၁။ ကိုယ့်အကြောင်းပြောတာမျိုး ဖြစ်နိုင်ရင် မလုပ်ပါနဲ့။ မမေးရင် လုံးဝ မပြောပါနဲ့။
၂။ Coaching ဆိုတာ ဆွေးနွေးတာမဟုတ်ပါ။ Client ကို introspection လုပ်ခြင်းမှာ ကူညီပေးတာဖြစ်ပြီး အဖြေရဖို့ အတူတူသွားတဲ့အတွက် powerful questions တွေ မေးရတယ်။ မမေးရင် မဖြေပါနဲ့။
၃။ အပေါ်ယံ မဆန်ပါနဲ့။ Coaching သည် client နဲ့ လုပ်ဆောင်မည့် strategy နဲ့ တစ်သားတည်းကျ alignment ညီဖို့အတွက် စဥ်းစားတဲ့ ပုံစံ mental model, တန်ဖိုးထားမှု values နဲ့ ယုံကြည်မှု belief, အခြေခံယူဆချက် assumptions များကို သေချာမေးမြန် သိရှိအောင်လုပ်ပြီး အကိုက်ညီဆုံး မဟာဗျူဟာကို အတူတကွရွေးတဲ့အတွက် deep down ဖြစ်ဖို့လိုပါတယ်။
၄။ ကိုယ့်မှာ တခြား agenda မရှိရ။ Coach တစ်ယောက်ရဲ့ တာဝန်က client ရဲ့ အကျိုးစီးပွား ပထမဖြစ်ရမယ်။ တခြား agenda တွေဖြစ်တဲ့ ကိုယ့် product/ service ကို ထပ်ရောင်းဖို့ ရည်ရွယ်တာကို ဦးစားပေးတာမျိုး ရှောင်ဖို့လိုတယ်။ Coaching လုပ်တဲ့ foundation အခြေခံဖြစ်တဲ့ trust နဲ့ rapport မရှိရင် coaching မအောင်မြင်နိုင်ပါ။
၅။ Judge အကဲဖြတ်ခြင်း လုံးဝမလုပ်ရ။ ဝေဖန်ခြင်းလုံးဝ မလုပ်ရ။ ဒါက မျက်နှာပေါ်မှာ ပေါ်တတ်ပါတယ်။ Coach တစ်ယောက်က client နဲ့ “we are in the same team” ဒီစိတ်နဲ့ သွားရပါတယ်။ ဝေဖန်ခြင်း လုံးဝမလုပ်ရပါ။ ကိုယ်ချင်းစာစိတ် အပြည့်ရှိဖို့လိုပါတယ်။
၆။ Coach သည် ဆရာမဟုတ်ပါ။ Coach သည် serve လုပ်ရသည့် thinking partner ဖြစ်ပါတယ်။ Trainer မဟုတ်ပါ။ Teacher မဟုတ်ပါ။ လူသုံးယောက်ကို coaching လုပ်တဲ့အခါ ဆွေးနွေးမှု ငြိနှိုင်းပေးတဲ့ facilitator မဟုတ်ပါ။ Coach သည် client နဲ့ level တူ thinking partner ဖြစ်တယ်ဆိုတာ သတိထားဖို့လိုပါတယ်။ နောက် group coaching လုပ်တဲ့အခါ ကိုယ်လုပ်မည့် group coaching အတွက် plan နဲ့ content လိုပါတယ်။
၇။ ကိုယ်ကပဲ ပြောတာ မလုပ်ပါနဲ့။ နားလည်ဖို့ နားထောင်ပါ။ ရင်ဖွင့်အောင် မေးခွန်းမေးနည်း အတတ်ပညာ တတ်ဖို့လိုပါတယ်။ စဥ်းစားခြင်းပညာတတ်ဖို့လိုပါတယ်။
ဒါကတော့ ကိုယ်ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ
ရှောင်းရှားရမည့် အချက် ၇ ချက်ကို
Health and Wellness ပဲဖြစ်ဖြစ်၊ Fitness Coach,
Marketing, Business, Life ဘာ coach ဖြစ်ဖြစ်
သုံးလို့ရအောင်
Coach အားတီ၊ အားမေ တို့အတွက် မျှဝေပေးလိုက်ပါတယ်။
Phyo Paing @ Derek