ကျွန်တော် ပြိုင်ဆိုင်မှုကို မကြိုက်ခဲ့ဘူး။
ပြိုင်ဆိုင်ရတာ စိတ်ပင်ပန်းတယ်လို့
အမြဲ ယူဆခဲ့တယ်။
ကျောင်းပြီး အလုပ်အတွက်
အင်တာဗျူးဝင်တော့မှ
သိလာတယ်။
ဘဝဆိုတာ resource competition တွေ
လုပ်တဲ့ နေရာပဲဆိုတာ။
Economics ဆိုတာ ဒီလို
supply နဲ့ demand ကြား
ပြိုင်ဆိုင်လုရတဲ့အတွက်
မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်နိုင်အောင်
model တွေနဲ့ ကြည့်တဲ့ပညာရပ်ဖြစ်တယ်။
Biology မှာပဲ ကြည့်ကြည့်
မမျိုးဥနဲ့တွေ့ဖို့ sperm ပေါင်း
သန်းဂဏန်းမှာ ကိုယ်ကစွမ်းခဲ့လို့
လူအဖြစ်ဖြစ်လာတာမဟုတ်လား။
Relationship, Business အကုန်မှာကြည့်ရင်
ဒီ competition က အမြဲဖြစ်နေတယ်။
ဒါကြောင့်လဲ player နှစ်ယောက်အနည်းဆုံးရှိပြီး
well-formed outcome သတ်မှတ်လို့ရတဲ့
အရာတွေအတွက် game theory ဆိုတာ
ပေါ်လာတာပေါ့။
စိတ်ဝင်စားရင် Nash Equilibrium နဲ့
Noble ဆုရခဲ့တဲ့
John Nash အကြောင်းရိုက်ထားတဲ့
Beautiful Mind ဆိုတာ ကြည့်ကြည့်။
ကျောင်းမှာ စာတော်တဲ့သူတွေ
ဘာဖြစ်ကြလဲ?
Competitive ဖြစ်ကြတယ်။
စီးပွားရေးမှာအောင်မြင်တဲ့သူတွေဖြစ်တဲ့
လူတွေ အကုန်ကြည့်ကြည့်
super-competitive ဖြစ်ကြတယ်။
အပြင်က ထုတ်ပြချင်မှ ထုတ်ပြလိမ့်မယ်။
စိတ်ထဲမှာ လုပ်မယ်ဆို
အကောင်းဆုံး ဖြစ်ရမယ်ဆိုတဲ့
ရင်တွင်းက ဆာလောင်မှုတွေရှိတယ်။
ဒီတော့ Average မဖြစ်ချင်ရင်
Competitive ဖြစ်ဖို့လိုတဲ့အချိန်တွေ
ရှိကောင်းရှိလိမ့်မယ်။
Phyo Paing @ Derek