ကျွန်တော့်အနေနဲ. ရေးမယ်ရေးမယ်နဲ.တစ်လ လောက်ကြာသွားပါတယ်။ ဒီနေ့တော့ Business Plan ဒုတိယ အပိုင်းကို ရေးသွားပါမယ်။
3. Company (Core Values)
Vision နဲ. Mission ပြီးသွားရင် ဒုတိယပိုင်းအနေနဲ. Core Values လို.ခေါ်တဲ. Company အတွက် အရေးအကြီးဆုံး တန်ဖိုးထားမှုတွေကို သတ်မှတ်ပေးရပါတယ်။ ဥပမာ Buddhism မှာ ငါးပါးသီလ ဟာ အရေးကြီးဆုံးဖြစ်သလို Company တစ်ခု မှာ စောင့်ထိန်းရမည်. ကျင့်ဝတ်တွေ ကို သတ်မှတ်ရပါတယ်။ Japan တွေကတော့ Core Value အစား Credo လို့ခေါ်ပါတယ်။ ဥပမာ Customer Service မှာ စံထားကြတဲ. Zappos ရဲ.အောင်မြင်မှုဟာ Core Values ကြောင့်ဖြစ်တယ်လို့ပြောကြပါတယ်။ မြန်မာပြည်ဖွား အမေရိကားမှာ President Obama ပေးခဲ့တဲ့ စွန်.ဦးတီထွင်ဆုရခဲ့တဲ့ ကို Philip Maung ကလည်း သူ. Company ကို အောင်မြင်စေတဲ.ထဲမှာ Core Values ဟာ အရေးကြီးဆုံးထဲပါဝင်တယ်လို.ဆိုပါတယ်။ ကို Philip Maung ဟာ $13 မှ ဒေါ်လာ သန်း 50 ကျော် Business တစ်ခုဖြစ်တဲ. Hisso Sushi ကိုတည်ထောင်နိုင်ခဲ.ပါတယ်။
အောက်ပါ အချက်များကတော. Core Values နဲ. ပတ်သက်လို. ဦး Philip Maung ရဲ. Talk မှ ကောက်နှုတ်ထားတာဖြစ်ပါတယ်။
” ကုမ္ပဏီ နှစ်မျိုးရှိပါတယ်… ကောင်းတဲ့ကုမ္ပဏီနဲ့ ကြီးကျယ်မြင့်မြတ်သော ကုမ္ပဏီပေါ့…။ ကောင်းတာက ၀င်ငွေတိုးတက်မှုရှိနေပြီး အမြတ်အစွန်းများများရနေတဲ့ ကုမ္ပဏီပေါ့”
” နောက်တစ်ခုက ကြီးကျယ်မြင့်မြတ်သောကုမ္ပဏီ သူကျတော့ ငွေကြေးတစ်ခုတည်းတင် မကတော့ပါဘူး.. ၀န်ထမ်းတွေရဲ့ဘဝနဲ့ ကုမ္ပဏီယဉ်ကျေးမှုတွေပါ ပါ၀င်လာပါတယ် “
ဟုဆိုသည်။
•••
#ကုမ္ပဏီရဲ့_CoreValue
ထိုအချိန်ကစပြီး သူ့ကုမ္ပဏီတွင် ကုမ္ပဏီယဉ်ကျေးမှုဖြစ်သော Core Value သတ်မှတ်ရန် စတင်ခဲ့သည်။ ထိုသို့ သတ်မှတ်ရန်အတွက် သူ့၀န်ထမ်းအားလုံးထံမှ ကုမ္ပဏီကို မည်သည့်ပုံစံ ဖြစ်ချင်သလဲ ဟုမေးခဲ့သည်။ ၀န်ထမ်းအားလုံးမှ အဆိုပြုသော အချက်ပေါင်း ၁၀၀ ကျော်ရရှိပြီး ထိုထဲမှ အားလုံးလုပ်ချင်သည့် ၁၁ ချက်ကို ကုမ္ပဏီ၏ Core Value အဖြစ်သတ်မှတ်ခဲ့သည်။
” Value ကို ဘယ်လိုတည်ဆောက်မလဲ Core Value တွေသတ်မှတ်တဲ့အခါမှာ All Inclusive ပါ၀င်ရမယ် ဆုံးဖြတ်တဲ့အခါမှာတော့ တစ်ယောက် နှစ်ယောက်ကပဲ ဆုံးဖြတ်ရတယ် ဆိုတာတော့ တော်တော်အသုံး၀င်တယ်”
ဟု ကိုဖိလစ်မောင်ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ မြန်မာရှေ့ဆောင်ဘဏ် မှ ဒုတိယ အုပ်ချုပ်မူ့ဒါရိုက်တာ ဦးကျော်စိုးမင်းကဆိုသည်။
သတ်မှတ်ခဲ့သော အချက် ၁၁ ချက်ကို သူအပါအ၀င် အားလုံးက လိုက်နာကျင့်သုံးရန် သတ်မှတ်ခဲ့ကြသည်။ သူ့ကုမ္ပဏီအတွက် သတ်မှတ်ထားသော Core Value နံပတ် ၁ မှာ Service High-Speed and High-Teach ဖြစ်သည်။
နံပါတ် ၁ Core Value နှင့်ပတ်သက်၍ အခုလိုရှင်းပြခဲ့သည်။
