Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မပြိုင်ပဲ နိုင်ချင်ရင်
လူတိုင်း ပြိုင်နေတဲ့ ဂိမ်းမှာ မပြိုင်နဲ့။

လုပ်ငန်းတစ်ခုရဲ့ အားသာချက်ဆိုတာ
အချိန်အပေါ်မှာ မူတည်တယ်။
လုပ်ငန်းတစ်ခုမှာလဲ
အားသာချက် competitive advantage
မရှိလို့ မရဘူး။
ဒါကလဲ အမြဲရှိမနေဘူး။

ဒီအားသာချက်က အချိန်တစ်ခုပဲရမယ်။
ကိုယ့်နောက်က ပြိုင်ဖက်တွေ
ကိုယ့်အားသာချက်ကို ဘယ်လောက်
မြန်မြန် လိုက်လုပ်နိုင်တယ်ဆိုတာနဲ့
ကြည့်လို့ရနိုင်တယ်။

အမြင်သာဆုံးကတော့ နည်းပညာလောကမှာ
OpenAI ရဲ့ AI တစ်ခေတ်ဖြစ်လာတော့
နောက်က အပြိုင်လိုက်လုပ်နိုင်လာတယ်။
အရေးကြီးတာ ကိုယ်က
ဘယ်နှစ်လ ပိုရှေ့ရောက်နေလဲ။
နောက် ဘယ်လို ecosystem စီးပွားဂေဟစနစ်
တည်ဆောက်နေလဲ အရေးပါတယ်။

2007 Sep တုန်းက iPhone ထွက်ပြီး
HTC Desire တို့၊ နောက်ပိုင်း Samsung S2 တို့နဲ့
စျေးကွက်မှာ Android တစ်ခေတ်ဖြစ်လာခဲ့တယ်။

Snapchat ရဲ့ story feature အောင်မြင်တော့
Facebook, Instagram မှာ ကူးတာပဲ။
Tik Tok ရဲ့ short video တွေအောင်မြင်တော့
Youtube Shorts တို့၊
Facebook Reels တို့ကူးတာပဲ။

မဟာဗျူဟာချတဲ့အခါ
ကိုယ့်လုပ်ငန်းရဲ့ ရှေ့ကပြေးနေတဲ့
အားသာချက်နဲ့ နောက်ကလိုက်ခဲ့တဲ့သူနဲ့
ဘယ်လောက် ကွာလဲ ကြည့်ရသလို
ရောက်နေတဲ့ အဆင့်တိုင်းကိုလဲ
ချက်ချင်း ထုတ်မပြပဲ
လိုအပ်မှ ထုတ်သုံးကြတယ်။

ကိုယ့်လုပ်ငန်းက ကိုယ်ကစားနေတဲ့
လုပ်ငန်းနယ်ပယ်မှာ အားသာချက်ကဘာလဲ။
အနီးဆုံးဘယ်ဖက်နဲ့ အချိန်ဘယ်လောက်
ခွားထားလဲ?
ကိုယ်တည်ဆောက်နေတဲ့
စီးပွားဂေဟစနစ်ကဘာလဲ။

လူတိုင်းက ပြိုင်နေရတယ်ထင်ပေမယ့်
တည်ဆောက်နေတဲ့ စီးပွားဂေဟစနစ်က
တူချင်မှ တူလိမ့်မယ်။

မပြိုင်ပဲ နိုင်ချင်ရင်
လူတိုင်း ပြိုင်နေတဲ့ ဂိမ်းမှာ မပြိုင်နဲ့။
လူတိုင်း ပြိုင်နေတဲ့ ဂိမ်းကို
ပြိုင်စရာမလိုပဲ အနိုင်ယူနိုင်တဲ့
လမ်းကို ကစားဖို့လိုနိုင်တယ်။

၂၀၁၄ ဖေဖော်ဝါရီ ၄ နောက်ပိုင်း
Satya Nadella CEO ဖြစ်ပြီးကတည်းက
Microsoft ရဲ့ ကစားကွက်တွေ
အရမ်းကို လှခဲ့တယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​