Billionaire Ray Dalio ရဲ့
Principles စာအုပ်ထဲက
စာကြောင်းတစ်ကြောင်းကို
အရမ်းသဘောကျတယ်။
“လူအများစုဟာ
ဘာသာတရားနဲ့ legal framework တွေ၊
ယဥ်ကျေးမှု သတ်မှတ်ချက်တွေရဲ့
pre-packaged principles တွေကြားက
ရုံးမထွက်နိုင်ကြဘူးတဲ့။”
ဥပမာ ဒီဘဝမှာ ဒုက္ခရောက်တာ
အရင်ဘဝက မကောင်းတာလုပ်ခဲ့လို့ဆိုတဲ့
guilty ဖြစ်အောင် လုပ်တဲ့ အယူအဆမျိုး။
လူသားတွေအားလုံးဟာ အပြစ်ရဲ့
သားကောင်ပါဆိုတဲ့ sinner ဆိုတဲ့
guilty ဖြစ်အောင်လုပ်ပြီး
လူတွေကို religion နဲ့ ထိန်းချုပ်ခဲ့ကြတယ်။
လူသားတွေရဲ့ Psychological safety
ပြဿနာကိုဖြေရှင်းပေးဖို့ Religion ဆိုတာ
ပေါ်ပေါက်လာတယ်။
အနောက်တိုင်းကနေ Colony ပြုတော့
ပထမဆုံး export လုပ်တာ religion ပဲ။
အာသောကမင်းကြီးလက်ထက်မှာ
Buddhism ကိုပြန့်အောင်လုပ်ခဲ့တယ်။
တရုတ်က သူ့နိုင်ငံနဲ့ ယဥ်ကျေးမှုကိုပြန့်ဖို့ရာ
Confucius Center ဆိုတာလုပ်တယ်။
Empire တစ်ခု တည်ဆောက်ဖို့
philosophy တစ်ခု၊ Belief System တစ်ခုကို
ပြန့်အောင်လုပ်ပြီး
လူအများလက်ခံဖို့လိုတယ်။
Empire တစ်ခုတည်ဆောက်ဖို့
philosophy တစ်ခု၊ ယုံကြည်မှုတစ်ခုကို
ပြန့်ပွားအောင် propagade လုပ်တဲ့အခါ
တချို့ message တွေကို distort လုပ်တာတွေ
ဖြတ်ညပ်ကပ်လုပ်တာတွေ ရှိလာတာရယ်၊
Chinese whispers လို အချိန်ကြာလာတာနဲ့
message က လွဲလာနိုင်တာရယ်ကြောင့်
ဘယ်သူပြောခဲ့တယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့်
မျက်စိမှိတ်ယုံတာ မျိုးမဟုတ်ပဲ
ဦးနှောက်နဲ့ စဥ်းစားပြီးမှ ယူတာမျိုးက
ပိုကောင်းသလို Ray Dalio ပြောသလို
ကိုယ့်ဘဝအတွက် မတူညီတဲ့နေရာတွေအတွက်
မတူညီတဲ့ principles တွေရှိဖို့လိုတယ်။
ဥပမာ ဗုဒ္ဓဘာသာတစ်ယောက်ရဲ့ principles က
5 precepts ငါးပါးသီလဖြစ်မယ်။
ကျွန်တော့်ရဲ့ principles တချို့ရှိတယ်။
၁။ ဘူကောင်တွေကိုရှောင်။
၂။ နေ့စဥ် ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တစ်ခုလုပ်။
၃။ အလုပ်ကိုပိုစိုးပက်စက်လုပ်။
၄။ ဒူပဒေါပခေံ။
၅။ ကျေးဇူးတင်စိတ်နဲ့နေ။
၆။ တစ်မိနစ်ထက်ပို စိတ်မညစ်နဲ့။
၇။ အလုပ်ကို game တစ်ခုလိုလုပ်။
၈။ နေ့စဥ် Daily Saving Goals ထား။
၉။ အနာဂတ်ပြဿနာတွေကို ကြိုတင်ဖြေရှင်းထား။
ဒါကတော့ အများကြီးထဲကတစ်ချို့ဖြစ်တယ်။
ကိုယ့်ရဲ့ principles ကိုသိရင်
အခြေအနေတစ်ခုကို
အမြန်ဆုံးဆုံးဖြတ်ချက်ချလို့ရတယ်။
ဦးနှောက်နဲ့ နှလုံးသား လွန်ဆွဲနေစရာမလိုဘူး။
Phyo Paing @ Derek