ဒါမျိုးကြုံဖူးလားမသိဘူး။
တခါတလေ ငါဒါလုပ်လိုက်ရင်ကောင်းမယ်။
အကြံက ကောင်းတယ်။
လုပ်ကြည့်တဲ့အချိန်ကျတော့
ကိုယ့်ခံစားချက်က ကောင်းမနေဘူး။
ဥပမာ တချို့လူတွေအတွက်
ကိုယ့်မျက်နှာကြီးနဲ့ ဗီဒီယိုရိုက်ပြီး
လုပ်ငန်းအကြောင်းသိအောင်လုပ်တာ
ဖြစ်ရင်ဖြစ်မယ်။
တချို့အတွက်ကျတော့
နေရာအသစ်မှာ အေးဆေးလေးနေမယ်
စဥ်းစားတယ်။
တကယ်တမ်းနေတော့လဲ
စိတ်တိုင်းမကျနေပြန်သေးဘူး။
လေ့ကျင့်ခန်းလုပ်မယ်။
ပြီးရင် အပြောင်းအလဲဖြစ်မယ်
ကောင်းတဲ့အကြံပဲ။
တကယ်သွားလုပ်တော့
မောလိုက်၊ နာလိုက်နဲ့
ကိုယ်နဲ့ တစ်သားတည်းမကျပြန်ဘူး။
ဒါက alignment သဟဇာတ
မဖြစ်တဲ့ သာဓကတစ်ခုဖြစ်ပါတယ်။
လူတစ်ချို့ကတော့ အခုပြောတာကို
ဆက်စပ်ခံစားမိလိမ့်မယ်။
ဘာကြောင့် ဒီလိုဖြစ်နေသလဲဆိုရင်
“ငါဘယ်သူလဲ” ဆိုတဲ့
ခံယူထားတဲ့ identity ကို
တည်ဆောက်ထားတဲ့ အရာနဲ့
“အတွေး”၊ “အကြံ”၊ “အလုပ်”
တစ်သားတည်းမဖြစ်နေလို့ဖြစ်ပါတယ်။
ဥပမာ ငါက အားကစားသမားတစ်ယောက်လို့
ခံယူထားတဲ့သူက
အားကစားလုပ်တာကို
တွေး၊ ကြံ၊ လုပ်တာ
သူ့အတွက် သဟဇာတဖြစ်တယ်။
ငါက “အလုပ်ဖြစ်တာကို လုပ်တဲ့သူ”လို့
စဥျးစားလိုကျတဲ့အခါ
အတွေး၊ အကြံ၊ အလုပ်က
personal brand တည်ဆောက်ရတာ
မကြိုက်ဘူး။
ဒါပေမယ့် လုပ်ငန်းအတွက်လိုလာရင်
လုပ်လိုက်နိုင်တယ်။
အမြင်သာဆုံးကြည့်ရင်
Elon Musk ကို ကြည့်လို့ရတယ်။
ဟိုးအရင်ပုံစံကိုကြည့်ရင်
လူတွေကို ရှက်တတ်ပုံစံ introvert လေး။
နောက်ပိုင်း သူ့ပုံစံပြောင်းသွားတယ်။
သူ့လုပ်ငန်းအောင်မြင်မှုကြောင့်ဖြစ်နိုင်သလို၊
ဖြစ်ချင်တဲ့
သူ့လုပ်ငန်းတွေရဲ့အတားအဆီးကိုဖယ်ဖို့
သူ့ personality ကိုယ်ရည်ကိုယ်သွေးတွေကို
သူ့ရဲ့ရည်မှန်းချက်က
ကျော်သွားတာလဲဖြစ်နိုင်တယ်။
Cognitive Behavior Therapy (CBT) မှာ
Thought -> Feeling -> Action ဆိုတာရှိတယ်။
အတွေး၊ ခံစားချက်၊ အလုပ်။
ကိုယ့်အတွေးမှာ
“ငါဘယ်သူလဲ” အရင်မေးပြီး
တချို့အလုပ်တွေ လုပ်တဲ့သူတွေရှိတယ်။
တချို့က “ငါရချင်သလဲ” မေးပြီး
ငါလိုချင်တာရဖို့
“ဘယ်လိုလူဖြစ်ဖို့လိုမလဲ”
ဒီလိုစဥ်းစားတဲ့သူရှိတယ်။
ဗုဒ္ဓ အဆုံးအမမှာလဲ
ငါဆိုတာမရှိဘူး။
အနတ်တ။
ဒီတော့ ကိုယ့်ကိုကိုယ်ရနေတဲ့အရာတွေကို
မပျော်တော့ရင်
“ငါလိုချင်တာရဖို့ ဘယ်လိုလူဖြစ်ဖို့လိုမလဲ”
ဒီမေးခွန်းမေးကြည့်လို့ရတယ်။
Phyo Paing @ Derek