
စစ်မှုထမ်းဥပဒေကြောင့် တော်ပြီ ဒီနိုင်ငံမှာ တစ်သက်လုံးမနေတော့ဘူး
ခါးခါးသီးသီးခံစားရပြီး ဘဝကို အသစ်ပြန်စချင်တဲ့ လူငယ်တွေရှိတာ နားလည်ပါတယ်။
အနာဂတ်အတွက် ပြင်ဆင်ဖို့အတွက်
၁။ ကျွမ်းကျင်မှု
၂။ ဘွဲ့လက်မှတ်
၃။ အခွင့်အလမ်း ဒီသုံးခုလိုပါတယ်။
သေချာတာတစ်ခုက ဘယ်နေရာမှာပဲ အခြေချချ ငွေရှာရမှာဖြစ်ပါတယ်။
ငွေရှာဖို့ ရောင်းရမှာဖြစ်ပါတယ်။ လုပ်အားကိုရောင်းတဲ့အခါ
၁။ အချိန်ကို ရောင်းမှာလား
၂။ ကျွမ်းကျင်မှုကို ရောင်းမှာလား
၃။ စီမံခန့်ခွဲနိုင်စွမ်းကို ရောင်းမှာလား စဥ်းစားရပါပြီ။
၁။ ကျွမ်းကျင်မှု
ကျွမ်းကျင်မှုမရှိပဲ အချိန်ကိုရောင်းတဲ့အခါ ရတဲ့ဝင်ငွေနည်းတတ်ပါတယ်။
အလုပ်အတွက် ကျွမ်းကျင်မှုရှိတဲ့အခါ ရတဲ့ဝင်ငွေပိုများနိုင်ပါတယ်။
ကျွမ်းကျင်မှုဆိုတဲ့နေရာမှာ
၁။ ဘာသာစကားကျွမ်းကျင်မှု
၂။ ကွန်ပြူတာနဲ့ အိုင်တီအသုံးချ ကျွမ်းကျင်မှု
၃။ လူမှုဆက်ဆံရေးကျွမ်းကျင်မှု အပြင်
၄။ ကိုယ်အသက်မွေးဝမ်းကျောင်းပြုမည့်အလုပ်အတွက် ကျွမ်းကျင်မှုပါ ထည့်သွင့်စဥ်းစားရပါတယ်။
ဒီအတွက် နေ့စဥ်တိုးတက်နေအောင် လေ့ကျင့်ဖို့ အရေးကြီးပါတယ်။
၂။ ဘွဲ့လက်မှတ်
ဘယ်နိုင်ငံသွားသွား အဆင့်မြင့်အလုပ်လုပ်တဲ့အခါ ပညာအရေအချင်းကိုကြည့်ပါတယ်။
ဒါက ကုမ္ပဏီအများစု အလုပ်ခန့်ထားတဲ့အခါ ပညာအရည်အချင်းဘွဲ့လက်မှတ်က
ထောက်ခံစာတစ်ခုဆိုမမှားပါဘူး။
ဒါကြောင့် ဘယ်လိုပဲဖြစ်နေနေ online ဖြစ်ဖြစ်၊ on campus ဖြစ်ဖြစ်လေ့လာပြီး
ဘွဲ့မြန်မြန်ရအောင် ယူထားပါ။
၃။ အလုပ်အကိုင်အခွင့်အလမ်း
နေရာတစ်ခုမှာ အခြေချတဲ့အခါ ကိုယ်အခြေချမည့်နေရာရဲ့
အလုပ်အကိုင်အခွင့်အလမ်းကို သိအောင်ကြိုးစားဖို့လဲလိုပါတယ်။
ခရီးသွားလုပ်ငန်းအများစုကို အခြေပြုပြီးလည်ပတ်နေသလား။
စက်ရုံ၊ အလုပ်ရုံတွေနဲ့ ထုတ်လုပ်မှုအသားပေးလည်ပတ်နေသလား။
ပညာရေး ဝန်ဆောင်မှုတွေလုပ်ပြီး အဓိကလည်ပတ်နေသလား။
နည်းပညာနဲ့ လည်ပတ်နေသလား။
ဒီအချက်အလက်တွေကိုကြည့်ပြီး
ကိုယ့်ကျွမ်းကျင်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းစျေးကွက်နဲ့ချိပ်ဆက်နိုင်ဖို့
ပြင်ဆင်မှု ပြုလုပ်ထားဖို့လိုပါတယ်။
လူငယ်တွေအတွက်အထောက်အကူပြုလိမ့်မယ်လို့ ယူဆပါတယ်။
I understand the concerns of young people in today’s situation. The past events have left profound impacts:
Education was halted due to Covid-19 and the coup, causing disruptions.
Some had to change schools or didn’t want to attend anymore due to governmental school closures, leading to educational discontinuity.
Job and future uncertainties are understandably distressing due to these disruptions.
Many are empathetic towards the feelings of being overwhelmed and uncertain about the future.
Currently, some are considering moving to Thailand, while others have been preparing to study in Japan or contemplating relocation to Dubai or other countries for better opportunities. Financial challenges and the compulsory military service law have prompted many young people to want to start anew elsewhere, feeling the need for a significant change in their lives.
For future preparation, focusing on:
Skills development,
Acquiring degrees,
Understanding job market opportunities are crucial.
It’s essential to recognize that earning potential is closely tied to what one can offer, such as:
Selling time,
Expertise, or
Management skills.
Specifically, enhancing expertise in languages, IT, interpersonal skills, or field-specific knowledge is vital for better income prospects. Regardless of the destination, higher education qualifications often play a significant role in securing advanced positions. Understanding the job market and aligning one’s skills with market demands is necessary for successful career planning.
This perspective acknowledges the hardships and resilience of the youth, highlighting the importance of adaptability, continuous learning, and strategic planning for a brighter future.
Phyo Paing @ Derek