ဆယ်တန်းမှာ ဂုဏ်ထူးတွေထွက်အောင်လုပ်၊
ဆေးကျောင်းတက်၊
ဘွဲ့လွန်တွေထပ်ယူ။
အဲ့ကွန်းခန်းထဲမှာ အလုပ်လုပ်ရမှာ။
ဒီ လူ အများဂုဏ်ယူတဲ့အရာကြီးကို
လိုက်လုပ် ဂုဏ်လိုက်ယူရတာကြီးက
အဖေ၊ အမေ ခေတ်မှာ ကျန်ခဲ့ပြီလို့ထင်တယ်။
လူတစ်ယောက်နဲ့ တစ်ယောက်
ဂုဏ်ယူတဲ့ ကိစ္စ မတူကြဘူး။
ဘဝမှာလဲ အဲ့လိုပဲ
တစ်ခုခုကို နားလည်အောင်ကြည့်တဲ့အခါ
မော်ဒယ်တွေ အများကြီးရှိတယ်။
တချို့လူတွေက လောကကို
မော်ဒယ်တစ်ခုတည်းနဲ့ ကြည့်တယ်။
မြန်မာမော်ဒယ်၊
တရုတ်မော်ဒယ်၊
အေးရှန်းမော်ဒယ်၊
အာရှမော်ဒယ်၊
အနောက်တိုင်းမော်ဒယ်၊
ကမ္ဘာ့မော်ဒယ်၊
လူ့ဂွစာတွေ မော်ဒယ်ကြည့်ကြည့်။
အမြင်သာဆုံးစကားလုံးတစ်ခုက
Work-life balance ဆိုတဲ့ စကားလုံး။
ဘယ်လိုပေါ်လာတယ်။
ဘယ်သူထွင်ခဲ့တယ်။
ဘာကြောင့်ပေါ်ခဲ့တယ်။
ဘယ်လို အသုံးပြုတယ် အများစုမစဥ်းစားမိကြဘူး။
Robert Owen က 1817 မှာထွင်ခဲ့တဲ့ စကားလုံး။
အဲ့အချိန်က အလုပ်ကြမ်းသမားတွေက
တစ်ပတ်ကို နာရီ ၇၀ ကနေ ၁၀၀ လောက်လုပ်ရတယ်။
အဲ့အချိန် အင်္ဂလန်မှာဆို
တစ်ရက်ကို ၁၆ နာရီ အလုပ်လုပ်ပြီး
တစ်ပတ် ၆ ရက်လုပ်ရတယ်။
ဒါက စက်မှုတော်လှန်ရေးခေတ်က။
ရောဘတ်အိုဝင်ကို Socialism ရဲ့ ဖခင်ကြီးလို့ခေါ်တယ်။
1829 မှာ သားဖြစ်သူ
Robert Dale Owen က အမေရိကားမှာ
ဒီ အိုင်ဒီယာကို ပြန့်အောင်လုပ်တယ်။
1898 မှာ United Mine Worker မှာ
တစ်ပတ်ကို 8 နာရီ အလုပ်လုပ်တဲ့ ပုံဖြစ်သွားတယ်။
နောက်ပိုင်း 1905 နောက်ပိုင်းမှာ
Ford Motor Company ကနေပြီး
တစ်ရက် ၈ နာရီနဲ့ တစ်ပတ် ၅ ရက်
အလုပ်လုပ်တဲ့ ပုံစံကို စတင်ကျင့်သုံးလာတယ်။
စက်မှုတော်လှန်ရေးမှာ
1800 က ရေနွေးငွေ့အခြေပြု
စက်မှုတော်လှန်ရေး Industry 1.0
1900 လျပ်စစ်အခြေပြုအသုံးပြုတဲ့
စက်မှုတော်လှန်ရေး Industry 2.0
2000 ခုနှစ်မှာ ကွန်ပြူတာ၊
အီလက်ထရောနစ် အခြေပြု
စက်မှုတော်လှန်ရေး Industry 3.0
2010 မှာ IoT တို့၊ cyber system နဲ့
နက်ဝက်ကင်း၊ machine learning အခြေပြု
Industry 4.0
2020 နောက်ပိုင်း ဒီနေ့ဆိုပိုသိသာတာပေါ့
အလိုအလျောက်မောင်းတဲ့ autopilot စနစ်နဲ့
ကားတွေ၊ humanoid robot နဲ့၊
Generative AI တစ်ခေတ်နဲ့ Metaverse တစ်ခေတ်
Industry 5.0
အိုဟောင်းနေတဲ့ လောကအမြင်တွေကို
ထားခဲ့နိုင်ဖို့ အရေးကြီးတယ်။
မပြောင်းလဲနိုင်ရင် မျိုးတုန်းသွားနိုင်တယ်။
Phyo Paing @ Derek