မေးခွန်းမှားရင် အဖြေအမှားပဲရတယ်။
ငယ်ငယ်က ကျွန်တော်တို့ကို
စဥ်းစားနည်းမသင်ပေးလိုက်ဘူး။
ဒါကြောင့် ကျွန်တော်တို့နဲ့
ရှေ့မျိုးဆက်ရဲ့ ပညာရေးစနစ်အရ
ယုတ္တိကျကျ သေချာစဥ်းစားတတ်တဲ့
လူဦးရေက ရာခိုင်နှုန်းမများဘူး။
စနစ်တကျ နားလည်အောင်ကြိုးစား
စဥ်းစား၊ ချင့်ချိန်၊ သုံးသပ်မှုနဲ့
မလုပ်တတ်တဲ့ အခါ
“အထင်အမြင်” နဲ့ တွေးတောခြင်းကိုပဲ
လုပ်နိုင်ကြတယ်။
လူမှုကွန်ယက်မှာ ပြထားတဲ့
ပုံရိပ်ယောင်တိုင်းကို အမှန်လို့ထင်တတ်တယ်။
အထင်အမြင် perception နဲ့
စဥ်းစား ဆုံးဖြတ်ခြင်းဟာ
အန္တရာယ်များလှတယ်။
အလွယ်တကူ ပရိယာယ်သုံး
သိုးကလေးတွေလို ဖြစ်အောင်မွေးထားပြီး
ဒေါသထွက်အောင်လုပ်လို့ရတယ်။
ဆဲဆိုအောင်လုပ်လို့ရတယ်။
ထောက်ခံအောင်လုပ်လို့ရတယ်။
ယုတ္တိကျကျ စဥ်းစားတတ်ခြင်းသည်
လူတိုင်းမှာရှိသင့်တဲ့ ကျွမ်းကျင်မှုတစ်ခုဆို
မမှားဘူး။
ဘာကြောင့်လဲဆိုတာ ကိုယ့်ဘဝ
ကိုယ်တိုင်ပဲ ဖန်တီးရမှာ။
အမှန်အမှား သုံးသပ်ရမှာ ကိုယ်ပဲ။
ဘဝဆိုတာ မေးခွန်းတွေပေးထားပြီး
အဖြေရှာဖို့ စနစ်တကျ စဥ်းစားတတ်ဖို့လိုတယ်။
Phyo Paing @ Derek