Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Change your story,
change your life.

ဘဝတစ်ခုမှာ
ဇာတ်ကောင်တစ်ခုရမယ်။
ခန္ဓာတစ်ခု၊
မိဘ၊ ဆွေမျိုး၊ လူမျိုး၊ နိုင်ငံ
နောက်ခံသမိုင်းကျောင်းတစ်ခုရမယ်။

ဒီဇာတ်ကောင်ကို ထိန်းချုပ်လို့ရတဲ့
အသိဥာဏ်တစ်ခုရမယ်။

အတိတ်ကိုပြောင်းလို့မရပေမယ့်
အနာဂတ်ကိုပြောင်းလဲလို့ရမယ်။

အနာဂတ်ကိုပြောင်းဖို့
ပုံပြင်အသစ်လိုတယ်။
အတိတ်ကပြောနေကျပုံပြင်တွေက
စွန့်ခွာနိုင်ဖို့လိုတယ်။

ကိုယ့်ကိုကိုယ်ပြောနေတဲ့ပုံပြင်တွေ
ပြောင်းလဲနိုင်တဲ့အခါ
ဇာတ်ကောင်ရဲ့ရပ်တည်မှုကို
အဓိပ္ပာယ်ဖွင့်တဲ့ပုံစံပြောင်းသွားလိမ့်မယ်။

လူအများစုက အတိတ်၊
ဟိုဟောင်းနေတဲ့
ယဥ်ကျေးမှု၊ ထုံးတမ်းစဥ်လာ၊
အမြင်ဟောင်းကြီးထဲက
ထွက်ဖို့ ရုန်းကန်နေကြရတယ်။

Change your story,
change your life ဆိုတာလဲ
ကြားဖူးလိမ့်မယ်။

ဦးနှောက်ထဲမှာ Reticular activating system (RAS)
ဆိုတာရှိတယ်။
အရေးကြီးတာ၊ အရေးမကြီးတာကို
ဇကာစစ်ပေးတယ်။
ကိုယ်ယုံကြည်တဲ့အတိုင်း
အရေးကြီးတာကိုတွေ့စေတယ်။

ဘဝကြီးက ခက်ခဲတယ်ဆို
ခက်ခဲတဲ့အရာတွေကိုပဲပြေတယ်။
ဘဝမှာ အခွင့်အလမ်းတွေရှိတယ်။
ငွေဆိုတာရှာရလွယ်တယ်ဆို
အရမ်းခက်ခဲတဲ့နေရာမှာတောင်
အခွင့်အလမ်းတွေတွေ့နိုင်တယ်။
ရှင်းပြတာ မော်တီဗေးရှင်းနယ်စပီကာများ
ဆန်သွားသလား။
အဲ့လိုပဲ။

ကိုယ့်ဘဝကို ဂိမ်းကစားနေသလိုစဥ်းစားကြည့်။
ဇာတ်ကောင်ရဲ့ပုံစံပြောင်းချင်ရင်
ကိုယ့်ကိုကိုယ်ပြောနေတဲ့ပုံပြင်ပြော။

Phyo Paing @ Derek

Share Your Idea!​