ရှာစရာမလိုဘဲ
လာအောင်လုပ်ဖို့
နာမည်တစ်လုံးတည်ဆောက်။
ဒါကို
အမှတ်တံဆိပ်တည်ဆောက်ခြင်း
Branding လို့ခေါ်တယ်။
တချို့နာမည်တစ်လုံးက
လမ်းထဲကလူတွေသိတယ်။
တချို့က ရပ်ကွက်ထဲကသိတယ်။
တချို့က ကိုယ့်မြို့ကသိတယ်။
တချို့က ကိုယ်နိုင်ငံကသိတယ်။
တချို့က တစ်ကမ္ဘာလုံးကသိတယ်။
နာမည်တစ်လုံးဖြစ်အောင်လုပ်တာ
Branding အမှတ်တံဆိပ်တည်ဆောက်ခြင်း။
နာမည်တစ်လုံး လူသိအောင်လုပ်တာ
Marketing မားကတ်တင်း။
နာမည်ကြီးထမင်းငတ် မဖြစ်အောင်လုပ်တာ
Sales အရောင်း။
ထပ်ခါထပ်ခါ ဝယ်အောင်လုပ်ဖို့
ကတိတည်၊ စိတ်တိုင်းကျအောင်လုပ်တာ
Customer service ဝန်ဆောင်မှု။
ငွေမရှာပဲ လာဖို့
လုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်တွေ၊
မားကတ်တင်းဥာဏ်ကြီးရှင်တွေ၊
အမြော်အမြင်ရှိတဲ့သူတချို့က
အမှတ်တံဆိပ်တည်ဆောက်ပြီး
သားသမီး၊ မြေး၊ မြစ်ကို
အမွေပေးတတ်ကြတယ်။
ကိုယ်က ဒီနေ့ပိုက်ဆံပဲရှာနေလား။
အနာဂတ်ပိုက်ဆံအတွက်ပါ
ရင်းနှီးမြုပ်နှံမှုလုပ်နေသလား။
ကွာတတ်တယ်။
လူသိပြီး အနှစ်မရှိလို့လဲမရပြန်ဘူး။
အနှစ်ရှိပြီး လူမသိပြန်လဲမရပြန်ဘူး။
အနှစ်ရှိ လူသိပြီး
ဝင်ငွေမရပြန်ရင်လဲ မဟုတ်ပြန်ဘူး။
ခေတ်ပျက်ပေါင်းများစွာ
ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်တဲ့
အမှတ်တံဆိပ်တွေက ဂုဏ်ယူစရာပဲ။
ဒါကြောင့် ခေတ်ပျက်ကြီးလို့စဉ်းစားမိတိုင်း
ငါတို့ အနာဂတ်အတွက်
ရှေ့ဆက်ရအုံးမယ်လို့သာ စဉ်းစားကြည့်။
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay