မားကတ်တင်းသမားဆိုတော့
လူတွေကို ခွဲခြမ်းစိတ်ဖြာရတယ်။
အဆင့်အတန်းမခွဲနဲ့ဆိုတာ
မားကတ်တင်းမှာ လုပ်လို့မရဘူး။
ရောင်းတဲ့ကုန်ပစ္စည်းပေါ်မူတည်ပြီး
ဝယ်နိုင်တဲ့လူတန်းစားကွာတဲ့အတွက်
စိတ်မကောင်းပေမယ့်
ဒီ ခွဲခြားမှု segmentation ကြီးကိုလုပ်ရတယ်။
ဒါကနေ တွေ့ရှိချက်အကြီးကြီးတစ်ခုသွားတွေ့တယ်။
ဘဝမှာ စျေးထဲမှာ ဆိုင်ရှေ့ဖြတ်သွားတဲ့
သူတွေကို ”ဘာရှာမလဲမေးပြီး”
မြင်းခေါင်းစွပ်ကျယ်၊ သော့ပုဆိုးရောင်းခဲ့ဖူးသလို၊
ဖုန်းကဒ်၊ ငွေဖြည့်ကဒ်၊ ဖုန်း software ရောင်းဖူးတယ်။
ဆေးကုဖူးတယ်။
အလုပ်ခွင်ဝင်တဲ့သူတွေ၊
လုပ်ငန်းအငယ်၊ အလတ်၊ အကြီး၊ အကြီးကြီး
မျိုးစုံကိုရောင်းလာရင်းနားလည်လာတာ
မားကတ်တင်းမှာပါတဲ့
AOI ဆိုတာ ရေလည်အရေးပါတာ။
A ဆိုတာ စိတ်နေသဘောထား attitude
O ဆိုတာ အထင်အမြင် opinion
I ဆိုတာ စိတ်ဝင်စားမှု interest
Buyer with Power အများစုက
ကိုယ့်အလုပ်ကို ပိုစိတ်ဝင်စားကြတယ်။
Mind Your Own Business (MYOB) ကို
လက်ကိုင်ထားကြတယ်။
ကိုယ်နဲ့ဆိုင်တဲ့အရာတွေမှာ အာရုံကျက်စားတာများတယ်။
နောက်တစ်ခုက Speed of Implementation (SOI)
သိပြီးတဲ့အရာကို အသုံးချမှုပိုင်းမှာမြန်တယ်။
တစ်ခုခုဆို ပြဿနာပေါ်မှာခံစားပြီး
စိတ်ညစ်နေတာထက် သင်ခန်းစာယူတယ်။
What can I learn from this?
ဒီ lesson learning လုပ်ပြီးရှေ့ဆက်တယ်။
ငယ်ငယ်ကဆို ကြီးလာတဲ့ ပတ်ဝန်းကျင်အရ
သူများအကြောင်းအများစုပြောတဲ့
ပတ်ဝန်းကျင်မှာကြီးလာတယ်။
၂၀၁၃ ယောက်တော့ လူတစ်ယောက်နဲ့
စတင်ရင်းနှီးတယ်။
အဲ့အသိုင်းအဝိုင်းမှာ သူများအကြောင်းထက်
ကိုယ့်အကြောင်းပိုစိတ်ဝင်စားတယ်။
ဒီစိတ်ဝင်စားမှုအတူတော့
ငွေကြေးအပြင် ဘဝနေထိုင်မှုကံကြမ္မာပါ
မတူတာတွေ့ရတယ်။
အဲ့နောင်ပိုင်း MSL လို့ခေါ်တဲ့
MYOB ရယ်၊
SOI ရယ်၊
Lesson learning ရယ်
ဒီသုံးခုကို ကျင့်သုံးပြီးဘဝကိုဖြတ်သန်းကြည့်တယ်။
တော်တော်လေး နေရထိုင်ရမိုက်လာတယ်။
Phyo Paing @ Derek