Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ဘဝ ကိုယ့်တာဝန်ပဲ။

ဘဝ ခက်ခဲတယ်ဆိုတာ
ကျွမ်းကျင်မှုက
လုပ်ချင်တာ၊ ဖြစ်ချင်တာထက် နည်းလို့။

ဒါကြောင့် နေ့တိုင်း
ကိုယ့်ရဲ့ တစ်ကိုယ်ရည်စွမ်းဆောင်ရည်မြင့်ဖို့
အချိန်စီမံခန့်ခွဲမှု၊ စွမ်းအင်စီမံခန့်ခွဲမှု၊
စိတ်ဓာတ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု၊
လေ့ကျင့်ခန်း၊ အစားအသောက်၊ အိပ်ချိန်၊
တစ်ကိုယ်ရည်ငွေရေးကြေးရေး စီမံခန့်ခွဲမှု၊
ဘာသာရေးနဲ့ စိတ်ငြိမ်းချမ်းမှု၊
အပေါင်းအသင်းနဲ့ ပတ်သက်တဲ့အပိုင်းစီမံခန့်ခွဲနိုင်တဲ့
Personal Development ကောင်းအောင်
လုပ်ဖို့လိုတယ်။

ကိုယ့်ကို ထမင်းကျွေးတဲ့
အသက်မွေးဝမ်းကျောင်းအလုပ်
Professional development ကျွမ်းကျင်ဖို့လိုတယ်။

ကိုယ့်ကို ချမ်းသာစေမည့်
လူတွေစီမံခန့်ခွဲတာ၊ စီးပွားရေး စနစ်ချတတ်တာ၊
စီးပွားရေးမှာ လူမှန်၊ နေရာမှန် နေရာချတတ်တာ၊
ဦးဆောင်နိုင်တဲ့စွမ်းရည်၊ စျေးကွက်ရှာအတတ်ပညာ၊
လုပ်ငန်းငွေကြေးစီမံခန့်ခွဲမှု၊ စွန့်ဦးတီထွင်မှု အစရှိတဲ့
စီးပွားရေးစွမ်းရည်တိုးတက်မှု
Business Development အတွက်
နေ့တိုင်းဖြည့်နေဖို့လိုတယ်။

ဒါကတော့ လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲလိုက်ပါ။
Toe Tet Philosophy ရဲ့
တိုးတက်မှု သုံးဆင့်ဖြစ်တယ်။

Personal, Professional နဲ့ Business Development ကို
ဘယ်နေရာရောက်ရောက် နေ့စဥ်
နည်းနည်းချင်း တိုးတက်အောင်လုပ်နေလို့ရတယ်။

တခြားပယောဂတွေ ကိုယ်လဲတိုက်ရိုက်
စီမံခန့်ခွဲမှုမလုပ်နိုင်ဘူး။
ကိုယ့်ဘဝ ကိုယ်တော့ စီမံခန့်ခွဲမှုလုပ်နိုင်တယ်။

ဘာကို အာရုံစိုက်မယ်၊
ဘာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မယ်။
ဘယ်အချိန်မှာ ဘာလုပ်မယ်။
ကိုယ့်ဘဝ ကိုယ့်တာဝန်ပဲ။

The saying “life is hard” stems from a lack of expertise in what one desires or aspires to do.

Therefore, it’s essential to enhance one’s personal capabilities daily through time management, energy management, mental health management, exercise, diet, sleep, financial planning, spiritual and mental peace, and managing relationships for personal development.

To feed oneself and ensure a livelihood, one needs to work on professional development.

For wealth and prosperity, managing people, understanding economic systems, positioning oneself correctly in the market, leadership skills, market research, financial management, and innovation are necessary for business development.

This represents a significant evolution in human development, often unnoticed, aligning with the Toe Tet Philosophy’s three stages of growth.

No matter where one is, it’s possible to progress a little each day in personal, professional, and business development.

Direct management of other disciplines might not be feasible, but one can manage their life.

What to focus on, how to interpret things, and when to act are all within one’s responsibility. Your life is your responsibility.

Phyo Paing @ Derek

Share Your Idea!​