“ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်ပါ
ဒါမှ မဟုတ်
လုပ်တဲ့ အလုပ်ကိုချစ်ပါ။”
ဒါဆေးကျောင်းသားဘဝက
နံရံမှာ အကြီးကြီးရေးထားတဲ့စာဖြစ်တယ်။
တရုတ်နဲ့ အမေရိကား ယဥ်ကျေးမှုကကွာတယ်။
အနောက်တိုင်းမှာက Do what you love
တရုတ်မှာက Love what you do ဖြစ်တယ်။
American Values ပေါ်မူတည်ပြီး
လူတွေအတွက် နိုင်ငံရှိနေတယ်။
တရုတ်ပြည်မမှာက လူတွေက
နိုင်ငံအတွက် တည်ရှိနေတယ်။
ဒီ တန်ဖိုးထားမှု lens ကွာတယ်။
ကိုယ်ချစ်တဲ့အလုပ်ကို လုပ်ဖို့
2017 ကစလို့ စင်ပေါ်မှာ ဟောပြောချင်တဲ့အတွက်
speaker တွေ အစီအရီထွက်လာခဲ့တယ်။
သူတို့ရဲ့ passion နောက်ကိုလိုက်ဖို့
တချို့ဆို သိန်းရာနဲ့ချီရင်းပြီး
follow your passion လုပ်ကြတယ်။
တချို့တွေ အောင်မြင်တယ် တချို့တွေ
ထင်သလောက် ခရီးမရောက်ခဲ့ကြဘူး။
ဘာကြောင့်လဲ?
ဒါကတော့ ကိုယ့်ရဲ့ Skill ဟာ စျေးကွက်မှာ
ရှားပါးမနေတာ၊ တန်ဖိုးအထားမခံရတာ
ကြောင့်ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကိုယ့်ရှေ့မှာ
ကိုယ့်ထက်ပို skill ကြမ်းတဲ့လူတွေရှိနေတာ
စျေးကွက်သဘောကြောင့်ဖြစ်ပါတယ်။
ဒါကို Cal Newport က
Career Capital လို့ခေါ်ပါတယ်။
Cal Newport ဆိုတာ Deep Work တို့၊
So good they can’t ignore you တို့လို
စာအုပ်တွေ ရေးခဲ့တဲ့ စာရေးဆရာပါ။
MIT မှာ post-graduate အတွက်လုပ်ရင်း
passion hypothesis ကို လေ့လာရင်း
So good they can’t ignore you ကို
ရေးခဲ့တာပါ။
လွန်ခဲ့တဲ့ ၁၁ နှစ်က Google Talks မှာ
ပြောတဲ့ video တစ်ခုလဲရှိတယ်။
စိတ်ဝင်စားရင် ကြည့်ကြည့်ပါ။
Career Capital ဆိုတာ
rare and valuable skills ဖြစ်ပါတယ်။
ကျွန်တော် ဒီ marketing နယ်ပယ်ထဲမဝင်ခင်
၂၀၁၂ June ကစလို့ ကြိုတင်ပြင်ဆင်ရပါတယ်။
အဲ့အချိန်မှာ Diploma သင်တန်းတွေတက်တာ၊
MBA တက်တာကို အလုပ်တစ်ဖက်နဲ့ လုပ်ရသလို
Part-time စာသင်ပါတယ်။
၂၀၁၅ ရောက်တော့ ကိုယ်တိုင်သင်တန်းကျောင်း
စတင်ဖြစ်ပါတယ်။
Textbook ထဲက ကြိုက်တာမေး ဘယ်နေရာရှိလဲ
ချက်ချင်းပြန်ပြောလို့ ရတယ်ဆိုတာ
ဆေးကျောင်းသားဘဝက accelerated learning
ပြင်ဆင်ထားလို့အပြင်
စလုံးမှာ သင်တန်းတစ်ရက် $1500 တန်တွေမှာ
ရင်းနှီးထားတာတွေလဲ အများကြီးပါပါတယ်။
စျေးကွက်ထဲမှာ rare and valuable ဖြစ်ဖို့ဆိုတာ
ကိုယ့် skills က ရှားပါးသလား၊
လူတွေတန်ဖိုးထားသလား?
တနည်းအားဖြင့် ကိုယ့်ကျွမ်းကျင်မှုအပေါ်
ငွေသုံးသလားဆိုတာ မေးကြည့်ပါ။
CD baby ရဲ့ founder Derek Silvers ပြောသလို
ငွေမရတဲ့ project ကို pursuit မလုပ်ဘူးတဲ့။
ဘာကြောင့်လဲဆို လူတန်ဖိုးမထားလို့တဲ့။
သူပြောတာလဲ မှန်သင့်သလောက်မှန်တယ်။
Passion နောက်လိုက်ဖို့ထက်
ကိုယ်လုပ်နေတဲ့အလုပ်ကို ဆရာကျအောင်လုပ်ပြီး
Career capital တည်ဆောက်ဖို့က
အရမ်းအရေးကြီးပါတယ်။
ဒီလိုတည်ဆောက်ဖို့ ကြိုတင်ပြင်ဆင်ပြီး
သေချာအချိန်ယူ လေ့ကျင့်ဖို့လိုပါတယ်။
Deliberate practice ပါ။
တစ်ရက်ကို စာ ၆ နာရီသင်ရင်
တစ်နှစ်ကို ၂၁၉၀ နာရီ၊
ငါးနှစ်ကို နာရီပေါင်း ၁၀၉၅၀ ဖြစ်ပြီ။
ဒါကြောင့် ၂၀၁၃ ကစပြီး
နာရီပေါင်း ၁၀၀၀၀ ပြည့်အောင်
သင်ကြားရေး journey စတင်ခဲ့တယ်။
၂၀၁၈ က စတင်လို့ coaching
နာရီ ၁၀၀၀၀ journey စတင်နေတယ်။
Phyo Paing @ Derek