Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Business Plan တစ်လခုမှာ ဘာတွေပါရမလည်း?

1. Vision
2. Mission
3. Company
4. Customers
5. Channel
6. Competitors
7. Positioning map
8. External Business Environment Analysis
9. Internal Business Analysis
10. Strategy Formulation
11. Organizational Structure
12. Strategic implementation
13. Financial Projections
14. Action Plan
15. Contingency plan

Business Plan တစ်ခု ဘယ်လိုရေးမလည်း?
ပထမအဆင်.

1. Vision အမြင်

ကိုယ်.စီးပွားရေး လုပ်ငန်းဟာ နောက် ငါးနှစ်နေရင် သို. ဆယ်နှစ်နေရင် ရောက်မည်. အမြင်ကို စစဉ်းစားရပါမယ်။ ဥပမာ Microsoft ကို စတင်တည်ထောင်ခါစက Bill Gate ရဲ. Vision ဟာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။ ကွန်ပြူတာတိုင်းမှာ Microsoft Windows ရှိရမယ်။ အခုဆိုရင် Microsoft Vision အတိုင်း ဖြစ်လာတာ ကျွန်တော်တို.တွေ မငြင်းနိုင်ပါဘူး။

Vision တစ်ခုရေးတဲ.အခါ
✍️အနာဂတ် ငါးနှစ်နဲ. ဆယ်နှစ်ကြားကို အာရုံထားရမယ်။
✍️️ကြီးကြီးတွေးပါ။ အောင်မြင်မှုကို အာရုံစိုက်ထားပါ။
✍️️ပစ္စုပ္ဗန်မှာ ဖြစ်နေသကဲ.သို.ရေးပါ။ လိမ်.မယ်ဆိုတာမျိုးမရေးပါနဲ.။ ဥပမာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။
✍️️ရှင်းရှင်းလင်းလင်းဖြစ်အောင်ရေးပါ။
✍️️စိတ်ခံစားမှုပါ ဖြစ်နိုင်ရင်ထည်.ရေးပါ။
✍️️ဦးနှောက်တွင်ပုံဖော်ကြည်.ပါ။
✍️️ကိုယ်.ဝန်ထမ်းတွေကို ပြောပါ။
✍️️ကျွန်တော်တို. Vision ကို အကောင်ထည်ဖော်ဖို. လိုအပ်တဲ. resources တွေစုဆောင်းပါ။

Business Plan အတွက်လိုအပ်တဲ. ဒုတိယအဆင်.။
2. Mission

စီးပွားရေးအများစုဟာ ကိုယ်.အတွက်ကိုယ်ကို အရင်ကြည်.ကြပါတယ်။ ဒါပေမယ်. လူအများစုဟာ တစ်ကိုယ်ကောင်းဆန်တဲ. စီးပွားရေးလုပ်ငန်းတွေ၊ တစ်ကိုယ်ကောင်းဆန်တဲ.သူတွေနဲ. မဆက်ဆံချင်ကြပါဘူး။ စီးပွားရေးလုပ်ငန်းရဲ. အဓိက ရည်ရွယ်ချက်က အမြတ်ဆိုတာမှန်ပေမယ်. ဖောက်သည်တွေကို အရင်မစဉ်းစားပေးရင် ရေရှည်အောင်မြင်ဖို.မလွယ်ပါဘူး။

Mission ဆိုတာကတော. သမိုင်းပေးတာဝန်ပါ။ Mission ကတော. ကိုယ်.အတွက်မဟုတ်ဘူး။ သူတပါးအတွက်ပါ။ ဥပမာ တစ်ခုပေးရရင် Google ရဲ. Mission က ကမ္ဘာပေါ်မှာ ရှိတဲ. သတင်းအချက်အလက်တွေစုစည်းပြီး လူတွေကို အခမဲ.ပေးချင်တာပါ။ နောက်ဥပမာ တစ်ခုက Alibaba ကို တည်ထောင်တဲ. Jack Ma ရဲ. Mission ကတော. စီးပွားရေး လုပ်ငန်းငယ်လေးတွေကို ကူညီပေးချင်တာပါ။

စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ရတာ မလွယ်ပါဘူး။ တခါတလေ မြတ်မယ်။ တခါတလေ ရှုံးမယ်။ ဒီလောကဓာတ်တွေကို ခံရတဲ.အခါ ငါ.ဖို.ဘဲ ကြည်.တာထက် ကိုယ်ဘာကြောင်.စီးပွားရေး လုပ်နေတယ်ဆိုတဲ. Mission လေးကို သိထားရင် အောင်မြင်ဖို. ပိုကျိန်သေပါတယ်။

Mission တစ်ခုကို ဘာတွေထည်.ရေးရမလည်း?
1. Mission ဆိုတာ Why ပါ။ ကိုယ်ဘာကြောင်.စီးပွားရေးလုပ်လည်းဆိုတဲ. ရည်ရွယ်ချက်။
2. ကိုယ်.ဖို.မဟုတ်။ ကိုယ်. customer သို. ပတ်ဝန်းကျင်အတွက်ပါ။
3. Company ရဲ. ရည်မှန်းချက်ပန်းတိုင်နဲ. မဟာဗျူဟာများဟာ Mission ကလာပါတယ်။

Vision Vs Mission

-Vision က ကိုယ်သွားချင်တဲ. လမ်းကြောင်းပါ။ ဥပမာ Y.E.C Learning Center သည် မြန်မာနိုင်ငံမှာ သင်ယူမှု နဲ.ပတ်သက်လာရင် တီထွင်ဆန်းသစ်မှု အရှိဆုံး သင်တန်းကြောင်းတစ်ခုဖြစ်ရမည်။
– Mission က သူများအတွက်ပါ။ Transforming LIves Everyday. လူသားတွေရဲ.ဘဝကို တီထွင်ဆန်းသစ်တဲ. သင်ကြားမှုတွေနဲ. နေ.စဉ်ပြောင်းလည်းပေးသွားမှာဖြစ်ပါတယ်။

#BusinessPlanMdy
Dr Phyo Paing
ဆက်လက်ဖော်ပြသွားပါမည်။

Share Your Idea!​