Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

AI agent က လက်တွေ့ အဖြေ ဖြစ်လာပါပြီ။

၂၀၂၆ ကတော့ AI Agent တွေခေတ်ပါ။

အရင်လို စကားပြောပြန်ဖြေမဟုတ်တော့ဘူး။
AI agent ဆိုတာ
ကိုယ့်ကိုယ်စား တွေးပြီး
လုပ်ပေးနိုင်တဲ့ ဒစ်ဂျစ်တယ် ဝန်ထမ်းပါ။

ChatGPT ကို မေးရင် ဖြေတယ်။
ဒါ chatbot။

AI agent ကို ခိုင်းရင်
ကိုယ့်ကိုယ်စား အဆင့်ဆင့် စီစဉ်ပြီး လုပ်ပေးတယ်။
ဒါ agent ပါ။

အဓိကကွာတာက
Chatbot က မေးမှ ဖြေတယ်။
မေးတာ ရပ်ရင် ရပ်တယ်။
Agent က ပန်းတိုင် ပြောလိုက်ရုံနဲ့
ဘယ်လို ရောက်မလဲ ကိုယ်တိုင် ရှာတယ်။
အဆင့်တွေ ခွဲတယ်။
Tool ကိရိယာတွေ သုံးတယ်။
မှားရင် ပြန်ပြင်တယ်။
ပြီးတဲ့အထိ ဆက်လုပ်တယ်။

ဥပမာ ပြောရရင် —
“ဒီသီတင်းပတ် ဖောက်သည်တွေဆီ
follow-up email ပို့ပေး” ပြောလိုက်ရုံပဲ။

Agent က ဖောက်သည် စာရင်း ဆွဲထုတ်တယ်။
တစ်ယောက်ချင်းစီရဲ့ ဝယ်ယူမှု ပြန်ကြည့်တယ်။
လိုက်ဖက်တဲ့ email ရေးတယ်။ ပို့တယ်။
ရလဒ် အစီရင်ခံတယ်။

ကိုယ် လုပ်ရတာ ခိုင်းလိုက်ရုံ။

ဒီနေ့ ခေတ်မှာ AI agent တွေ ဘာတွေ လုပ်နိုင်ပြီလဲ ဆိုတော့
သုတေသနပါ လုပ်နိုင်တယ်။
ပြိုင်ဘက်တွေရဲ့ ဈေးနှုန်း၊ ထုတ်ကုန်၊ မဟာဗျူဟာကို
တစ်နာရီအတွင်း စုပြီး အစီရင်ခံပေးတယ်။
အရင်ဆို လူတစ်ယောက် ၃ ရက် ကြာမယ့် အလုပ်ပါ။

အကြောင်းအရာလည်း ဖန်တီးနိုင်တယ်။
ဆောင်းပါး ရေးတယ်။ လူမှုကွန်ယက် post စီစဉ်တယ်။
email sequence ဆွဲတယ်။ ကြော်ငြာ copy ရေးတယ်။

ဖောက်သည် ဝန်ဆောင်မှုလည်း လုပ်နိုင်ပြီ။
ညဘက် ၃ နာရီ မေးလာလည်း ဖြေတယ်။
ဖြေလို့ မရတာ ရှိရင် လူဆီ လွှဲပေးတယ်။

စီစဉ်ခန့်ခွဲမှုလည်း လုပ်နိုင်တယ်။
ချိန်းဆိုမှု ညှိတယ်။ မှတ်စု ရေးတယ်။ follow-up သတိပေးတယ်။

ဒါဆို လူ မလိုတော့ဘူးလား
လိုပါတယ်။

AI agent က “ဘယ်လို” လုပ်ရမလဲ လုပ်ပေးတာ။
“ဘာ” လုပ်ရမလဲ ဆုံးဖြတ်တာ ကိုယ့်အလုပ်ပါ။

မဟာဗျူဟာ ချတာ ကိုယ်။
ဦးတည်ချက် ပေးတာ ကိုယ်။
ဖောက်သည်နဲ့ နက်နဲတဲ့ ဆက်ဆံရေး
တည်ဆောက်တာ ကိုယ်။

AI agent က ကိုယ့်လုပ်နိုင်စွမ်းကို ချဲ့ပေးတာပါ။
ကိုယ့် ဦးနှောက်ကို အကုန်အစားထိုးတာ မဟုတ်ပါဘူး။

ဒီနေ့ အသုံးဝင်ပြီဖြစ်တဲ့ AI agent တွေ အများကြီး ရှိလာပါပြီ။
Claude Cowork, OpenClaw, Vector,
Manus, Minimax, ChatGPT Agent,
စတဲ့ agent တွေအပြင်
Comet, ChatGPT Atlas Browser အသီးသီးမှာ
ကိုယ်ပိုင် အားသာချက်တွေ ရှိပါတယ်။
တစ်ခုချင်းစီရဲ့အကြောင်းယူကျု့ဗီဒီယို link ကို
comment မှာ share ထားပါတယ်။

ကိုယ့်ဘဝမှာ ထပ်ခါထပ်ခါ လုပ်နေရတဲ့ အလုပ် ရှိလား။
ဒါ AI agent အတွက် ဖြစ်ပါတယ်။

ကိုယ့် အချိန် အများဆုံး ကုန်တဲ့
ဒါပေမယ့် ကိုယ့် ကျွမ်းကျင်မှု မလိုတဲ့ အလုပ် ရှိလား။
ဒါလည်း AI agent အတွက် ဖြစ်ပါတယ်။

ကိုယ် အိပ်ချင်ပေမယ့် ဆက်လုပ်နေစေချင်တဲ့ အလုပ် ရှိလား။
ဒါ AI agent အတွက်ပါ။

တစ်ယောက်တည်းနဲ့ team တစ်ခုစာ output ထုတ်ချင်ရင်
AI agent က လက်တွေ့ အဖြေ ဖြစ်လာပါပြီ။

အချိန်ရရင် ရသလို စမ်းသပ်ထားတဲ့အကြောင်းတွေ
ယူကျုမှာတင်ပေးသွားပါမယ်။
Comment မှာ လင့်ပေးထားပါတယ်။

Phyo Paing @ Derek

Share Your Idea!​