Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ပန်းကောင်းပန်းမန်ရချင်ရင်
သေချာ ပြုစုပျိုးထောင်ဖို့
နည်းလိုတတ်တယ်။

လုပ်ငန်းရှင်တွေကို အများဆုံး
စိတ်ညစ်စေတာ ဝန်ထမ်းတွေ။
ဘာကြောင့်လဲဆိုတော့
ဝန်ထမ်းတွေကို
ဖောက်သည်တွေ စဥ်းစားသလိုစဥ်းစားလို့။

လုပ်ငန်းရှင်အများစုက
ဖောက်သည်တွေအတွက်ဆို
segmentation, targeting, positioning (STP) လုပ်ကြတယ်။

ဖောက်သည်တွေကို profiling
အသက်၊ အရွယ်၊ ကျား၊ မ၊
ဝင်ငွေ၊ နေရပ်လိပ်စာ၊
AOI – attitude, opinion, interest
စိတ်နေသဘောထား၊ စိတ်ဝင်စားမှု၊
နေထိုင်တဲ့နေရာ၊
ဆုံးဖြတ်ချက််ချတဲ့ပုံ အသေးစိတ်လေ့လာတယ်။

ဒါပေမယ့် ဝန်ထမ်းတွေကို မလေ့လာဖြစ်တတ်ကြဘူး။
ဒါကလဲ လုပ်ငန်းရှင်တွေ အပြစ်မဟုတ်ဘူး။
ကိုယ့်ဦးနှောက်က
အပြင်ဖက် ဖောက်သည်တွေကို စဥ်းစားတာများတတ်တယ်။

ဝန်ထမ်းရေးရာ ပြဿနာ နည်းချင်ရင်
Employee Profiling ကို သေချာလုပ်ဖို့လိုတယ်။
အလုပ်ခေါ်စာ မရေးခင်ကစတယ်။
အလုပ်ခေါ်စာရေးတဲ့ အခါ
ကြော်ငြာရေးသလို
ကိုယ်မလိုချင်တဲ့သူမရောက်အောင်
recruitment letter ကို ရေးတတ်ဖို့လိုတယ်။
နောက် interview လုပ်တဲ့အခါ
skill ကိုပဲ မကြည့်ပဲ
ကိုယ့်လုပ်ငန်းရဲ့ တန်ဖိုးထားမှု
core values နဲ့ ကိုက်ကြည့်ပြီး
ငါတို့နဲ့ အလုပ်လုပ်ဆင် အဆင်ပြေပါ့မလား
cultural fit ကြည့်ဖို့လိုတယ်။

နောက် orientation သေချာပေးတဲ့အပိုင်း
အရမ်း အရမ်း အရမ်း အရေးကြီးပါတယ်။
ပြီးရင် ပထမ ၁၄ ရက်မှာ
အမူအကျင့် လေ့ကျင့်ပေးရပါတယ်။

ကိုယ့်လုပ်ငန်းမှာ လုပ်ရင်
ဘယ်လို reporting တင်ရတယ်။
ပျက်လို့မရဘူး။
လုံးဝ သည်းမခံနိုင်တဲ့ red flag တွေ
ပြောပြထားဖို့လိုတယ်။
ပြောတဲ့အတိုင်းလဲ လုပ်ဖို့လိုတယ်။

ဒီလိုလုပ်နေဖို့
ကိုယ့်လုပ်ငန်းရဲ့ brand က အားမကောင်းရင်
အလုပ်လျှောက်ချင်သူနည်းမယ်။
လျှောက်ချင်သူနည်းရင်
အလုပ်ခန့်တဲ့အခါ ရွေးစရာမရှိဘူး။
ရွေးစရာမရှိရင် ရရာ ယူရတတ်တယ်။
ဒီတော့ ၁ ယောက်ခန့်မယ်ဆိုရင်
အနည်းဆုံးတော့ ၁၀ ယောက်လောက်
အလုပ်လာလျှောက်အောင် လုပ်ဖို့လိုတတ်တယ်။
နောက် business branding ကိုသေချာလုပ်ဆောင်ရတတ်တယ်။
Business Branding မြန်မြန်လုပ်နိုင်ဖို့
တချို့လုပ်ငန်းတွေက တည်ထောင်သူရဲ့
personal branding ကိုတွဲတယ်။
ဒီ personal branding ဆိုတာ
အထင်ကြီးအောင် လုပ်တာမဟုတ်ပဲ
ကိုယ်ဘယ်သူလဲဆိုတဲ့ အကြောင်းကိုပြတာ။

အရေးကြီးတဲ့ position အတွက်ကျတော့
အလုပ်ခေါ်စာနဲ့ ခေါ်တာအစား
active recruiting လုပ်တာ
ပိုထိရောက်နိုင်တယ်။
လုပ်ငန်းကြီးတွေကတော့
head hunting ဆိုတာမျိုးလုပ်တယ်။

Startup တွေအနေနဲ့ဆိုရင်တော့
networking ပွဲတွေသွားတယ်။
လူတွေနဲ့ စကားပြောကြည့်တယ်။
Referral တွေတောင်းတယ်။
ဒီကမှ တဆင့် ကိုယ့်လုပ်ငန်းရဲ့
ecosystem ထဲရောက်လာအောင်
တစ်ဆင့်ချင်းအားထုတ်တယ်။

တော်တဲ့သူတွေထွက်မသွားဖို့အတွက်လဲ
ငါတို့က လူမျိုးစုတစ်ခုလိုဖြစ်အောင်
tribe mentality ရှိဖို့လိုတယ်။

ဒီလိုလုပ်ဖို့ ငါတို့နဲ့ တခြားသူတွေနဲ့
ကွဲစေတဲ့ ယုံကြည်မှု၊
ခံယူချက်၊ အတွေးအခေါ်၊
အနာဂတ်အမြင်၊
ကမ္ဘာကြီးကို မြင်တဲ့အမြင်၊
အလုပ်ပေါ်ထားတဲ့ သဘောထား
ဒီအချက်တွေကို သေချာ ဒီဇိုင်းလုပ်ရတယ်။

ဒါကို အမြဲပြောရတယ်။
ကိုယ့်မဟာဗျူဟာကို နားထဲရောက်အောင်
သေချာဖန်တီးထားတဲ့ pitch ကို
strategic narrative လို့ခေါ်ပါတယ်။

Pitch ဆိုတာ investor နဲ့ customer ကိုပဲ
လုပ်ရတာ မဟုတ်ပါဘူး။
ဝန်ထမ်းတွေကိုလဲ အမြဲလုပ်ရပါတယ်။

Culture တစ်ခုတည်ဆောက်တာ
ပိုးမွေးသလိုပဲ အချိန်ပေးရတယ်။
စိတ်ရှည်ရတယ်။
အဖျက်ပိုးတွေရှိရင်လဲ ပြင်ရင်ပြင်
မပြင်ရင် နှိမ်နင်းရတတ်တယ်။

အလိုလိုပေါက်တာကတော့
မြက်ပင်ပဲရှိတယ်။
ပန်းကောင်းပန်းမန်ရချင်ရင်
သေချာ ပြုစုပျိုးထောင်ဖို့
နည်းလိုတတ်တယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​