အသက် ၂၀ နှောင်းပိုင်းနဲ့
အသက် ၃၀ ကျော်ရင်
အိုမင်းခြင်းဆိုတာ စပြီ။
ဘယ်လိုသိသာလဲဆို
ငယ်ငယ်က ကြိုက်သလောက်စား၊
ကြိုက်သလောက်သောက်
မဝတတ်တဲ့သူက ဝလာတတ်ပြီ။
ပိန်ရင်တောင်မှ ရုပ်ရင့်လာတဲ့
လက္ခဏာတွေ စဖြစ်လာပြီ။
သေချာ မထိန်းသိမ်းရင်
အင်ဂျင်ကျတာ ပိုပိုမြန်လာမယ်။
မွေးကတည်းက
ဆဲလ်တွေ ပွားလိုက်၊ ကြီးလိုက်၊
ပျက်ရင် အားကောင်းမောင်းတန်
ပြုပြင်လိုက်နဲ့။
အင်ဂျင်အသစ်ဆိုတော့
ဒဏ်ခံနိုင်တယ်။
ပြုပြင်နိုင်စွမ်းသိပ်ကောင်းတယ်။
အသက် ၂၀ နဲ့ ၃၀ ကြားကတော့
စွမ်းအင်အမြင့်ဆုံး။
ခန္ဓာကိုယ်ရဲ့ ပျက်ရင်ပြင်တဲ့ယန္တရား
လည်ပတ်မှုအကောင်းဆုံး။
ကော်လဂျင်ထုတ်လုပ်မှု
အကောင်းဆုံးအချိန်။
နုပျိုမှု၊ စွမ်းအင်အမြင့်ဆုံး။
မသိသာပေမယ့် လောကဓာတ်ကြောင့်
ဆဲလ်တွေဒဏ်ခံရတာ
ဒီအန်အေပျက်စီးတာ မသိမသာစခံရပြီ။
၃၀ နဲ့ ၅၀ ကြားမှာ ဆဲလ်ပွားတာနည်းလာပြီ။
ပျက်ရင်ပြင်တာ အရင်ထက်စာရင်
ထိရောက်မှု နည်းလာပြီ။
ဒဏ်တွေဖြစ်တဲ့ အရက်၊ နေရောင်၊ ဆေးလိပ်၊
ပြင်ပဒဏ်တွေရဲ့ရိုက်ခတ်မှုကြောင့်
ဆဲလ်ထဲက မိုက်ခရိုဟွန်းဒီယားတွေက
RONs လို့ခေါ်တဲ့
RONS (Reactive Oxygen and Nitrogen Species) ကို
များများစားစားပိုထုတ်ပြီး
ဒီအန်အေ၊ ပရိုတင်း၊ လစ်ပစ်ကို
ဒဏ်တွေ စပေးပြီ။
အသားအရည်လျော့ရွဲလာတာ၊
အရိုးအဆစ်ပျော့ပြောင်းမှုနည်းလာတာမျိုး
စဖြစ်တတ်ပြီ။
အသက် ၅၀ ကျော်လေ
အင်ဂျင်ကျလေ။
ပျက်စီးသွားတဲ့ဆဲလ်တွေက
ထပ်မပွားနိုင်တော့ဘူး။
ထပ်မပြင်နိုင်တော့ဘူး။
အဆုတ်၊ နှလုံး၊ ကျောက်ကပ်
အင်ဂျင်တွေ သိသိသာသာကျလာပြီ။
အရိုးယောင်တာ၊ သွေးတိုး၊ ဆီးချိုတွေ
အဖြစ်များလာတတ်တယ်။
ဒါတွေက ဒီအန်အေပျက်စီးတာ၊
ဆဲလ်တွေပွားဖို့ ခရိုမိုဇုမ်းရဲ့အမြှီးပိုင်း
တယ်လီမီယာ တိုလာတာ Telomere Shortening
ဆဲလ်ထဲကမိုက်တိုဟွန်းဒီယားတွေ
စွမ်းအင်ထုတ်လုပ်မှုနည်းလာတာ
Mitochondrial Dysfunction
ခန္ဓာကိုယ်ကို အလိုအလျောက်
ပြန်လည်ပြုပြင်ပေးဖို့လုပ်ဆောင်ပေးတဲ့
Stem cell တွေဆုံးရှုံးလာတာကြောင့်ဖြစ်တယ်။
အိုမင်းခြင်းက မျိုးရိုး ဂျနက်တစ် genetics၊
ဘဝနေထိုင်မှုပုံစံတွေဖြစ်တဲ့
အစားအသောက် အမူအကျင့်နဲ့
နေထိုင်တဲ့ပတ်ဝန်းကျင်ပေါ်အများကြီး
မူတည်တယ်။
ဥပမာ ရေ၊ လေ ညစ်ညမ်းမှု။
လူတစ်ယောက်က ၈၂ နှစ်ကျော်လောက်နေရရင်
ရက်ပေါင်း ၃၀၀၀၀ လောက်နေရမယ်။
တခါတလေ တစ်သက်လုံး
အသက်ရှင်ရမယ်လို့ထင်ပြီး
ဘဝမှာ ကြုံရတဲ့ ဒုက္ခတွေကို
ဆိုးလှပြီလို့ထင်တတ်ကြတယ်။
အသက်ကို ကံစောင့်တယ်။
နောက် ဥာဏ်စောင့်တယ်။
နောက် ပညာစောင့်တယ်။
ဒီဘဝမှာ အသက်ရှည်ပြီး
အနာမဲ့ရေးအတွက်
ဆုတောင်းနေလို့ပဲမရဘူး။
ကိုယ့်အားကိုယ်ကိုးမှပဲရနိုင်မယ်။
Phyo Paing @ Derek