အမြဲမေးကြတာ Branding, Marketing, Sale နဲ့ Customer Service ဘာကွာသလဲ?
တခါတလေ ခင်တဲ့သူတွေဆို စနောက်ပြီး စာလုံးပေါင်းကွာတယ်လို့ ပြောလေ့ရှိတယ်။
အလွယ်ကူဆုံးပြောရမယ်ဆိုရင်
✍️Brand အမှတ်တံဆိပ်ဆိုတာ ကတိတစ်ခုပါ။
ဘယ်လိုပုံစံနဲ့ ကတိပေးကြလဲ? ကိုယ့်ကိုမှတ်မိဖို့ Visual Identity တည်ဆောက်ရတယ်။ logo, color, font, အသုံးပြုမည့် stationery အစရှိတာပေါ့။ ပြီးရင် ကိုယ်ရည်ရွယ်သွေးစဉ်းစားရတယ်။ ကိုယ့် အမှတ်တံဆိပ်သာလူတစ်ယောက်ဖြစ်ခဲ့မယ်ဆို ဘယ်လိုလူမျိုးဖြစ်မလဲ? ယောကျာ်းပုံနည်းနည်းပိုပေါက်မလား? ဒါမှမဟုတ် မိန်းကလေးပုံပိုပေါက်မလား? (Vivo နဲ့ Oppo ကိုခွဲကြည့်ရင်သိနိုင်ပါတယ်။) ဘယ်လို ကိုယ်ရည်ကိုယ်သွေးတွေရှိမလဲ? Brand personality လို့ခေါ်ပါတယ်။ ဘာတွေကတိပေးမှာလဲ? စိတ်ချယုံကြည် ဧရာဝတီဆိုတာမျိုးလား?
✍️Marketing က လူသိအောင်လုပ်တာ။ စိတ်ဝင်စားအောင်လုပ်တာ။
ပုံပြင်ပြောတာ။ လူတွေဘာကြိုက်တတ်လဲမေးတာ။ လူတွေကိုယ့် brand ကို ဘယ်လိုမြင်လည်း ပြန်ဆန်းစစ်တာ အစရှိတာတွေပေါ့။ အမှန်တော့ Sales တို့ PR တို့ကို 7P Marketing Communications (Promotion) အောက်ထဲထည့်ထားတာ။ 9P တွေ 11 P တွေဆိုတာကတော့ နောက်လူတွေထွင်တာ။ Positioning ကို 7 P နဲ့ လုပ်တဲ့အခါ Payment တို့ Platform တို့ကတော့ ဒီနောက်ပိုင်းစဉ်းစားလာရပြီပေါ့။
✍️Sale ကတော့ ကတိနဲ့ ငွေနဲ့ လဲလှယ်တာလို့ အတိုကောက်မှတ်လို့ရတယ်။
✍️Customer Service ဆိုတာ ဖူးဖူးမှုတ်ထားတာ၊ King တွေ၊ Queen တွေပြောတာထက် ကတိတည်အောင်လုပ်တာကို Customer Service လို့ခေါ်ပါတယ်။ Customer Service ဆိုတာကလည်း ကိုယ့်လုပ်ငန်းသွားမည့် Strategy ပေါ်အများကြီးမူတည်ပါတယ်။ ဥပမာ ကိုယ်က No Frill strategy နဲ့သွားတာလား? Service ကို differentiation အနေနဲ့သွားတာလားပေါ်မှာမူတည်ပါတယ်။ Air Asia နဲ့ Emirates Airline service ချင်းကွာပေမယ့် သူ့နေရာနဲ့သူက အဆင်ပြေကြတာပဲ။
Phyo Paing @ Derek