Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

မပြိုင်ဘဲ နိုင်လို့ရတယ်။

တစ်ခုခုလုပ်တော့မယ်ကြံတိုင်း
ငါ့ပြိုင်ဖက် ဘာလုပ်နေလဲ
မစဥ်းစားချင်တဲ့ သူတွေရှိတယ်။

တချို့ကျတော့ ပြိုင်ဖက်ကို
အမှုန့်ခြေချင်တဲ့သူတွေရှိတယ်။

လောကမှာ စီးပွားရေးလုပ်တဲ့အခါ
ပြိုင်ပြီးနိုင်အောင်လုပ်တဲ့ ပုံစံရှိတယ်။
မပြိုင်ပဲ နိုင်အောင် လုပ်တဲ့ပုံစံရှိတယ်။

ပြိုင်ပြီးနိုင်အောင်လုပ်ဖို့အတွက်
Game Theory ဆိုတာ သုံးကြတယ်။

ဥပမာဗျာ
ဓာတ်ဆီဆိုင်နှစ်ဆိုင်ဆိုပါတော့။
တူညီတဲ့ ဓာတ်ဆီဆိုင်နှစ်ဆိုင်က
တစ်နေရာထဲမှာရှိနေမယ်ဆိုရင်
ဘာဖြစ်မလဲ။

ဝယ်သူတွေအတွက်
စျေးကြည့်ပြီးဝယ်ရတာလွယ်ကူမယ်။

ဆိုင်ပိုင်ရှင်တွေအတွက်
ကိုယ့်တစ်ဆိုင်တည်း လုပ်ချင်သလိုလုပ်မရတော့ဘူး။
ပြိုင်ဖက်ရဲ့ လုပ်ဆောင်တာကို ကြည့်ရပြီ။
သူလုပ်နိုင်ပြီး ကိုယ်မလုပ်နိုင်ရင်ကျန်ခဲ့မယ်။

ဒီတော့ ပြိုင်ဖက်လုပ်တာတွေကြည့်ပြီး
ကိုယ်က လိုက်လုပ်ရင်လုပ်မယ်။
အရင်လုပ်ရင် လုပ်မယ်။

၁။ စျေးကြည့်ရမယ်။
၂။ တဖက်က မဲဖောက်ပေးနေလားကြည့်ရမယ်။
၃။ ဆီထည့်ပြီးရေသန့်ဖူးပြန်ပေးလားကြည့်ရမယ်။
၄။ ကားရေပါဆေးပေးသလား ကြည့်ရမယ်။
၅။ အိမ်သာတွေ ကောင်းအောင်လုပ်နေသလားကြည့်ရမယ်။
၆။ အလွယ်တကူဝယ်လို့ရတဲ့ စတိုးဆိုင်တွေပါဖွင့်နေလား။
၇။ စားသောက်ဆိုင်တွေပါထည့်ထားပြီလား။
၈။ နာမည်ကြီး စားသောက်ဆိုင်တွေပါပါနေပြီလားကြည့်ရမယ်။

အဲ့တော့ ဟိုဖက်၊ ဒီဖက်ကြည့်ပြီး
လုပ်လိုက်၊ မောလိုက်ဖြစ်မယ်။

ဒါကြောင့် စီးပွားရေးလုပ်တဲ့အခါ
Monopoly လုပ် လက်ဝါးကြီးအုပ်မလား
Niche လုပ် ဒိုင်လျိုစျေးကွက်သွားမလား
စဥ်းစားရတယ်။

Monopoly လုပ် လက်ဝါးကြီးအုပ်ဖို့
ငွေအား၊ လူအား၊ ချိပ်ဆက်မှုအားလိုတယ်။
လာဒ်ထိုးရတဲ့နိုင်ငံတွေမှာ
အဆက်အသွယ်လိုတယ်။

သေချာတာတစ်ခုက နှစ်ယောက်ပြိုင်တဲ့
Game မှာ ကိုယ်က အသာစီးရဖို့အတွက်ဆို
၁။ သတင်းအချက်လက်
၂။ ပြိုင်ဖက်ရွေ့မည့်အကွက်
၃။ ကိုယ့်ရဲ့ ဝှက်ဖဲ
၄။ ရွေ့နိုင်တဲ့ အကွက်တွေနဲ့
၅။ ဖြစ်နိုင်ခြေ ရလဒ်တွေကို
ကြိုတင် စဥ်းစားထားဖို့လိုတယ်။

ပူးပေါင်းမှုနဲ့ လမ်းနဲ့ ဆုံးမလား၊
ခြေမှုန်းတဲ့ လမ်းနဲ့ ဆုံးမလား၊
တစ်သက်လုံး တိုက်ရိုက်
ပြိုင်နေမလား စဥ်းစားရမယ်။

Facebook ရဲ့ Meta ဆိုရှင်းတယ်။
ရှိသမျှ Social Media သူပဲ
လက်ဝါးကြီးအုပ်ချင်တယ်။
Monopoly လုပ်ချင်တယ်။
နိုင်ငံတကာမှာက လက်ဝါးကြီးအုပ်တာကို
လက်မခံတဲ့ anti-trust law ရှိတော့
လက်ဝါးကြီးအုပ်ပေမယ့် မအုပ်ချင်ယောင်ဆောင်တယ်။
ဥပမာ Google ဆို ရှာဖွေရေးကို
အဓိက လက်ဝါးကြီးအုပ်ထားတာ။
ပထမ ရှာဖွေရေးနေရာက Google
ဒုတိယနေရာက Youtube
ဒါပေမယ့် မသိဖာသာ တခြား Product တွေနဲ့
အယောင်ပြပြိး ရှောင်တယ်။

စျေးကွက်မှာ စျေးကွက်ကြီးကြီးရှိတဲ့နေရာတိုင်း
ပြိုင်ဆိုင်မှု ရှိသလို
No.1 ရှိရင် No.2 ရှိတယ်။
Cola လို့ဆိုလိုက်ရင်
Coca Cola နဲ့ Pepsi Cola
Mobile OS ဆို
iOS နဲ့ Android OS
Computer ဆို
MacOS နဲ့ Windows OS

မပြိုင်ဘဲ နိုင်ဖို့အတွက်ဆိုရင်
လူတွေ မမြင်နိုင်တဲ့ Game တွေမှာ
နေရာချထားဖို့လိုတယ်။

ဥပမာ MacDonald ဆို Fast Food Company လို့ထင်တယ်။
သူက Real Estate အခြေခံတဲ့ ကုမ္ပဏီတဲ့။
Xiaomi ဆို နည်းပညာကုမ္ပဏီလို့ထင်တယ်။
သူက နည်းပညာပြထားတဲ့ မားကတ်တင်းကုမ္ပဏီ။
Tesla ကို ကားကုမ္ပဏီလို့ထင်တယ်။
သူက Robots on Wheel တဲ့။
စက်ရုပ်လုပ်တဲ့ ကုမ္ပဏီ။
Tik Tok ရဲ့ Bytedance ကုမ္ပဏီဆို
Social Media လို့ထင်တယ်။
သူက AI Company

မပြိုင်ဘဲနိုင်ဖို့ ကိုယ့်ကုမ္ပဏီကစားနေတဲ့
ဂိမ်းကို သေချာ ကွဲပြားသိဖို့လိုသလို
အပေါ်ယံမှာပဲ ပြိုင်လို့မရဘူး။

မပြိုင်ဘဲ နိုင်လို့ရတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay

Share Your Idea!​