Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

Computer ဆိုတာ ငွေရိုက်စက်ပဲ။

ဒီ laptop တစ်လုံးကို
Money-making machine
ငွေရိုက်စက်လို စမြင်တာ
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က။

တရုတ်ပြည်က ICBC bank ကိုသွားတယ်။
အကောင့်ဖွင့်တယ်။
Post တင်ပြီး တရုတ်က ပစ္စည်းတွေ
ဝယ်ပေးတယ်။

၂၀၁၄ မှာ Redmi 1S တွေကို
$13 Facebook က boost လုပ်ကြော်ငြာရင်
တစ်ရက် အလုံး ၁၀၀ ကျော်ရောင်းရတယ်။
တစ်လုံး ၁ သောင်းလောက်မြတ်တော့
မားကတ်တင်းရဲ့ အစွမ်းအစကိုသိသွားတယ်။

နောက်ပိုင်းလူတွေအပြိုင်းစျေးလျော့တော့
ကိုယ်တိုင် စိတ်ကြိုက်စျေးသတ်မှတ်လို့ရတဲ့
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေပဲဖန်တီးမယ်ဆိုပြီး
သင်ကြားရေး လောကထဲ ခြေစုန်ပစ်ဝင်တယ်။
နောက်အကြံပေးတာ၊
Website, App ဖန်တီးတာ၊
Digital Transformation အပိုင်းကူညီပေးတာ
Marketing နဲ့ Strategy မဟာဗျူဟာချမှတ်တဲ့
အပိုင်းကူညီပေးတဲ့အပိုင်းရောက်လာတယ်။

ကွန်ပြူတာကို ငွေရိုက်စက်ပြောင်းလို့ရတဲ့
ယေဘူယျ အလုပ်နှစ်ခု ရှိတယ်။
တစ်ခုက Trading လုပ်တာ၊
ငွေကြေးဝယ်ရောင်း Curreny Trading
နောက် Stock Trading တို့
Crypto Trading တို့။
ကိုယ်က အဲ့အပိုင်း မကျွမ်းဘူး။

တစ်ခုခု ဖန်တီးပြီး လူတွေကို အကျိုးပြုတဲ့
သေသွားရင်တောင် ထားခဲ့လို့ရမည့်
ပညာရေး၊ နည်းပညာ၊ စိတ်ပညာနဲ့ မားကတ်တင်းနဲ့
သက်ဆိုင်တဲ့ အလုပ်တွေပဲလုပ်ချင်တယ်။
ဒါကြောင့် Transforming lives
through education and technology ဆိုတဲ့
mission သမိုင်းပေးတာဝန်နဲ့ ဒိုးလာတာ။

ဒါတွေကို ဖန်တီးပေးတာ Internet နဲ့ laptop ပဲ။
ဒါကြောင့် အမြဲပြောတာ
စာသားကို ငွေသားအဖြစ်ပြောင်းဖို့
ကြော်ငြာရေးနည်းသင်ပါ။
ကွန်ပြူတာကို ငွေရိုက်စက်အဖြစ်ပြောင်းပါ။

ဘယ်အတတ်ပညာမဆို အချိန်တစ်ခုပေးရတယ်။
ငါးနှစ်လောက် အနည်းဆုံးပေးမယ်လို့စဥ်းစား။
ဒါမှ စောက်ဆရာကြီး level ရောက်မှာ
အားတီ၊ အားမေတို့။

Phyo Paing @ Derek

Share Your Idea!​