လိုချင်တာကို လွယ်လွယ်မရတဲ့
ငယ်ဘဝကို ပိုင်ဆိုင်တာ
ကောင်းတဲ့အချက်ပဲ။
လိုချင်တာ လွယ်လွယ်မရတဲ့အခါ
လိုချင်တာ ရဖို့ “ကြံတတ်၊ ဖန်တတ်” လာတယ်။
ဒီနေ့ခေတ်ကလေးတွေက
ခြေမွေးမီးမလောင်
လက်မွေးမီးမလောင်
လိုချင်တာ အကုန်အလွယ်တကူရခြင်းက
အကောင်းဆုံးပြုစုပျိုးထောင်မှု
မဟုတ်ဘူးလို့ထင်တယ်။
အန္တရာယ်ရေးရာပိုင်းလေ့လာတဲ့ ဆရာကြီး
Nassim Nicholas Taleb နဆင်းနီကိုးလပ်တဲလက်က
ဥပမာ သုံးခုနဲ့ပြတယ်။
ဖိအားရှိတဲ့အခါ ကွဲတဲ့ပစ္စည်း။ ဥပမာ ဝိုင်ခွက်
ဖိအားကြောင့် ဘာမှမဖြစ်တဲ့ပစ္စည်း။ ဥပမာ ရာဘာဘော
ဖိအားကြောင့် ပိုကောင်းလာနိုင်တဲ့အရာ။ ဥပမာ ကြွက်သား
စနစ်တွေရဲ့ ပုံစံက မတူကြဘူး။
လူဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့
ဖွဲ့စည်းထားတဲ့ စနစ်တစ်ခုပဲ။
လုပ်ငန်းဆိုတာ မတူညီတဲ့လုပ်ငန်းဆောင်တာနဲ့
ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ။
ဒီအဖွဲ့အစည်းတွေက အခက်အခဲ
အပြင်ကလာတဲ့ ပြဿနာတွေကို
ကောင်းမွန်စွာတုန့်ပြန်နိုင်တဲ့အခါ
“ကိုယ့်ကို မသေစေတဲ့အရာတွေက
ပိုသန်မာလာစေတယ်တဲ့။”
ဒီ အိုင်ဒီယာကို
antifragility လို့ခေါ်တယ်။
Fragile ဖြစ်တယ်ဆိုတာ
ကျိုးပျက်လွယ်တာ။
အခုလို အသက်အရွယ်မှာ
နိုင်ငံရေး၊ စီးပွားရေး ပြဿနာပေါင်းစုံ
ကြုံတွေ့ရခြင်းကို ကျော်လွှားနိုင်ရင်
နောက် အသက်တွေအိုတဲ့အခါ
ခံနိုင်ရည်က ပိုမြင့်သွားမယ်။
အဲ့လိုပဲ နှလုံးသွင်းလိုက်တယ်။
Phyo Paing @ Derek