Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ATM ဆိုတာကတော့

ကိုယ်ချစ်တဲ့သူကို ဖုန်းဆက်လိုက်တယ်။
ဆက်သွယ်မှု ဧရိယာပြင်ပဖြစ်နေတယ်။
နောက်တစ်နာရီနေတော့လဲ​ ဖုန်းမအားဘူး။
message ပို့တော့လဲ ပြန်မပို့ဘူး။

ဒီအချိန် ကိုယ်ဘယ်လို စဥ်းစားမလဲ။

တချို့က စိတ်ပူမယ်။
တချို့က ဒေါသထွက်မယ်။
တချို့က အားငယ်မယ်။

လူတွေကို စိတ်အညစ်စေဆုံးက
တခြားသူတွေရဲ့ အထင်အမြင်ပဲ။
အဲ့ထဲမှာ အဆိုးဆုံးတစ်ခုက
လျစ်လျူရှုခံရခြင်းနဲ့ ငြင်ဆိုခံရခြင်းပဲ။

ဒါတွေကို ဖြစ်စေတဲ့တရားခံက
အတွေးဖြစ်ပြီး
အတွေးတွေ စုနေတာကို thought bank
လို့ခေါ်တယ်။​

ဒါတွေက ATM လို အလုပ်လုပ်တယ်။
ATM ဆိုတာကတော့ and that means
လူတွေရဲ့ ဦးနှောက်က အခြေနေတိုင်းကို
အကဲလိုက်ဖြတ်နေတယ်။

သူငါ့ကို လမ်းမှာတွေ့တာတောင်
မပြုံပြဘူး။
ငါ့ကို ဘာမကြည်လဲ မသိဘူး။
ငါဟိုနေ့က စကားပြောပဲမှားသွားလို့လား။​
ငါဆိုတာကလဲ အမွဲအဲ့လိုပဲ။

ဒါမှ မဟုတ်
သူငါ့ကို မျက်နှာမွဲမို့လို့ပဲ မပြောချင်တာလား။
လောကကြီးက အဲ့လိုပါပဲ။
ငွေရှိမှ ရမှာ။

အစရှိတဲ့ ကိုယ့်အတွေးနဲ့ ကိုယ်
အဓိပ္ပာယ်ဖွင့်ပြီး တိုင်ပတ်နေတတ်ကြတယ်။

နောက်တစ်ခုက လူတွေရဲ့ဦးနှောက်ထဲမှာ
ကလေးဘဝနဲ့ အတွေ့အကြုံကသင်ပေးလိုက်တဲ့
ယုံကြည်မှုတွေ ရှိတယ်။
ဒါတွေက ကိုယ့်အတွေးတွေကို
looping တိုင်ပတ်စေတယ်။

တချို့က ငယ်ကတည်းက လူတွေကို
အားကိုးလို့မရဘူး။
ကိုယ့်အားကိုယ်ကိုးမှ အရာရာရလိမ့်မယ်။
ဒါမျိုးထင်သလို။​
တချို့က လောကမှာ ကိုယ့်ကို
စောင့်ရှောက်တဲ့သူကတော့ ရှိမှာပဲလို့
စဥ်းစားတဲ့သူရှိလိမ့်မယ်။

တချို့ကလဲ ကံကို အမြဲပုံအပ်တဲ့သူရှိသလို
တချို့ကလဲ​ ဘာမှ သိပ်စဥ်းစားမနေနဲ့
လုပ်စရာရှိတာလုပ်ဆိုတဲ့ သူတွေရှိတယ်။
ဒီ Belief တွေက အရမ်းအရေးကြီးတယ်။​

နောက်တစ်ခုက လူတိုင်းက
အခြေအနေတိုင်းက တရားသူကြီးလို
လိုက် judge လုပ်မိနေတတ်ကြတယ်။
ဒီ judge လုပ်နေရင်းနဲ့ အတွေးစတွေက
တစ်ခုပြီး တစ်ခုထွက်လာတယ်။
ဒီအတွေးတွေပေါ်မူတည်ပြီး
ခံစားချက်တွေ ထွက်ပေါ်လာတယ်။

ငါ့အမေ ငါ့ကို မချစ်ဘူး။
ငါ့အမေငါ့ကို ချစ်တယ်လို့ မခံစားရဘူး။​
ငါ့အမေကတော့ ငါ့ကို မမုန်းလောက်ဘူး။
ငါ့အမေက ငါ့ကိုမချစ်ဘူးလို့ထင်တာ
မှန်လား၊ မှားလားမသိဘူး။

အစရှိတဲ့ အတွေးတွေပေါ်မူတည်ပြီး
ခံစားရတဲ့ ခံစားချက်တွေက မတူတော့ဘူး။

ဥပမာ ကိုယ့်ကို မချစ်တော့တဲ့ သူတစ်ယောက်ကို
ဖုန်းတွေ အထပ်ထပ် ခေါ်နေတာမျိုး
တချို့တွေ ဖြစ်ဖူးကြလိမ့်မယ်။
ဒါက Belief ပေါ်မူတည်ပြီး
fight or flight response activation ဖြစ်ပြီး
ဆွဲလမ်းမှု addiction ဖြစ်သွားတာ။

ငါက ဆွဲဆောင်မှုမရှိလို့လားမသိဘူး။
ငါက လုပ်လိုက်ရင် တလွဲ။
ငါနဲ့ သိတာကြာသွားရင် ပျင်းသွားကြတယ်။​
အစရှိတဲ့ ကိုယ့်ရဲ့ self-concept နဲ့
ယုံကြည်မှုပေါ်မူတည်ပြီး
ဒါကို ဖာထေးဖို့ ဖုန်းဆက်တာ၊
ဆက်သွယ်တာ လုပ်ရင်း
ဒီ အမူအကျင့်ကြီးက addiction ဖြစ်သွားတာမျိုး။

နောက်ဆုံးတရားခံကတော့
အတွေးပဲ။
ဒီအတွေးတွေကို မှန်မှန်ကန်ကန်ထိန်ကျောင်းမှု
ယုံကြည်မှုနဲ့ တွေးတဲ့ framework လိုတယ်။

မဟုတ်ရင် တိုင်ပတ်မှုအပေါင်း
သရဖူအောင်နေရလိမ့်မယ်။

ဒါကတော့ Hold that thought ဆိုတဲ့
စာအုပ်ထဲက ATM ဆိုတာတော့
အကြိုက်ဆုံးပဲ။
And that means တဲ့။

ငါအတည်တင်ထားတဲ့ ပုံကို ဟားဟား
ပေးသွားတယ်။
ဒီကောင်ငါ့ကို ဘာလို့ စောက်မြင်ကပ်နေတာလဲ
မသိဘူး။
အေး ငါလဲ ဘာမလုပ်ရပဲနဲ့။
ငါပဲ စောက်မြင်ကပ်စရာကောင်းလို့လား။
အဲ့လို စဥ်းစားရင် တိုင်ပတ်ရော။

ဒါကြောင့် And That Means ကို
သေချာလေး တွေးတတ်ဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​