ပိုက်ဆံဆိုတာ
တန်ဖိုးတွေကို ကိန်းဂဏန်းနဲ့
မှတ်သားထိန်းသိမ်းထားပေးတဲ့
လူတိုင်းသတ်မှတ်ထားတဲ့ စာရွက်ခု။
ဒီပိုက်ဆံကို မပျောက်ပျက်အောင်၊
လွဲလို့လွယ်အောင်၊
ငွေကြေးဖောင်းပွမှု တိုက်စားမှုကို
ကာကွယ်နိုင်အောင် ဘဏ်မှာ
ထိန်းသိမ်းကြတယ်။
ဘဏ်က ဘဏ်အလုပ်ကို မလုပ်နိုင်တဲ့အခါ
ထိန်းသိမ်းတဲ့ ကိစ္စကို စဥ်းစားတဲ့အခါ
ပိုင်ဆိုင်မှုတွေ မပျောက်ပျက်သွားအောင်၊
တန်ဖိုးမကျအောင်
တခြားတန်ဖိုးရှိတဲ့အရာတွေကို ပြောင်းတယ်။
ရွှေ၊ မြေ နဲ့ တခြားငွေကြေးတွေကိုပြောင်းတယ်။
ဒီလိုင်းလုံးနဲ့အတူ ရွှေဆိုင်တွေ အလုပ်ဖြစ်တယ်။
ရတနာတွေ အလုပ်ဖြစ်တယ်။
မြေတွေ အလုပ်ဖြစ်ခဲ့တယ်။
လူတွေတခြားနေရာပြောင်းဖို့
တခြားနိုင်ငံငွေကြေး လဲကြပြန်တော့
ရောင်းလိုအားဝယ်လိုအားပေါ်မူတည်ပြီး
ကျပ်ပေး ဘတ်ယူတွေမှာ
စျေးတွေပြောင်းကုန်တယ်။
၂၀၁၀ ခုနှစ်မတိုင်ခင်မှာ
ငွေရှာပေးနိုင်တဲ့ ပိုင်ဆိုင်မှုလို့ဆိုတဲ့အခါ
အိမ်ခြံမြေ၊ ရွှေ ဒါတွေကို အဓိကမြင်တယ်။
ငါတို့တုန်းက ၂၅ သိန်းနဲ့ဝယ်ထားတဲ့မြေ
နှစ်သုံးဆယ်ကြာတော့ သိန်း ၂ သောင်းဖြစ်နေပြီ။
ဒီလို စကားတွေ ခဏခဏ ကြားရမလိမ့်မယ်။
ဒါကလဲ စျေးကွက်အခြေအနေပေါ်မှာမူတည်ပါတယ်။
၂၀၁၀ နောက်ပိုင်းမှာတော့
လူငယ်တွေ၊ လူလတ်ပိုင်းလုပ်ငန်းရှင်တွေအနေနဲ့
စဥ်းစားသင့်တဲ့ ပိုင်ဆိုင်မှု asset ကတော့
ဒီဂျစ်တယ် ပိုင်ဆိုင်မှုတွေပါပဲ။
မြေက တန်ဖိုးရှိတာမဟုတ်ပါဘူး။
လူတွေအာရုံစိုက်၊ သဘောကျတဲ့နေရာမှာရှိတဲ့မြေက
တန်ဖိုးရှိတာပါ။
လူတွေမရှိ၊ မလို၊ စျေးကွက်မရှိတဲ့နေရာမှာ
တန်ဖိုးမကြီးပါဘူး။
အလားတူပဲ ဒီနေ့ခေတ်က
ဒီဂျစ်တယ်ပိုင်ဆိုင်မှု တည်ဆောက်တဲ့အခါလဲ
တန်ဖိုးဖန်တီးတတ်မှုလိုလာပါတယ်။
Social Media အသုံးပြုတဲ့ စားသုံးသူလုပ်ငန်းနဲ့
လူမှုကွန်ယက် အသုံးမပြုတဲ့လုပ်ငန်း။
ပုံမှန်အသုံးပြုတတ်တဲ့ လုပ်ငန်းနဲ့
ကျွမ်းကျင် အသုံးပြုတတ်တဲ့ လုပ်ငန်း။
မတူပါဘူး။
အခုချိန်က ငွေရှာပေးတဲ့
ဒီဂျစ်တယ် ပိုင်ဆိုင်မှု တွေဖန်တီးရမည့်
အချိန်ဖြစ်နိုင်တယ်။
ဒါမှ နောက် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်မှာ
ကိုယ်က စင်ပေါ်ရောက်မှာ။
အခုတောင် တစ်ကမ္ဘာလုံးက
coin တက်နေကြပြီ။
crypto coin တွေပြောတာ။
ကိုယ့်ခေတ်မှာကျတော့
ငါတို့တွေ ဒီဂျစ်တယ်အက်ဆက်မှာ
ရင်းနှီးမြုပ်နှံထားတဲ့အတွက်ဆိုတဲ့
စကားတွေ ကိုယ့်မြေးတွေပြန်ပြောတဲ့ခေတ်တစ်ခေတ်များ
ဖြစ်လာမလား။
Phyo Paing @ Derek