ဘဝ နဲ့ပတ်သက်ရင် လူအများစုက
ဘာမှ မစဉ်းစားဘဲ
ပေးတဲ့ လမ်းကိုပဲ လိုက်သွားတယ်။
ကျောင်းပြီးရင် အလုပ်ရှာ။
အလုပ်ရရင် လုပ်ငန်းလုပ်။
လုပ်ငန်းလုပ်ရင်း ကြီးသွားတယ်။
ဒါပေမဲ့ ဘယ်ကို သွားနေမှန်း မသိဘဲ။
Stephen Covey (စတီဖင် ကိုဗေး) က ပြောခဲ့တယ်။
“Begin with the End in Mind (အဆုံးကိုအမြင်ကနေ စပါ)”
ဆိုလိုတာ က —
ဒီနေ့ ဘာလုပ်မလဲ မမေးခင်
ကိုယ် တစ်နေ့ ဘယ်လို ဆုံးချင်သလဲ မေးပါ။
ကိုယ် သေတဲ့နေ့မှာ
ဘယ်သူတွေ ကိုယ့်ကို မှတ်မိစေချင်သလဲ။
ဘာကိုကြောင့် မှတ်မိစေချင်သလဲ။
ဒါကို အရင် သိမှ
ဒီနေ့ ဘာလုပ်ရမလဲ ရှင်းလာတယ်။
ဥပမာ —
လူတစ်ယောက် အသက် ၈၀ ပြည့်တဲ့နေ့မှာ
ဘဝကို ပြန်ကြည့်တယ်။
“ငါ ဘာတွေ ဖန်တီးခဲ့လဲ”
“ဘာတွေ ပေးဆပ်ခဲ့လဲ”
“ဘာတွေ ရဲဝံ့ စမ်းသပ်ခဲ့လဲ”
ဒီမေးခွန်းတွေ ဖြေလို့ ရတဲ့ ဘဝ ဖြစ်ရဲ့လား။
ဒါမှမဟုတ် —
“ငါ တော်တော် ကြောက်ရွံ့ ခဲ့တယ်”
“ငါ အများ ဘာပြောမလဲ ပဲ ထင်ခဲ့တယ်”
“ငါ ရဲဝံ့ ခဲ့ဖူးတာ တစ်ခါမှ မရှိဘူး”
ဒီနောင်တ မဖြစ်ချင်ရင်
ဒီနေ့ ဘာလုပ်ရမလဲ ရှင်းနေပါပြီ။
လုပ်ငန်းမှာ လည်း အတူတူပဲ။
ဘယ် Destination (ဦးတည်ရာ) ကို ရောက်ချင်သလဲ မသိဘဲ
ဒီနေ့ ဘာဦးစားပေးရမလဲ ဆုံးဖြတ်ချက် မချနိုင်ဘူး။
မဟုတ်ရင် ပင်ပန်းနေပေမဲ့
ဘယ်ကိုမှ မရောက်တဲ့ ခရီးသွားနေတာနဲ့
အတူတူပဲဖြစ်နိုင်တယ်။
Begin with the End in Mind ဆိုတာ
အနာဂတ်ကို ကြိုပြီး ဘဝထဲ ထည့်လိုက်တာပါ။
Phyo Paing @ Derek