” စားသုံးသူတွေကို အဓိကထား ၀န်ဆောင်မူ့ပေးတယ်။ တစ်ခါက စားသုံးသူတစ်ယောက် ဆူရှီစားပြီး ၀မ်းသွားတယ်ပြောတယ်။ ဒါပေမယ့် သူအဲ့နေ့က အစားစုံတယ်ပြောတယ်။ ကျွန်တော်တို့ ဘာမှမမေးဘူး ချက်ချင်း ဆေးခန်းပြပေးတယ်၊ ကျွန်တော်တို့က ဆေးပို့ပေးတယ် နောက်ဆုံး အိမ်သာသုံးစက္ကူတောင် ပို့ပေးတယ်။ ပြီးတော့ ဒေါ်လာ 100 တန်ဘောင်ချာတောင် ပို့ပေးတယ်။ စျေးတွက်တွက်ရင်တော့ မကိုက်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ customers ကို အလေးထားတာ သိစေချင်တယ်”
ဟု ဦးဖိလစ်မောင်ကရှင်းပြခဲ့သည်။
နံပါတ် ၂ Core Value မှာ Inspire and Be Inspire ဖြစ်သည်။ အထက်အောက် ယုံကြည်မှုကို အလေးထား တည်ဆောက်ပေးထားခြင်း ဖြစ်သည်။
” အောက်ကို လုပ်ပိုင်ခွင့်ပေးထားတယ်။ မှားချင်မှားပလေ့စေ။ ပြတ်သားတိကျဖို့လိုတယ်။ ခေါင်းဆောင်က တုန့်နှေးနေရင် အလုပ်မဖြစ်ဘူးလေ။ ယုံကြည်မှုရဖို့ဆိုတာက ခေါင်းဆောင်တွေကလည်း ငယ်သားတွေနဲ့အတူတူ အလုပ်လုပ်ပြီး ယုံကြည်မှုကို ယူမှရမှာ”
ဟု ဦးဖိလစ်မောင်ကရှင်းပြခဲ့သည်။
နံပါတ် ၃ Core Value မှာ Open and Honest Communication ဖြစ်သည်။
“အစပိုင်း ၁၀ နှစ်လောက်က ကျွန်တော်ကရုံးခန်းထဲမှာပဲ ထိုင်နေခဲ့တာ။ ဘယ်သူမှ တံခါးလာမခေါက်ရဲဘူး။ ဒီတော့ သူတို့ဆီက အတွေးအမြင်အသစ်တွေ မရလာဘူး။ နောက် ကျွန်တော်ရုံးခန်းကို အပြင်ထုတ်လိုက်တယ်။ သူတို့နဲ့အတူတူလုပ်တယ်။ အစပိုင်းက အဆင်မပြေဖြစ်ပေမယ့် နောက်ပိုင်းရင်းနှီးလာတာနဲ့ အမျှအဆင်ပြေလာတယ်။ သူတို့ဆီက အကြံဉာဏ်တွေ ရလာတယ်။ ဒါလည်းကောင်းတဲ့အချက်ပဲ”
အခြားသောအချက်များမှာ ကိုယ်လာတဲ့ ပတ်၀န်းကျင်ကို မမေ့ရန်၊ ၀န်ထမ်းတွေကို အလုပ်လုပ်ရင်း ပရဟိတမျှဝေဖို့ပါ သင်ပေးခြင်း၊ ပြသာတစ်ခုခုဖြစ်လာပါက လွဲမချပဲ အားလုံးတိုင်ပင်ပြီး ဖြေရှင်းခြင်း နှင့် အလုပ်လုပ်ရင် Team work ကို အလေးထားစေခြင်း တို့ဖြစ်သည်။
“၀န်ထမ်းတွေကို မန်နေဂျာပုံစံမျိုး မဟုတ်ပဲနဲ့Leader ( ခေါင်းဆောင် ) ပုံစံအုပ်ချုပ်တာ ခိုင်းလို့လုပ်တာ မဟုတ်ဘူး ကိုယ်ကိုတိုင်က လုပ်ချင်လို့လုပ်တာမျိုးဖြစ်အောင် အုပ်ချုပ်တာ”
ဟု ဦးဖိလစ်မောင်၏ ဆွေးနွေးပွဲအား တက်ရောက်နားထောင်ခဲ့သူ မယမင်းခင်း က သုံးသပ်သည်။
=========================================
Company (Identity)
Core Values အပြင်စဉ်းစားရမည်.အရာနောက်တစ်ခုက ကိုယ်. Company က ဘာလုပ်ငန်းလုပ်ကိုင်မှာလည်း ဆိုတာ ဖြစ်ပါတယ်။ Identity အင်မတန်အရေးကြီးပါတယ်။ Apple လို.ပြောလိုက်တာနဲ. Consumer Electronics တွေ ထုတ်လုပ်တယ်ဆိုတာ သိပါတယ်။ Tony Robbins လို.ပြောလိုက်တာနဲ. Motivational Speaker ဆိုတာ သိပါတယ်။ အောင်သမာဓိလို.ပြောလိုက်တာနဲ. ရွှေနှင့် လက်ဝတ်ရတနာ ရောင်းဝယ်ရေးဆိုတာသိပါတယ်။ ဒါကြောင်. လုပ်ငန်းတစ်ခု စလုပ်တဲ.အခါ ကိုယ်. Company နဲ. လုပ်ငန်းနဲ. တွဲမှတ်မိဖို.အဓိက ကျပါတယ်။ Company အောင်မြင်မှ နောက်လုပ်ငန်းချဲ.ပါ။ ဥပမာ KBZ ဆိုရင် လူအားလုံးတွဲမြင်တာ Bank ပါ။ နောက်မှ အာမခံလုပ်ငန်း၊ ဘိလပ်မြေ၊ လေကြောင်းလိုင်းချဲ.တာပါ။ ကိုယ်.ရဲ. Company ရဲ. Identity ကို သေချာသတ်မှတ်ဖို.အရေးကြီးပါတယ်။
Phyo Paing @ Derek