Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကျေးဇူးတင်တတ်တဲ့စိတ်ထားပါ။

လူအများစုက
နေ့စဥ်လုပ်နေကျ၊ သွားနေကျ၊
ဝေယျာဝိစ္စတွေနဲ့
အသက်ရှင်နေပေမယ့်
အသက်မဝင်နေဘူး။

အသက်ရှင်ပြီးအသက်ဝင်တဲ့အချိန်
တချို့ရှိတတ်ကြတယ်။

အရမ်းလိုချင်တဲ့ ပစ္စည်းလေးရလိုက်တဲ့အချိန်။
အချစ်နဲ့ တွေ့တဲ့အချိန်။
လုပ်ငန်းအသစ်စတဲ့အချိန်။
မထင်မှတ်ထားတဲ့ ဒုက္ခကြီးကြီးကြုံတဲ့အချိန်။
လောကမှာ အရင်မမြင်နဲ့အရာကို
နားလည်သဘောပေါက်သွားတဲ့အချိန်။
ကိုယ့်ကိုကိုယ် ပိုပိုနားလည်သဘောပေါက်လာတဲ့အချိန်။

ဒီအချိန်တွေဟာ
အသက်ရှင်ပြီး အသက်ဝင်စေတယ်။

ပတ်ဝန်းကျင်အခြေအနေ
ဆိုးတာဖြစ်ဖြစ်၊ ကောင်းတာဖြစ်ဖြစ်
အသက်ရှင်ပြီး အသက်ဝင်နေသူတွေရှိတယ်။

ကိုယ်အခု အသက်မငင်ရပဲ
အသက်ကို ဝဝလင်လင် ရှူနေရတာ
ဒါဆန်းကြယ်မှုတစ်ခုပဲ။
မျက်စိတွေမြင်နေရတာ
ဒါကောင်းချီးတစ်ခုပဲ။
နာတာရှည်ရောဂါတွေနဲ့မဖြစ်
ဘဝကို ကျန်းမာနေတာ
ဒါကျေးဇူးတင်စရာတစ်ခုပဲ။

အသက်ရှင်ပြီး အသက်ဝင်ဖို့
ဖြတ်လမ်းတစ်ခုကတော့
ကျေးဇူးတင်စိတ်နဲ့ ဘဝကိုအသက်ရှင်တာပဲ။

စေတသိတ် ၅၂ ပါးမှာ
သောဘဏသာဓာရဏစေတသိတ်ရဲ့
သဒ္ဓါ (ယုံကြည်မှု)နှင့်
အဒေါသ (မပြင်းထန်မှု) စေတသိတ်
နှစ်ခုပေါင်းစည်းမှုလို့ပြောလို့ရတယ်။

ကျေးဇူးတင်စိတ် gratitude က
စိတ်ကို ကြည်လင်စေတယ်။
ကောင်းမွန်သော အကျိုးရလဒ်ကို ဖြစ်ပေါ်စေတယ်။
မွန်မြတ်သော စိတ်နေစိတ်ထားကို ဖော်ပြတယ်။

သိပ္ပံပညာအရလဲ ကျေးဇူးတင်စိတ်က
ဦးနှောက်မှာ ဒိုပါမင်းနဲ့ ဆီလိုတိုနင်ထုတ်လောက်မှုကို
နှိုးဆွပေးတယ်။
ကျေးဇူးတင်တတ်တဲ့စိတ်က
စိတ်ကို ကြည်လင်းနှိုးကြားစေတယ်။
အသက်ရှင်ပြီး အသက်ဝင်စေတယ်။

ဒါကြောင့် ကျေးဇူးတင်တတ်တဲ့စိတ်ထားပါ။

Phyo Paing @ Derek

Share Your Idea!​